မအေးပွင့်မြင့်မြင့်စန်းလမ်းသုံးဆယ် - ဆွေလှိုင်ဦး
မအေးပွင့် မြင့်မြင့်စန်းလမ်းသုံးဆယ်
ရေးသူ-ဆွေလှိုင်ဦး
ဆရာဆွေလှိုင်ဦးရဲ့ ပထမဆုံးလက်ရာစာအုပ်ပါ။
ဒီစာအုပ်လေးထွက်ပေါ်ခဲ့တဲ့သက်တမ်းဟာ
ကျနော့်အသက်နဲ့ အတူတူလောက်ရှိပါလိမ့်မယ်။ PDF မှာပုံနှိပ်မှတ်တမ်းကိုဖော်ပြမထားသော်လည်း
ကျနော်မှတ်မိနေခဲ့တာရှိတယ်..ဒါက ဝတ္တုစာအုပ်လောကမှာဒီစာအုပ်ရဲ့ အောင်မြင်မှုဟာ ဗုံးတစ်လုံးပေါက်ကွဲသွားသလိုမျိုးကို (အဲ့ဒီအချိန်က) ဖြစ်ခဲ့တယ်။ အဓိကအားဖြင့်
ပင်ကိုယ်ရေးရင်သိမ့်တုန်ဆိုတဲ့လိုင်းကိုဆရာ
ဆွေလှိုင်ဦးကစတင်ဖောက်ခဲ့လျောက်ခဲ့တာ
ကြောင့်ဖြစ်ပါတယ်။
ဆရာ့ရဲ့ ဒုတိယလက်ရာက ဂျက်မ တဲ့...။
စာအုပ်ကြော်ငြာကတည်းက ကျနော့်ထက်
ကြီးသူ ဝတ္တုဝါသနာအိုးတွေဟာ တမျှော်မျှော်နေရလောက်အောင်ကိုပဲ..
ဆရာဆွေလှိုင်ဦးက အရေးအဖွဲ့ ကောင်းတယ်
ဗျ..။ ကျနော်က ဒီစာအုပ်ကို အလယ်တန်းကျောင်းသားလောက်ဖြစ်မှ
စာတွေဖတ်တော့မှ ဖတ်ခဲ့ရတာပါ။ှ.စာအုပ်ပါဇတ်လမ်းတော့ မိတ်ဆွေတို့ 
ဘတ်ရှုခံစားသာကြည့်ပါတော့..။ အရသာ
ပျက်မှာစိုးလို့ ချန်ခဲ့ပါရစေ... ။ ပြောနိုင်တာတစ်ခုရှိပါတယ်..ဆရာဆွေလှိုင်
ဒီစာအုပ်ပါလို့ ။  ဆရာ့စာအုပ်ကို pdf ဖန်တီးခဲ့သည့် ( burmese classic) ကိုလည်းအထူးကျေးဇူးတင်ရှိပါကြောင်း...။
ဒီမှာ   Download    ပါ။
မအေးပွင့်မြင့်မြင့်စန်းလမ်းသုံးဆယ် - ဆွေလှိုင်ဦး မအေးပွင့်မြင့်မြင့်စန်းလမ်းသုံးဆယ် - ဆွေလှိုင်ဦး Reviewed by Unknown on Monday, October 12, 2015 Rating: 5
No comments