အခြေပြုဒွာဒသိန်ကျမ်း- Sayar U Thein Lwin( ဦးသိန်းလွင်)
အခြေပြုဒွာဒသိန်ကျမ်း
ရေးသူ- ဆရာဦးသိန်းလွင်
အဲ့ဒီစာအုပ်မှာ တိမ်မြုပ်ပျောက်ကွယ်လု
ဖြစ်နေတဲ့မြန်မာ့ဆေးပညာတစ်ရပ်
အကြောင်းကိုရေးသားထားတာပါ။
နေ လ ဝိဇ္ဇာဆေးပညာပါတဲ့..အဲ့ဒီမှာ မရှင်းလင်းတဲ့အချက်တွေကို ဆရာကြီး ဦးသာတင့်ရေးသည့် ပုဂ္ဂလပညတ်ဓါတ်ကျမ်းမှာဆက်စပ်လေ့လာနိုင်ကြပါတယ်။ သို့ ပေမယ့်လည်း
ပြတ်တောက်နေတဲ့အဆက်အစပ်ကလေးတွေကတော့ရှိနေတုန်းပါ။ အဲ့ဒီစာအုပ်မှာ တစ်စွန်းတစ်စပါရှိခဲ့သော
အာဒိကပ္ပဒွာဒရာသီ  ဆိုတဲ့ကျမ်းပါပညာရပ်တွေ ကို
စိတ်ဝင်တစားလေ့လာနေသူတွေအဖို့ 
အရမ်းကို သိချင်ကြလိမ့်မယ်လို့ လည်း
ယူဆမိပါတယ်။ ဒါဟာ.. ဒွာဒသိန်ကျမ်းကိုပြောတာပါ။ တစ်ခါက စာကြည့်တိုက်မှာဝါသနာရှင်တစ်ဦးက
လာရောက်တောင်းဆိုလို့  စာအုပ်ရှိပါကြောင်း PDF ပြုလုပ်တင်ပြပါမည့်အကြောင်းပြန်ကြားထားခဲ့ဘူးပါတယ်။ ခုတော့ ...
ဒီလိုအပ်ချက်အတွက်.. ကျနော်တို့ မြန်မာအင်တာနက်စာကြည့်တိုက်က
PDF ဖန်တီးတင်ပြလိုက်ပါတယ်။
အမီလိုက်ပြီး ဥာဏ်ချင်းတူရင် ယူနိုင်ကြဖို့ ပါ။ ပြီးတော့..
" ထန်း အုန်း ဂျုတ် ဇီး ဝါ မုံ သီး ဆေးကြီး သံဒိဌ " ဆိုတဲ့ မြုပ်ကွက်ကလေးတွေကို ပါ ဒီကျမ်းကို
လေ့လာပြီး ဆက်စပ်တွေးတောလို့  ရနိုင်သွားလိမ့်မယ်လို့ လည်းမျှော်လင့်မိ
ပါတယ်။ လေ့လာနေသူများအတွက်
အလွန်တန်ဘိုးရှိလှတဲ့ စာအုပ်လေးပါခင်ဗျာ။ ဆရာဦးသိန်းလွင် က  လွယ်ကူရှင်းလင်းစွာရေးသားပြ  ရှင်းလင်းပြ ထားပါတယ်။  တကယ်တော့  ပုဂ္ဂလပညတ်ဟာ ဒွာဒသိန်နဲ့  တွက်ချက်ပြီးမှ ရုပ်ဆေး နာမ်ဆေး ပေးတာပါ။ ပူ အေး တက် သက် ပွင့် ပိတ် ဆိုသည့်အချက်များကို
လည်း လက်မလွတ်ပါဘူး ဆိုတာ ..
ကျမ်းတွေကို ဆက်စပ်လေ့လာပြီးရင်
အလွန်ရှင်းလင်းစွာသိရှိသွားမှာဖြစ်ပါတယ်.. ။ ဆက်လက်ပြီးတော့လည်း
အိုင်ကလောင်ဆရာကြီး ဆရာလှိုင် ၏
ပုဂ္ဂလပညတ်ဓါတ်ကျမ်းလိုစာအုပ်မျိုး
တွေကိုဆက်လက်လေ့လာနိုင်ဖို့ အတွက်လည်းများစွာအထောက်အကူဖြစ်စေမှာပါ။
ဒီမှာ   Download    ပါ။
အခြေပြုဒွာဒသိန်ကျမ်း- Sayar U Thein Lwin( ဦးသိန်းလွင်) အခြေပြုဒွာဒသိန်ကျမ်း- Sayar U Thein Lwin( ဦးသိန်းလွင်) Reviewed by Unknown on Sunday, March 13, 2016 Rating: 5
No comments