နမ်းမှာလား​မောင်​ရဲ့ ​မွှေးတယ်​ရှင်​နှင့်​အခြားဝတ္ထုတိုများ_နုနုရည်​အင်းဝ




   နမ်းမှာလား​မောင်​ရဲ့  ​မွှေးတယ်​ရှင်

     နှင့်

 အခြားဝတ္ထုတိုများ

ရေးသူ_ နုနုရည်​အင်းဝ



(…. ခိုင်စပယ်ဆောင်ရှေ့။ သောကြာနေ့… ညနေငါးနာရီ...)

“သွားတော့လေ… မောင်…၊ မိတာ အဆောင်ပေါ် တက်တော့မယ်”
“ခဏလေးပါ မိတာရယ်၊ ငါးနာရီတောင် မခွဲသေးပါဘူး”
“ဟုတ်ဘူးလေကွာ မောင်ကလဲ။ ဒီမှာ မိတာ ရေလဲ မချိုးရသေးဘူး။ အဝတ်အစားလဲ မထည့်ရသေးဘူး။ တော်ကြာနေ လာတော့မှာ”
“ဟင့်အင်းကွာ။ ဆယ်မိနစ်… ဆယ်မိနစ်။ နောက်ထပ် ဆယ်မိနစ် မိတာ နေရဦးမယ်။ ခြောက်နာရီထိုးမှ လာမှာကိုများ။ ခုမှ အစောကြီး ရှိသေးတယ်”

ခက်လိုက်တဲ့ မောင်ရယ်။ မိတာ ဘာများ တတ်နိုင်ဦးမှာလဲ။ မိတာလက်ကို အတင်း ဆုပ်ထားတဲ့ မောင့်မျက်နှာကို မိတာကြည့်ရင်း သက်ပြင်းပဲ ချရတော့တယ်။ တစ်နေကုန် ကလပ်စ်လစ်ပြီး လျှောက်လည်ရတာတောင် မဝသေးဘူးလား မောင်ရဲ့လို့ မိတာ မမေးရက်တော့ပါဘူး။ မိတာလဲ မောင့်လိုပဲ ခံစားနေရလို့ပေါ့။ ခဏလေး ဖြစ်ဖြစ် မောင်နဲ့ နေချင်သေးလို့ပေါ့။

“သောကြာနေ့ကို မောင်မုန်းတယ်ကွာ။ ဘယ်တော့များမှ မောင်တို့နှစ်ယောက် စနေ၊ တနင်္ဂနွေတွေကို လျှောက်လည်ရမှာပါလိမ့်။ သူများတကာတွေဆို...”

“အို… မောင်ကလဲကွာ မကြာတော့ပါဘူး။ တစ်နှစ်ပဲ လိုတော့တာဥစ္စာ။ မိတာတို့ ကျန်တဲ့ရက်တွေလဲ တွေ့နေရသားနဲ့။ မကောင်းဘူးလေ မောင်ရဲ့။ သူတို့က မိတာကို အားလုံး တာဝန်ယူထားတော့...”

မိတာမျက်နှာ ချက်ချင်းညှိုးကျပြီး မျက်ရည်ဝိုင်းပြန်တော့လဲ မောင့်ခမျာ သနားစရာ။

“အေးပါကွာ ဟုတ်ပါတယ်။ မိတာကို မောင်မခွဲနိုင်လို့ပါ။ စနေ၊ တနင်္ဂနွေ နှစ်ရက်လုံးက တစ်ယောက်တည်း သိပ်ယောင်တာ မိတာရ။ ဘယ်သွားပြီး ဘယ်လာရမှန်းလဲ မသိဘူး”

ရုတ်တရက် မိတာ ဆွံ့အသလို ဖြစ်ပြီး ပြန်မပြာနိုင်ဘဲ အပြစ်ကင်းစင်တဲ့ မောင့်မျက်လုံးတွေကို မိတာ ဝမ်းပန်တနည်း ကြည့်မိတယ်။ မောင်… မိတာရဲ့ မောင်။

“ကဲ သွားတော့။ မျက်ရည်လေး ကလယ် ကလယ်နဲ့ ဟင်း၊ တော်ကြာ ခုနေ ဦးလေးကြီး လာခေါ်တာနဲ့ တိုးနေမှ သူ့တူမကို နှိပ်စက်နေရသလား ဆိုပြီး ကိုယ့်ကို ရိုက်ခံထိနေဦးမယ်”

တော်ပါတော့ မောင်ရယ် တော်ပါတော့။ ကျလုဆဲဆဲ မျက်ရည်ကို မိတာ သိမ်းပြီး မျက်နှာကိုပြင်လို့၊ မိတာကို နောက်ပြောင် စိတ်သက်သာစေတဲ့ မောင့်လက်တွေကို ဖျစ်ညှစ် နှုတ်ဆက်လိုက်တယ်။........


   ဒီစာအုပ်​က​တော့ ဝတ္ထုတိုများ (၂၇) အုပ်​ပါရှိပါတယ်​ရှင်​။ဆရာမ နုနုရည်​အင်းဝ စာချစ်​ပရိတ်​သတ်​များအတွက်​ရှာ​ဖွေတင်​​ပေးလိုက်​ပါတယ်​ရှင်​။

    အဆင်​​ပြေပါ​စေရှင်​။



                                           ဒီမှာDownload ပါ








နမ်းမှာလား​မောင်​ရဲ့ ​မွှေးတယ်​ရှင်​နှင့်​အခြားဝတ္ထုတိုများ_နုနုရည်​အင်းဝ နမ်းမှာလား​မောင်​ရဲ့ ​မွှေးတယ်​ရှင်​နှင့်​အခြားဝတ္ထုတိုများ_နုနုရည်​အင်းဝ Reviewed by Unknown on Thursday, October 29, 2015 Rating: 5

No comments