ဘုန်းကြီးနှင့်မဲ - တင်ရွှေ
ဘုန်းကြီးနှင့်မဲ
ရေးသူ- တင့်ရွှေ ( ပထမကျော်-ပါဠိမဟာဝိဇ္ဇာ)
ရဟန်းရဟန်း မည်ပြဌာန်းလျှက်
ရဟန်းဟူလစ် ခေါ်ရာဖြစ်ရုံ  စနစ်ခေါက်ချိုး
ချုပ်ရိုးခဏ်းခဏ်း ဖန်ရည်စွမ်းသား
သင်္ကန်းဝါဝါ  ဦးပြည်းကာဖြင့် ပညာကင်းပ
သီလမဲ့မျိုး အတွင်းဆိုးကား အကျိုးတစိ
ဘယ်မှာရှိလိမ့် မော်မိမော်မန်း နေကာဆန်းနှင့်
ရဟန်းကျင့်ဝတ် တစ်ပါးချွတ်က လူနတ်မကြိုက် ကဲ့ရဲ့ ထိုက်၏
( မာဃဒေဝ- မန်လည်ဆရာတော် )
ပြုကျင့်ရမည့် ပြုဖွယ်ကိစ္စမှာ ဂန္ဓဓူရ( စာပေပဋိယတ် သင်အံလေ့ကျက်ပို့ ချခြင်း)
နှင့် ဝိပဿနာဓူရ(  မဂ်ဖိုလ်ဆိုက်အောင်ပဋိပတ်အလုပ်တရား
ကျင်ကြံအားထုတ်ခြင်း) နှစ်မျိုးသာရှိ ပါတယ်
ရဟန်းတော်များစောင့်ထိန်းလိုက်နာကြရသည့် ဝိနည်းသိက္ခာပုဒ်များမှာလည်း လေးနက်
များပြားလွန်းလှပါတယ်။  ရဟန်းတော်များ
ဟာ လူများကဲ့သို့  နိုင်ငံရေး အပါအဝင် မဲပေး
မဲဆွယ် စသည့်ကိစ္စများ လုပ်သင့် မသင့် ကို
ဒေသနာတော်နှင့်အညီ  ဆွေးနွေးထားတဲ့ စာအုပ်ပါ။ ဒီစာအုပ်ပါ ဖော်ပြချက်အရ...၁၉၄၆ ခုနှစ်က မြန်မာပြည်လွပ်လပ်ရေး
မရမီက.. ရဟန်းတော်များနှင့်သီလရှင်များ
မဲပေးခွင့်ပြုထားတာကြောင့် ဝိနည်းတော်နှင့်မညီ၍ပါယ်ဖျက်ပေးရန်
ဘိလပ်ပါလီမန်ထိအောင်အရေးဆိုခဲ့ကြတယ်လို့ သိရပါတယ်။ စာအုပ်ထဲမှာတော့ ရဟန်း
တော်များပြုသင့်တာနဲ့ မပြုသင့်တာတွေ
ဘုန်းကြီးအလုပ်နဲ့  လူအလုပ်မတူပုံတွေကို
အသေးစိတ်ရေးသားဖော်ပြထားပါတယ်။
ခုကာလမှာ အချို့ အချို့ သော ဘုန်းကြီးတွေ မဲဆွယ်နေကြပုံတွေ မြင်နေကြားနေ
ရပြန်တော့... ဒီစာအုပ်ကလေးကိုတင်ပြပေး
ချင်လာမိပါတယ်...။  ဒါ့အပြင်...  ဗုဒ္ဓမြတ်စွာ
ဟောကြားတော်မူသည့် အဂ္ဂိခန္ဓောပမ သုတ္တန်
ကို နာကြားရပြီး သွေးအန်သောရဟန်း လူထွက်သောရဟန်း အရဟတ္တမဂ်ကိုရသော
ရဟန်းများအကြောငိးကိုဖော်ပြထားရာ
လွန်စွာမှတ်သားဖွယ်ရာဖြစ်ရပါတယ်။
စာချစ်သူများအနေဖြင့်လည်း လေ့လာမှတ်သားဗဟုသုတတိုးပွားစေလို
သောဆန္ဒမွန်ဖြင့်မျှဝေတင်ဆက်လိုက်ပါတယ်ခင်ဗျာ။
ဒီမှာ   download     ပါ။
ဘုန်းကြီးနှင့်မဲ - တင်ရွှေ ဘုန်းကြီးနှင့်မဲ - တင်ရွှေ Reviewed by Unknown on Saturday, October 17, 2015 Rating: 5
No comments