လူသေလူဖြစ်ဝါဒါနု ဝါဒ ဝိနိစ္ဆယ

လူသေလူဖြစ်ဝါဒါနု ဝါဒဝိနိစ္ဆယ
မှတ်တမ်းတင်ပြုစုသူ- သာသနာရေးဦးစီးဌာန

၁၉၅၉ခုနှစ်မှာ မြန်မာနိုင်ငံ၏
ဗုဒ္ဓဘာသာယုံကြည်ကိုးကွယ်မှု
နယ်ပါယ်ကို အကြီးအကျယ်ဂယက်ရိုက်
်ခတ်သွားစေခဲ့တဲ့စာတစ်အုပ်
ပေါ်ထွက်လာခဲ့ပါတယ်။ ဒီစာအုပ်ဟာ ပဉ္စမပေပင်လို့ 
နာမည်ကျော်သည့် တောင်တွင်းကြီးနတ်မှီတောရဆ
ရာတော် ရှင်ဥက္ကဌ ရေးသော လူသေလူဖြစ်  ဆိုတဲ့စာအုပ်ပေါ့ဗျာ။ စာအုပ်
ကြောင့် စာရေးသူ/ ထုတ်ဝေသူနှင့် ပုံနှိပ်သူတွေ
တရားစွဲဆိုခံကြရပြီးတရားတ
ဘောင်ဟာ လေးနှစ် ခန့့် ကြာခဲ့တယ်လို့ သိရပါတယ်။
ရှင်ဥက္ကဌ  က သူ့ အယူအဆနဲ့ ပါတ်သက်လို့ ဒီလိုစာတစ်ကြောင်းရေးခဲ့
့တယ်ခင်ဗျ...
လူသားဆိုတဲ့သတ္တဝါသေဆုံး
သွားပြီးနောက်အခါ၌အကယ်စင်
်စစ် ဖြစ်ခွင့်ဖြစ်ရာဖြစ်ဖို့ အလားအလာများရှိသေးခဲ့
လျှင် လူမှတပါးအခြားဘာမှ
ဖြစ်စရာမရှိ... ။ ပါတဲ့
ဒီစာကြောင်းဟာ မိရိုးဖလာဗုဒ္ဓဘာသာဝင်များအဖို့  တုန်လှုပ်ချောက်ခြားသွားရ
လောက်အောင် အတွေးအခေါ်
ဆိုင်ရာ မုန်တိုင်းတစ်ရပ်တိုက်ခတ်
သွားခဲ့တာပါ။ အကြောင်းက
တော့... ကမ္မနိယာမနဲ့ ၃၁ ဘုံ
အယူအဆကို လုံးဝပါယ်ရှား
ထားခြင်းပါပဲ။
ယခုတင်ပြသည့်စာအုပ်က
တော့ သာသနာရေးဦးစီးဌာန
က စီစဉ်ပြုစုတဲ့ နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်( ၂) က အဆိုပါလူသေလူဖြစ်ဝါဒ
အယူအဆကို ဗုဒ္ဓဟောတော်မူသည့် တရားဓမ္မများနှင့် နှိုင်းယှဉ်စီစစ်၍ အဆုံးအဖြတ်ပြုနိုင်ရန်
ဖွဲ့ စည်းဆောင်ရွက်ခဲ့သော ခုံရုံးမှတ်တမ်းတစ်ခုလို့ ဆိုရပါမယ်။ ထေရဝါဒဗုဒ္ဓဘာသာရဲ့ စွယ်စုံကျမ်းတစ်ဆူသဖွယ်
အဓမ္မကို ဓမ္မဖြင့် တိုက်ဖျက်
ရှင်းလင်းသုတ်သင် ထားသည့် ရှင်းပြချက်များစွာ
ကိုလေ့လာမှတ်သားရမှာပါ။
ဒီကျမ်းစာကိုဖတ်ရှုပြီးရင်
ဘာသာတရားဆိုင်ရာအသိ အလိမ္မာတိုးလာမယ့်အပြင်ပိုမို
ိုကြည်လင်ပြတ်သားသည့်
သဒ္ဓါတရားလည်းပေါ်ပေါက်လာ
စေမယ်လို့  ယုံကြည်ပါတယ်။
ဗုဒ္ဓဘာသာဝင်တိုင်းဘတ်ဖြစ်
အောင်ဘတ်ဖို့ တိုက်တွန်းပါရစေခင်ဗျာ။

( ဤကျမ်းကို စာရိုက်ပူဇော်ခဲ့ကြသော သာသနာ့ပါလဘာသာရေးမောင်
နှစ်မတစ်စုအားလည်း အထူးကျေးဇူးတင်သာဓုခေါ်ဆိုရ
ပါသည်)


ဒီမှာ   download   ပါ။

လူသေလူဖြစ်ဝါဒါနု ဝါဒ ဝိနိစ္ဆယ လူသေလူဖြစ်ဝါဒါနု ဝါဒ ဝိနိစ္ဆယ Reviewed by Unknown on Monday, September 14, 2015 Rating: 5

3 comments

  1. ​ကျေးဇူးအများကြီးတင်​ပါတယ်​ခင်​ဗျာ။

    ReplyDelete
  2. ကျေးဇူးတင်ပါတယ် ခင်ဗျာ

    ReplyDelete
  3. ကျေးဇူးတင်ပါတယ် ခင်ဗျာ

    ReplyDelete