ကြက်ဋီကာ - သော်တာဆွေ
ကြက်ဋီကာ
ရေးသူ-သော်တာဆွေ
တစ်ခေတ်တစ်ခါက...
ဆရာသော်တာဆွေဆိုရင်စာရေးကောင်းရုံ
သာမက တကယ့်ကြက်ဝါသနာအိုးအဖြစ်
စာပေဝါသနာရှင်တွေသိခဲ့ကြတာပေါ့...
ဘဝမျိုးစုံကျင်လည်ခဲ့သူပီပီ အတွေ့ အကြုံ
တွေကလည်းများပြားစုံလင်လှပါတယ်။
အကြုံတွေဖောက်သည်ချထားတာပါ။  မိုးအကုန်ဆောင်းအကူးကာလဆိုရင်
တိုက်ကြက်ဝါသနာအိုးတွေဟာ သူတို့ ကြက်တွေကို သ  နေကြပါပြီ.. ။ ခွပ်လက်ကလေးပြကြ.. အတက်စွယ်ကလေး
သကြ.. အားအင်ပြည့်နေအောင် အမဲခြောက်
ရေကိုင်ပေးရတာကတစ်နည်း.. အစာကိုတောင်
နှုတ်နာမှာစိုးလို့  အဝတ်ပိတ်ခင်းထားတဲ့ 
ခွက်ထဲမှာ  ဆန်ကြမ်းကိုကျွေး ...လို့  ကြက်ချေးတောင်နေ့ စဉ်
စစ်ဆေးနေကြရတာပါ။ တစ်ချို့ များကြက်ကိုခြင်ထောင်နဲ့ သိပ်တာ ခင်ဗျ။
တကယ့်ကြက်သမားစစ်စစ်တွေဟာ...
ကြက်ကို အိမ်သူသက်ထားထက်တောင်
ဂရုစိုက်တာ... တိုက်ခါနီးကြက်ကို မျက်စေ့
အောက်ကအပျောက်မခံဘူးဆိုရင်.. မယုံမရှိကြပါနဲ့ .. ။ ကြက်ကလည်း တကယ်
ကောင်းပြီဟေ့ဆိုရင်.. နေ့ ချင်းညချင်းလှည်း
နဲ့ နွားနဲ့  လယ်နဲ့ ဖြစ်သွားနိုင်တာကိုးးး။
ဒီစာအုပ်မှာ.. ဆရာက ကြက်သမားတွေအကြောင်း ကြက်တွေအကြောင်းစုံလင်စွာရေးသားထား
ပါတယ်..။ ကြက်ဋီကာ ဆိုတဲ့စာအုပ်ကိုမှ
များလှပါတယ်။ online မှာ ရှာလို့ ဖွေလို့ ကလည်းမရ... အပြင်မှာ .. စာအုပ်ရှာဝယ်ပြန်လည်းမတွေ့ ဆိုတော့
တင်ပြရန်ခက်ခဲနေခဲ့ရပါတယ်။
မြန်မာအင်တာနက်စာကြည့်တိုက်ရဲ့
အမြဲထာဝရ မိတ်ဆွေတစ်ဦးဖြစ်သူ..
မဟယ်လင်ဝင်း  ကပဲ pdf   ပြုလုပ်လှူဒါန်း
ခဲ့တာကြောင့် ဒီစာအုပ်လေးကိုစာချစ်သူများ
ထံသို့ မျှဝေပေးနိုင်ခဲ့တာပါ။
ကျနော်ဆို .. မဟယ်လင်ဝင်းကို ဘယ်လိုကျေးဇူးစကားဆိုရမယ်မသိအောင်ကို
ကျေးဇူးတင်နေမိတာပါ။
ခုတော့ ဒီစာအုပ်လေးကိုမျှော်ကြသူအားလုံး
ပျော်နိုင်ကြပါပြီ... ဒီပျော်ရွှင်မှုတွေနဲ့ 
တူမျှတဲ့အကျိုးပီတိအား ...( သူမ).. ခံစား
သိရှိသွားပါစေလို့ ဆန္ဒပြုရင်းဖြင့်...။
ဒီမှာ   download   ပါ။
ကြက်ဋီကာ - သော်တာဆွေ ကြက်ဋီကာ - သော်တာဆွေ Reviewed by Unknown on Tuesday, October 06, 2015 Rating: 5
No comments