ကွန်ဒိုလီဆာရိုက်စ် - အေးမောင်ကျော်
ကွန်ဒိုလီဆာရိုက်စ်
မြန်မာပြန်- အေးမောင်ကျော်
်တစ်ခါတုန်းကပေါ့ ...
အမေရိကန်နိုင်ငံမှာ
သပိတ်ရောင်အသားအရေနဲ့  ကောင်မလေးတစ်ယောက်က သူ့ အမေနီဂရိုးမကြီးရဲ့ လက်ကိုဆွဲပြီးလမ်းလျောက်နေကြခိုက်
ပန်းခြံထဲမှာကလေးငယ်တွေတပျော်တပါး
ကစားနေကြတာမြင်တော့အမေ့ကိုခုလိုပြောမိတယ်-
"အမေ...သမီးလေ ဟောဟိုပန်းခြံထဲကစားချင်တယ်အမေ"
"မကစားရဘူးသမီး"
"ဘာဖြစ်လို့မကစားရတာလဲအမေ"
"အဲဒီပန်းခြံမှာ နီဂရိုးတွေမကစားရဘူးတဲ့သမီးရယ်"
အမည်းမလေးက...
"သမီးတို့လည်းလူတွေပဲဟာ၊
ပန်းခြံထဲမှာ ဘာဖြစ်လို့မကစားရတာလဲ"
အမေက...
"အေး သမီးကစားချင်ရင် သမီးစာများများဖတ်ပေါ့၊
သမီးစာတော်အောင်လုပ်ပေါ့။
အဲဒီအချိန်ဆိုရင် သမီးကိုပေးကစားလိမ့်မယ်လို့အမေယုံကြည်ပါတယ်"
နောက်တစ်နေ့ မှာ သမီးငယ်လေးက အမေ့ကိုပူဆာပြန်တယ်။
"အဲဒီဆိုင်မှာ သမီးရေခဲမုန့်စားချင်တယ်"
"မစားရဘူးသမီး"
"ဘာဖြစ်လို့ရေခဲမုန့်မစားရတာလဲအမေ"
"နီဂရိုးဖြစ်လို့တဲ့ကွယ်၊
" သမီးစားချင်ရင် စားများများဖတ်ပါ။
စာတော်အောင်ကြိုးစားပေါ့သမီးရယ်
သမီးစာတော်လာတဲ့အခါ
သမီးဟာကိုယ်ပိုင်ကားအကောင်းစားစီးနိုင်ပါလိမ့်မယ်။
သမီးထူးချွန်လာရင် သမီးသွားချင်တဲ့ဘယ်နေရာမဆိုသွားနိုင်
်တယ်။အိမ်ဖြူတော်အထိရောက်အောင်
သွားနိုင်ပါတယ်သမီးရယ်"
အဲ့ဒီကာလတွေဟာ လူမည်းတွေခမျာနှိမ့်ချဆက်ဆံခြင်းခံနေရတဲ့ကာလတွေဖြစ်ပါတယ်။ ၁၉၆၄ ခုနှစ်ခန့် 
(့ သမ္မတဂျွန်ဆင် လက်ထက် ) ရောက်မှ
လူမည်းများနိုင်ငံသားအခွင့်အရေးအပြည့်ရ
စေမယ့်ကြေငြာချက်ထုတ်ပြန်နိုင်ခဲ့တာပါ။
ဒီကာလတွေမှာ သူမကြီးပြင်းလာခဲ့ပြီး မိခင်ဖြစ်သူက
အမည်းမလေးရဲ့နှလုံးသားထဲကို စာများများဖတ်ဖို့၊
စာတော်အောင်ကြိုးစားဖို့ကိုရိုက်သွင်းပေးခဲ့
့တယ်။
အတော်ဆုံးဖြစ်ဖို့၊ အကောင်းဆုံးကြိုးစားဖို့ အားပေးတိုက်တွန်းခဲ့တယ်။
ဒီလိုနဲ့အဲဒီအမည်းမလေးဟာ အသက်၁၉-နှစ်မှာဘွဲ့ရခဲ့တယ်။
သူမဟာ ၂၂-နှစ်မှာ PhD ဆိုတဲ့ဒေါက်တာဘွဲ့ကိုရခဲ့ပါတယ်။
ပြီးတော့ သူမဟာ ရုရှားဘာသာ၊စကားကို အလွန်တော်သူ၊ထူးချွန်သူလည်းဖြစ်လာခဲ့ပါတယ်။
သမ္မတဘုရှ် (senior)လက်ထက်မှာရုရှားစကားကျွမ်းကျင်သူအဖြစ်ခေါ်ပြီးရုရှားနဲ့သံတမန်ရေးရာ
ကိစ္စမှာ တာဝန်ပေးခြင်းခံရပါတယ်။
သမ္မတဘုရှ်(junior)လက်ထက်မှာ အမေရိကန်နိုင်ငံရဲ့နိုင်ငံခြားရေးဝန်ကြီးဖြစ်
်လာခဲ့ပါတယ်။
သူမရဲ့နာမည်ကတော့ ကွန်ဒိုလီဆာရိုက်(Condoleeza Rice ) ပဲဖြစ်ပါတယ်။
မဆုတ်မနစ်ကြိုးစားခဲ့တဲ့သူမဟာ ကံကောင်းတာထက်
လူမှန်၊အချိန်မှန်နှင့် နေရာမှန်ကြောင့်ထိပ်တန်းကိုရောက်လာခဲ့
့တယ်လို့ ဆိုနိုင်ပါတယ်။ သူမပထမဆုံးရရှိတဲ့အခွင့်အရေးက ကြည်း ရေ လေ ပူးတွဲစစ်ဦးစီးချုပ်ရုံးမှာ အထူးလက်ထောက်အဖြစ်စတင်အလုပ်ဆင်းခဲ့ရခြင်းပါ။ အဲ့ဒီကတဆင့်တဖြည်းဖြည်းတိုးတက်လာ
လိုက်တာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်ထိအောင်ပါပဲ။
ဘယ်သူမဆို စာများများဖတ်ဖို့လိုအပ်ပါတယ်။ ပြီးတော့
ကြိုးစားဖို့ လိုအပ်ပါတယ်။
စာတွေဖတ်ရင်းနဲ့ စာတွေက
ကိုယ်လျှောက်ရမယ့်လမ်းကို လမ်းညွှန်ပေးနိုင်ပါတယ်။
လူမှန်၊နေရာမှန်၊အချိန်မှန်တစ်ခုဟာ ကြိုးစားသူအတွက်ရောက်လာစမြဲပါပဲ။
ကိုယ့်မှာ အရည်အချင်းရှိရင်ဘယ်နေရာ
ရောက်ရောက် ဘယ်တာဝန်လုပ်ရ လုပ်ရ
အကောင်းဆုံးလုပ်ဆောင်နိုင်ပါတယ်။
ကိုယ့်ရဲ့သမိုင်းကိုကိုယ်ကောင်းကောင်းရေး
နိုင်ပါတယ်။ ဒီအချက်ကို ကွန်ဒိုလီဆာရိုက်စ်က သက်သေပြခဲ့ပါပြီ။
ပါ။ သူမဖြတ်သန်းကြုံတွေ့ ခဲ့ရသမျှ တွေအကုန်လုံးကို လေ့လာအတုယူနိုင်ကြမှာ
လည်းဖြစ်ပါတယ်။
 ဒီမှာ  download   ပါ။
ကွန်ဒိုလီဆာရိုက်စ် - အေးမောင်ကျော် ကွန်ဒိုလီဆာရိုက်စ် - အေးမောင်ကျော် Reviewed by Unknown on Thursday, October 29, 2015 Rating: 5
No comments