စစ်သားဘဝ အမှတ်တရများ အတွဲ(၁) - သောင်းဝေဦး
မြန်မာအင်တာနက်စာကြည့်တိုက်ပရိတ်များအားလုံးပဲ မင်္ဂလာပါရှင်
မကြာသေးမီကမှ ပရိတ်သတ်များတောင်းဆိုထားသော 'ဆရာသောင်းဝေဦး' ရေးသားသော "စစ်သားဘဝအမှတ်တရများ - အတွဲ (၁)"
စာအုပ်လေးကတော့ စာရေးဆရာတဖြစ်လဲ စစ်သားတစ်ဦးရဲ့ ဖြစ်ရပ်မှန်ဘဝဇတ်ခုံ အမှတ်တရမျိုးစုံကို ကိုယ်တိုင်ရေးသားတင်ဆက်ပေးထားပါတယ်ရှင်။ စာရေးသူသည် အညာဒေသ ရေဦးမြို့နယ်မှ မွေးဖွားလာသူတစ်ဦးဖြစ်ပြီး၊ မူးရေကိုမစစ်ပဲလက်ခုပ်ဖြင့်သောက်ရင်း စစ်သားသိပ်မလုပ်ကြသောဒေသမှ မွေးဖွားခဲ့သူတစ်ဦးပါ။ မိမိနှစ်သက်ရသူအမျိုးသမီးတစ်ဦး၏ ပယောဂဖြင့် ရေကိုပင်မစစ်ပဲသောက်သော၊ ကျန်းမာရေးတွင်လည်းချူချာ ပိန်လှီသောဘဝ ကိုစစ်သားဘဝသို့ပြောင်းလဲခြင်း
မှစတင်ခဲ့ပါသည်။ သာမာန်စစ်သားဘဝမှစတင်ခဲ့၍ တပ်ရင်းမှူးအမိန့်ထွက်သည့်တိုင်အောင် ဘဝဇတ်ခုံဓါတ်ပုံအချို့နှင့်တကွ ဘဝအဆစ်ချိုးကို စစ်ပွဲ၏ အငွေ့အသက်တချို့နှင့်အတူ တိုက်ခိုက်ရေးအတွေ့အကြုံများကို ရှင်းလင်းစွာရေးချယ်ထားပါသောကြောင့် ယနေ့ စာပေလောကသားများ၊ ပြည်သူလူထုနှင့်တကွ တပ်မတော်သားများပါ လေ့လာဖတ်ရှု့ သင့်သော စာအုပ်ကောင်းလေးမို့ ရယူပိုင်ဆိုင်ကြပါစို့။ ဤစာအုပ်လေးမှာ ပထမပိုင်း ဖြစ်၍ သာမာန်စစ်သည်တော်ဘဝမှ Officiating Major ယာယီတပ်ခွဲမှူးဗိုလ်မှူးဘဝထိ စစ်သက် ဆယ့်ခြောက်နှစ်ကျော်ကို ထည့်ဝင်ရေးသားထားပါတယ်
စစ်သားဘဝ အမှတ်တရများ အတွဲ(၁) - သောင်းဝေဦး
Reviewed by သိမ့်သိမ့်
on
Saturday, September 26, 2015
Rating:
No comments