သခင်သန်းထွန်း၏နောက်ဆုံးနေ့ များ
သခင်သန်းထွန်း၏နောက်ဆုံး
နေ့ များ( ပထမတွဲ)
ရေးသူ - ရဲဘောမြ ။ ရဲဘော် ဘခက် ။ ဗိုလ်မင်းဒင် ။ ရဲဘော်စောလှ ။ ဗိုလ် တင်ရှိန်
မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်း
မှုသမိုင်းမှာ ဗမာပြည်ကွန်မြူနစ်ပါတီ ( ဗကပ) ဟာလည်းတက်ကြွစွာပါဝင်ခဲ့သည့်အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
သခင်သန်းထွန်းဟာ မြန်မာမှာသာမက ကမ္ဘာ့ ကွန်မြူနစ် အသိုင်းအဝိုင်းမှာပါ သူ့ အမည်ကို သိစေခဲ့သည့် ဗမာပြည်ကွန်မြူနစ် ပါတီ ရဲ့  ခေါင်းဆောင်ကြီးဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းက ဖဆပလအဖွဲ့ ကြီးကို ဦးစီးပဲ့ကိုင်ချိန်မှာ သခင်သန်းထွန်းက အတွင်းရေးမှူးအဖြစ် အတူလက်တွဲဆောင်ရွက်ခဲ့သည်
များလည်းရှိပါတယ်။
နောင်မှာတော့ အယူအဆရေးရာကွဲလွဲမှုတွေ
ကြောင့် ဖဆပလအဖွဲ့ ချုပ်ကြီးကနေခွဲထွက်ပြီး တောခို
လက်နက်ကိုင် လမ်းကြောင်းကို
လျောက်ခဲ့ကြပါတယ်။
ဒီစာအုပ်မှာတော့ သူ့ ရဲ့ နောက်ဆုံးနေ့ များအဖြစ် ကျရောက်လာစေသည့် အကြောင်းတရားဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကမ်းလှမ်းမှုကိုကျောခိုင်းခဲ့ရာက အချင်းချင်း
လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်အထိ
ကာလများအတွင်း နိုင်ငံရေး ဝါဒသဘောတရားရေး စည်းရုံးရေး နဲ့ စစ်ရေး
ဆောင်ရွက်မှုတွေကို စာရေးသူများက ခရေစေ့တွင်းကျရေးသားဖော်ပြ
ထားပါတယ်။ အထူးသဖြင့် ပဲခူးရိုးမဒေသ အာဏာနီတည်ဆောက်ရေး
ဘဝဟစ်တိုင်လှုပ်ရှားမှုတွေ.. ဖြုတ် ထုတ် သတ် လုပ်ခဲ့ကြပုံတွေ
ကို သံဝေဂရဖွယ်တွေ့ ရမြင်ရမှာပါ။
စာအုပ်ထွက်ပေါ်လာချိန်က လှမ်းလှမ်းတောက်ကျော်ကြားလှတဲ့ စာအုပ်ပေါ့ဗျာ... ။ ခုတော့ ရှားပါးနေပါပြီ။ သမိုင်းမှတ်တမ်းဆိုင်ရာ တန်ဘိုးများစွာရှိနေတဲ့ ဒီစာအုပ်ကို မြန်မာအင်တာနက်စာကြည့်တိုက်ရဲ့စာချစ်သူများလေ့လာဘတ်ရှုနိုင်
်ကြပါစေရန်မျှဝေလိုက်ပါသည်။
ဒီမှာ download ပါ။

Reviewed by Unknown
on
Monday, September 07, 2015
Rating:
No comments