အရူးလွယ်အိတ် ရေးသူ - မှော်ဘီဆရာသိန်း
အရူးလွယ်အိတ်
ရေးသူ - မှော်ဘီဆရာသိန်း
ရှေးလူကြီးသူမ များက ပညာရှာ ပမာ သူဖုန်းစားလို့ ပမာနှိုင်းခဲ့သလို
ပညာလိုသူတို့သည် အရူးကဲ့သို့ ကျင့်ကြံရမည်လို့လည်း သြ၀ါဒ ဥဒါန်း ထားခဲ့ကြပါတယ်
အဓိပ္ပါယ်ကတော့...
ပညာရှာမှီးသူတို့ဟာ တက်ကြွမာနစိတ် မထားပဲ အလျဉ်းပယ်စွန့်နိုင်မှ
အလိုရှိရာပညာကို ရနိုင်ကြမှာဖြစ်ပါတယ်
ကန်တော်မင်းကျောင်းမေတ္တာစာမှာ ဖော်ပြထားတာက
ပညာကိုလိုသော်၊ ပညာရှိကိုယှဉ်
မေးစဉ် နေ့ညဥ့်မပြတ်၊
အဖတ်အအံ၊ အကြံအရေး၊
ရှေးရှေးပုံဆောင်၊ ရူးကျွန်ပြု၍ကပ်၊
သွပ်ချွန်ပြု၍ ချောင်း ဟူရာဝယ်
ပညာရရာသော အကြောင်းကိုးပါးကို မိန့်တော်မူခဲ့ပါတယ်
အရူး သို့တည်းမဟုတ် စိတ်ပေါ့သွပ်သူ သို့တည်းမဟုတ် စိတ်လေလွင့်သူ...
စသူတို့ကား ရောက်တတ်ရာရာ ထင်ရာမြင်ရာ တွေ့ကရာ လျောက်သွား
တွေ့ရာမြင်ရာ ကောက်ယူ
လွယ်အိတ်စုတ်ထဲ စုပြုံသွပ်သိပ်ထည့်
လွယ်အိတ်ဖောင်းကားနေတော့ တနေရာထိုင် ရယ်ပြုံး သီဆိုရင်းနဲ့
လွယ်အိတ်ထဲက ပစ္စည်းအစုံကိုထုတ်
စားစရာတွေ့ စား၊ အလိုရှိရာဆွဲထုတ်ရွေးချယ် ပိုတာ လွှင့်တန်လွှင့်
ပြန်ထည့်ချင်ထည့်နဲ့လုပ်တတ်ကြပါတယ်
ဒီ အရူးလွယ်အိတ် စာတမ်းမှာ ဆရာကြီး မှော်ဘီဆရာသိန်း မှတ်သားစုဆောင်းခဲ့တဲ့
စာတို စာစ၊ ကဗျာတို ကဗျာစတွေအပြင်
စာတို စာစ၊ ကဗျာတို ကဗျာစတွေအပြင်
စာအဖတ်မတတ်က လူရယ်စရာဖြစ်ပုံသာဓကမျိုးစုံ၊
လက်တန်းဥာဏ်နဲ့ စာချိုးတတ်ကြတဲ့ ဖိုးသူတော်ဦးမင်း၊ လူဦးမင်း စတဲ့
ကဗျာစာပေသုတတို့အပြင်
မြန်မာစာပေသမိုင်း ခေတ်ဟောင်းနဲ့ ခေတ်သစ် ချိတ်ဆက်ပေးနိုင်ခဲ့တဲ့ စာပေကွင်းဆက်တွေကိုလည်း
ဖတ်ရှုလေ့လာနိုင်မှာဖြစ်ပါတယ်
ဒီ ရှားပါးစာအုပ်ကောင်းကို တကူးတက PDF ပြုလုပ်လှူဒါန်းတဲ့
ကိုစည်သူဖြိုးကို ကျေးဇူးအထူးတင်ပါတယ်ရှင်
အရူးလွယ်အိတ် ရေးသူ - မှော်ဘီဆရာသိန်း
Reviewed by Unknown
on
Monday, April 11, 2016
Rating:
Reviewed by Unknown
on
Monday, April 11, 2016
Rating:

No comments