ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း - နိုင်ပန်းလှ

ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း
ရေးသူ- နိုင်ပန်းလှ

မြန်မာ့သမိုင်းမှာ..အင်းဝဘုရင်မင်း
ခေါင် နဲ့  မွန်ဧကရာဇ် ရာဇာဓိရာဇ်
( ဗညားနွဲ့ ) တို့  တစ်ဦးနှင့်တစ်ဦး
စစ်ထိုးနေခဲ့ကြသည့်ကာလရှည်
တစ်ခုရှိခဲ့ပါတယ်။ ဒီကာလအတွင်း တိုင်းရေးပြည်ရေးများ။စစ်သေနင်္ဂဗျူဟာ ခင်းကျင်းကြပုံများ။ စစ်ဆင်စစ်ထိုးကြပုံများ။ နိုင်ငံရေး စီးပွားရေး လုမှုရေး အခြေအနေများကို သမိုင်းပုံရိပ်များအဖြစ်ဒီစာအုပ်က
ပြန်ပြောင်းအမှတ်ရစေမှာဖြစ်ပါ
တယ်။ သူရဲကောင်းတွေ ကတော့ ဒီစာအုပ်ရဲ့  အဓိက ဇတ်လိုက်များ
ဖြစ်ကြပါတယ်။
မင်းရဲကျော်စွာ...ကလေးကျေး
တောင်ညိုအစရှိတဲ့မြန်မာသူရဲ
ကောင်းများ နဲ့   အမတ်ကြီးဗညာဒလ ။ ဗိုလ်မင်းဗြတ်စ .။   လဂွန်းအိမ်
( မသံလုံ)..။
အဲမွန်ဒယာ စသည့် မွန်သူရဲကောင်းတွေ ရဲ့ လက်ရုံး
ရည် နှလုံးရည်ပြည့်ဝစွာဖြင့် အမှု
တော်ကိုထမ်းကြပုံများဟာ လေးစားအားကျဖွယ် ဖြစ်ရပါတယ်။ သမိုင်းမှတ်တမ်း
တစ်ရပ်အနေဖြင့်လည်း တန်ဘိုးရှိ
လှတဲ့ ဒီစာအုပ်ကို စာချစ်သုများ
လေ့လာနိုင်ကြပါစေရန်တင်ပြ
လိုက်ပါသည်။



ဒီမှာ   download   ပါ။

ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း - နိုင်ပန်းလှ ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း - နိုင်ပန်းလှ Reviewed by Unknown on Monday, September 21, 2015 Rating: 5

No comments