နေတစ်​ဆူ လတစ်​ပါး ဝတ္ထုတိုများ - ကန့်​ဘလူ ခင်​​မောင်​​ဆွေ



မြန်​မာအင်​တာနက်​စာကြည့်​တိုက်​မှ ပရိတ်​သတ်​များအားလုံးပဲ
မင်္ဂလာပါရှင်​ ကန့်​ဘလူခင်​​မောင်​​ဆွေ​ရေးသားခဲ့​သော ​နေတစ်​ဆူလတစ်​ပါး စာမူ​လေးသည်​ စာ​ပေဗိမာန်​ဆုရစာမူ​လေးပါတဲ့။ ဒါ​ကြောင့်​ပရိတ်​သတ်​များအတွက်​စာ​ပေ​ဝေါဟာရအရ တစ်​​နေရာရာမှ အ​ထောက်​အပံ့​ကောင်းတစ်​ခုဖြစ်​​စေဖို့ရည်​ရွယ်​ပြီးတင်​ဆက်​​ပေးရပါတယ်​ရှင်​။ ဝတ္ထုတို​များဖြစ်​​သော်​လည်းမိခင်​၊ ဖခင်​တို့ကိုဦးထိပ်​ပန်​ဆင်​အမည်​နာမထား​သောစာအုပ်​​လေးပါ။ ​​​နေမင်းကြီး၏ ပြိုင်​စံကင်း​သောအလင်း​ရောင်​ခြည်​တို့ကို သဘာဝအ​လျောက်​​ပေးစွမ်းနိုင်​သကဲ့သို့ သားသမီးများအ​ပေါ်ထားရှိ​သော ​မေတ္တာတရားတို့ကလင်းလက်​စွာ​တောက်​ပ​နေ​သည့်​စံပြ​မေတ္တာသမားတစ်​ဦးအဖြစ်​ ဖခင်​ကို​လည်း​ကောင်း၊ ​ကမ္ဘာ​လောကကြီးတွင်း​ညအ​မှောင်​ချိန်​ တွင်​လင်းလက်​စွာထိန်​ကြည်​​နေသည့်​လမင်းကြီးကဲ့သို့ မိမိဘဝကမ္ဘာ​လောကတွင်​လည်း ညှိုးလျ​မှောင်​မိုက်​ချိန်​တိုင်း ပြိုင်​စံကင်းမဲ့​သော​အေးမြသည့်​​မေတ္တာတရားတို့ဖြင့်​ ထာဝစဉ်​​တောက်​ပ​စွာလမ်းပြ​ပေးမည့်​​ အလင်းပြလူသားဖြစ်​​သောမိခင်​ကိုလည်း​ကောင်း၊ အစ၊ အ​နှောင်းချည်​​နှောင်​ထားသည့်​ စာမူ​လေးကိုလည်းအား​ပေးပါဦးပရိတ်​သတ်​များရှင်​။

                                  Download

နေတစ်​ဆူ လတစ်​ပါး ဝတ္ထုတိုများ - ကန့်​ဘလူ ခင်​​မောင်​​ဆွေ ​နေတစ်​ဆူ လတစ်​ပါး ဝတ္ထုတိုများ - ကန့်​ဘလူ ခင်​​မောင်​​ဆွေ Reviewed by သိမ့်သိမ့် on Sunday, November 29, 2015 Rating: 5

No comments