ဗမာပြည်ကွန်မြူနစ်ပါတီ၏နေထွက်ချိန်နှင့်နေဝင်ချိန် - ကျော်ဝင်း
ဗမာပြည်ကွန်မြူနစ်ပါတီ၏နေထွက်ချိန်နှင့်
့နေဝင်ချိန်
ရေးသူ- Bertil Lintner
မြန်မာပြန်- ကျော်ဝင်း
အာရှဒေသရဲ့ အရှည်ကြာဆုံးကွန်မြူနစ်လှုပ်
ရှားမှုများအနက်တစ်ခုအပါအဝင်ဖြစ်ခဲ့သည့်
ဗမာပြည်ကွန်မြူနစ်ပါတီကို မြန်မာနိုင်ငံလွတ်
လပ်ရေးမရမီကတည်းက ဖွဲ့ စည်းခဲ့တာဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ်လွတ်လပ်ရေးရအပြီး တစ်နှစ်ခန့့် အကြာမှာတော့ ဖဆပလအဖွဲ့ ကြီးက လည်း
ထုတ်ပါယ်လိုက်သလို  သူတို့ ကလည်းတောခိုလက်နက်ကိုင်လမ်းစဉ်ကို
လိုက်ခဲ့ကြပါတယ်။ အခြေခံနယ်မြေတွေအဖြစ် ပဲခူးရိုးမ နဲ့ မြန်မာပြည်အလယ်ပိုင်းဒေသတွေမှာလှုပ်ရှား
ခဲ့ကြရာက သခင်သန်းထွန်း... သခင်ဇင်...
သခင်ချစ်တို့  ကျဆုံးပြီးနောက် ပါတီဗဟိုက
အရှေ့ မြောက်ဒေသကိုရွေ့ သွားကာ သခင်ဘသိန်းတင်..သခင်ခင်မောင်ကြီး စတဲ့သူတွေက တိုင်းရင်းသားတွေကို စည်းရုံးပြီးပါတီကိုဆက်ကျားကန်ခဲ့ကြပါ
အပြောင်းအလဲမရှိဆုပ်ကိုင်ထားကြလေတော့
ကာလကြာသည်နှင့်အမျှ ခေတ်နဲ့ မညီဘဲ ပို၍
ပို၍ အံချော်လာခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်အေပြီ
လ ၁၆ ရက်နေ့ မှာတော့..
ပါတီဌာနချုပ်တည်ရာ ပန်ဆန်းမှာ ပါတီရဲ့
လက်နက်ကိုင်တပ်တွေဖြစ်တဲ့  ဝ  တပ်ဖွဲ့ များ
ကသိမ်းပိုက်လိုက်ခြင်းနှင့်အတူ ရာစုနှစ်ထက်ဝက်မျှ သက်တမ်းရှိခဲ့သည့် ဗမာပြည်ကွန်မြူနစ်ပါတီကို နိဂုံးကပ္မတ်အဆုံးသတ်သွားစေခဲ့ပါတော့
့တယ်။ ဒီဖြစ်ရပ်တွေပေါ်ပေါက်လာခဲ့ရသည့်
အကြောင်းတရားနှင့် ပါတီဗဟိုနှင့်လူမျိုးစု
လက်နက်ကိုင်တပ်တွေအကြားက အခြေအနေများ.. တဘက်နိုင်ငံနှင့်ပါတ်သက်ဆက်နွယ်ခဲ့ပုံများ
ရေးနှင့် ဒေသအုပ်ချုပ်ရေးတွေအကြောင်းကို
ဒီဒေသထဲမှာက နှစ်အတန်ကြာလှည့်လည်သွား
လာနေထိုင်ခဲ့ဘူးပြီး ပါတီခေါင်းဆောင်ပိုင်း
ရော အောက်ခြေပိုင်းကိုပါထိတွေ့ ဆက်ဆံခဲ့
ဘူးသည့် ဂျာနယ်လစ်တစ်ဦးဖြစ်သူ
ဘာတေးလင့်တ်နာ က စာအုပ်အဖြစ်ရေးသား
တက်မှုတွေကို လေ့လာလိုသူများအတွက်က
တော့ တန်ဘိုးရှိတဲ့စာတစ်အုပ်ပါ။
လေ့လာနိုင်ကြစေဖို့  မျှဝေလိုက်ရပါတယ်... ။
ဒီမှာ    download    ပါ။
ဗမာပြည်ကွန်မြူနစ်ပါတီ၏နေထွက်ချိန်နှင့်နေဝင်ချိန် - ကျော်ဝင်း ဗမာပြည်ကွန်မြူနစ်ပါတီ၏နေထွက်ချိန်နှင့်နေဝင်ချိန် - ကျော်ဝင်း Reviewed by Unknown on Friday, October 09, 2015 Rating: 5
No comments