ဟောနည်း ပြောနည်း ကိုယ့်ဘက်ပါအောင်စည်းရုံးနည်းများ - ဖေမြင့်
မြန်မာအင်တာနက်စာကြည့်တိုက်မှ ပရိတ်သတ်များအားလုံးပဲ
မင်္ဂလာပါရှင် ပရိတ်သတ်များ ဖေမြင့်ကိုနှစ်သက်ပြီးဖြစ်ပါလိမ့်မယ်။ ဒီစာအုပ်လေးကတောင်းဆိုထားတာ အနည်းငယ်ကြာမြင့်ခဲ့ပါပြီ။ တောင်းဆိုသူပရိတ်သတ်မြင်တွေ့နိုင်ဖို့လည်း ဆုတောင်းပါတယ်။ လူတိုင်း လူတိုင်း နေ့စဉ်နှင့်အမျှ မိမိကျင်လည်ရာပတ်ဝန်းကျင်မှာ အကောင်းဆုံးပြုမူပြောဆိုနေထိုင်တတ်ရန်သည် အလွန်အရေးကြီးလှပါတယ်။ တတ်သိနားလည်မှု့နှင့်အတူ ချိုသာပြေပစ်ပြီးလှပစွာဆွဲဆောင်နိုင်သော စကားလုံးလေးများအသုံးပြုခြင်းသည်လည်း အောင်မြင်မှု့ ပန်းတိုင်တစ်ခုသို့လှမ်းတက်ရန်လှေကားတစ်ခုပါပဲ။ နေ့စဉ်နှင့်အမျှ နေရာတိုင်းမှာ စကားပြောကောင်းသောရှေ့နေ၊ စကားပြောကောင်းသောအရောင်းသမား၊ စကားပြောကောင်းသောအင်ဂျင်နီယာ၊ စကားပြောကောင်းသောပါမောက္ခ၊ စကားပြောကောင်းသောအကြီးအကဲများ စသဖြင့် .....ထိုသူတို့သည် အခြားသောသူများထက် ခေါင်းတစ်လုံးပိုပါလာသလိုပါပဲ။ သူတို့ရဲ့အပြောအဆိုစကားလုံးတွေက ပုံမှန်လူတွေထက် သာလွန်စမြဲပါ။ ဒါကတော့စကားပြောခြင်းအတတ်ပညာတစ်ခုပါပဲရှင်။
ဤစာအုပ်လေးကိုတင်ဆက်ပေးရခြင်းမှာ ပရိတ်များလေ့လာမှတ်သားရခြင်းမှ အသိပညာတိုးပွားကာ အများသူငါထက် ဦးဆောင်နိုင်လာမည့် ပြောတတ်ဆိုတတ်သောလူတော်လူကောင်းဖြစ်လာစေဖို့ရည်ရွယ်ပါတယ်ရှင်။
Download
ဟောနည်း ပြောနည်း ကိုယ့်ဘက်ပါအောင်စည်းရုံးနည်းများ - ဖေမြင့်
Reviewed by သိမ့်သိမ့်
on
Sunday, November 29, 2015
Rating:
No comments