ငဘ - မောင်ထင်


ငဘ
ရေးသူ - မောင်ထင်

ဆရာမောင်ထင်ရဲ့ နာမည်ကြီးစာအုပ်ပါ
လယ်သမားဦးကြီးများရဲ့ ဘဝကို ထင်ဟပ်ပြဆိုထားတဲ့စာအုပ်ကောင်းလေးပါ

လယ်ထဲမှာ ထွန်တုံး၊ ထွန်တံ၊ ကျွဲနွားတွေနဲ့အတူ
aနထွက်ကနေ နေ၀င် တနေကုန်ရုန်းကန်လှုပ်ရှားပါမှ
ဘ၀တွေအနိုင်နိုင်ရပ်တည်ကြရရှာတဲ့အဖြစ်သနစ်၊

လက်လှုပ်မှ ပါးစပ်လှုပ်နိုင်ကြသူများအပေါ် ကိုယ်ကျိုးရှာဝိသမသမားများကလည်း နည်းလမ်းစုံဖိစီးနှိပ်စက်တာခံရ…
ဒီတော့ ငဘတို့ဘ၀ဟာ အနာဂတ်မဲ့ မျှော်လင့်ချက်ကင်း…
ခေတ်တွေဘယ်လိုပြောင်းသော်လည်း ဒုံရင်းအတိုင်းက ပိုမတိုးတက်တဲ့အပြင်…
ဖောင်စီးရင်းရေငတ်
သေမတတ်လှိမ့်ခံနေကြရသူတွေရဲ့ အကြောင်းကို တစေ့တစောင်းသာမကဘဲ ထဲထဲဝင်ဝင် ရေးသားတင်ပြထားတာကို ဖတ်ရှုကြရမှာဖြစ်ပါတယ်ရှင်

ဒီစာအုပ်ကို တရုပ်၊ ရုရှား၊ အိန္ဒိယ၊ ဂျပန် ဘာသာတို့ကို ပြန်ဆို ထုတ်ဝေကြရတဲ့အထိ
နာမည်ကြီးခဲ့တာပါ။
ဒါရိုက်တာခင်စောမျိုးက ရုပ်ရှင်ရိုက်ကူးခွင့်တင်ခဲ့တာ (၃) ကြိမ်တိုင်တိုင် ပယ်ချခံခဲ့ရပြီး
(၄) ကြိမ်မြောက်မှ ရိုက်ကူးခွင့်ရခဲ့တဲ့ ဇာတ်ညွှန်းလေးပါ

အရင်ခေတ်က လယ်သမားတွေ ဘယ်လိုဖြစ်သလဲ၊
ကိုလိုနီခေတ်ကလယ်သမားတွေ ဘယ်လိုဖြစ်ခဲ့သလဲ၊
ဂျပန်ခေတ်မှာရော လယ်သမားတွေ ဘယ်လိုဖြစ်ခဲ့သလဲ၊
ခု ဒီမိုကရေစီခေတ်မှာရော.... လယ်သမားတွေ ဘယ်လိုထပ်ဖြစ်ဦးမလဲဆိုတာ 
ကိုယ့်ဖာသာ စောင့်ကြည့်ကြပါ ဆိုပြီး   
ဒါရိုက်တာခင်စောမျိုးရဲ့ ဧရာဝတီနဲ့ အင်တာဗျူးကနေ ဖတ်ရှုဖြစ်ရင် သိကြမှာပါ


ဟုတ်ကဲ့ရှင်... ဒီလောက်တောင် ဘာလို့ညွှန်းဆိုနေရသလဲဆိုတာ
ဖတ်ရှုကြည့်ပါနော်....

ဒီမှာ download ပါ
ငဘ - မောင်ထင် ငဘ - မောင်ထင် Reviewed by Unknown on Monday, October 12, 2015 Rating: 5

No comments