ခေးရယ်​ - လူ​နေ


မြန်​မာအင်​တာနက်​စာကြည့်​တိုက်​မှ ပရိတ်​သတ်​များအားလုံးပဲ
မင်္ဂလာပါရှင်​ ပရိတ်​သတ်​များအကြား​ရေပန်းစားလှတဲ့ ​ခေး​​လေး
နော်။ လူ​နေရဲ့ ​"ခေးရယ်​" ဒီစာအုပ်​​လေးက​တော့သာမာန်​ဝတ္ထု​လေးတစ်​ခုဆို​ပေမဲ့ အနည်းငယ်​ထူးဆန်း​နေပါတယ်​ မိန်းမသားတစ်​​ယောက်​ရဲ့ ချစ်​သူလင်​​ယောက်ျားအ​ပေါ်ထားရှိ​သော ချစ်​ခြင်း​မေတ္တာမှာ မာနမပါ၊ ဖမ်းဆုပ်​ပိုင်​ဆိုင်​လို​သောမည်​သည့့်အတ္တတစ်​စုံတစ်​ရာမျှရှိခဲ့၊ ပကတိ​အေးချမ်းစွာ ​ပျော်​ရွှင်​​စေနိုင်​မည်​ဆိုက သူမဘယ်​ဘဝ​ရောက်​​ရောက်​ပါ။ ကျမကိုယ်​တိုင်​က​ယခု​ခေတ်​မိန်းမသားတစ်​​ယောက်​ဖြစ်​ခဲ့ပါ​သော်​လည်း၊ ​မိန်းက​လေးများမှာ တစ်​ခါတစ်​ရံ ချစ်​သူအ​ပေါ်အနိုင်​ရလိုမှု့ အတ္တတို့မမျှတစွာ​ပြေးလွှား​နေတာကိုဝန်​ခံပါတယ်​။ မုန်း၍မဟုတ်​ပဲရယူလို​သောအနိုင်​ယူလိုမှု့ များပါပဲ။ ပရိတ်​သတ်​များရှင်​ ရွက်​သစ်​တို့​မွေးဖွားလာရဖို့ ရွက်​​ဟောင်းတချို့ ​ကြွေဆင်း​ပေးရတာ ​​လောကသဘာဝပါ။ စတင်​ပွင့်​ဖူးကာစ ရွက်​နု​လေးတစ်​ခု လှပစွာ​သန့်​စင်​နိုင်​စေဖို့ ရွက်​​ဟောင်းတစ်​ခုကစီမံချက်​အပြည့်​နဲ့​ကြွေဆင်းသွားခဲ့ပုံကို ပရိတ်​သတ်​များကစိတ်​ဝင်​စားမယ်​ဆိုရင်​ဖတ်​ရှု့ အား​ပေးလိုက်​ပါဦး​နော်​။ ဖတ်​ပြီးရင်​လည်း​ဖြေ​ပေးခဲ့ပါ ဒီလိုမိန်းက​လေးမျိုးအပြင်​မှာ​တွေ့ဖူးလားလို့ ?

                               Download

ခေးရယ်​ - လူ​နေ ​ခေးရယ်​ - လူ​နေ Reviewed by သိမ့်သိမ့် on Sunday, November 29, 2015 Rating: 5

No comments