အာရှတိုက်ရဲ့ အလင်းရောင် - ဦးသာနိုး
ရေးသူ- Edwin Arnold
မြန်မာပြန်- မောင်သာနိုး
ဒီစာအုပ်ကို ၁၈၇၉ ခုနှစ်ကစတင်ထုတ်ဝေခဲ့ပြီး ထိုအချိန်ကအနောက်တိုင်းသားတွေဟာ ဗုဒ္ဓဘာသာရဲ့ အကြောင်းကိုလေ့လာနေစအချိန်လို့ လည်းဆိုနိုင်ပါတယ်။ အကြိမ်ကြိမ်ပြန်လည်ရိုက်နှိပ်ခဲ့ရတာ အုပ်ရေသန်းချီခဲ့ပါပြီ။
ဒီစာအုပ်ကြောင့် ဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်
်လာခဲ့တဲ့အနောက်နိုင်ငံသားတေ
ွဟာလည်း ဒုနဲ့ ဒေးဖြစ်ကြောင်း
သိရပါတယ်။ ဒီတော့ ဗုဒ္ဓဓမ္မများ၏ အလင်းရောင်ဟာ အရှေ့ မှာသာမက အနောက်မှာပါ
ထွန်းလင်းခဲ့ပြီလို့ ဆိုရပါမယ်။
ဒီစာအုပ်ကို မူရင်းစာရေးသူ Arnold က ကဗျာအဖြစ်သီကုံးရေးဖွဲ့ ထားတာပါ။ တစ်လုံးချင်း တစ်ပါဒချင်း စေ့စပ်လှပစွာဘာသာပြန်ဆိုခဲ့သူက
လေးစားရတဲ့ ဆရာဦးသာနိုးပါ။
ဆရာက ဒီစာအုပ်ကိုဘာသာပြန်ရသည့်အကျိုးကြောင့် အများအဖို့  ဝဋ်ဆင်းရဲကလွတ်မြောက်လျှက် ဝိမုတ္တိရသ  ကိုခံစားရရှိပါစေကြောင်းဆန္ဒပြုထားပါတယ်။ ကျနော်တို့ စာကြည့်တိုက် မှာ စာချစ်သူမိတ်ဆွေတစ်ဦးက
တောင်းဆိုထားသည့်အတွက် ထို မိတ်ဆွေ အပါအဝင် အားလုံးသော
စာချစ်သူများနှင့် ဝေနေယျများစွာ
တို့ အားလည်း နိဗ္ဗာန် အမြိုက်ချမ်းသာကို ရရှိသည်ထိ အားထုတ်ကျိုးပမ်းဆောင်ရွက်နိုင်
်ကြပါစေဟု.. ဆရာ့ကဲ့သို့  ဆုတောင်းပတ္တနာပြုရင်း ကျနော်တို့ ကလည်း မျှဝေ တင်ပြလိုက်ရပါသည်။
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ။
ဒီမှာ   download   ပါ။
No comments