ချွေးနှင့်သွေးနှင့်ရင်းသည့်မြေ - ကျော်အောင်


ချွေးနှင့်သွေးနှင့်ရင်းသည့်မြေ
ရေးသူ - ကျော်အောင်

ကောလိပ်ဂျင်နေ၀င်းနဲ့ မြင့်မြင့်ခင်တို့ ပါဝင်
ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ခုပါ

"သီပေါမင်းပါတော်မူသည်မှ လွတ်လပ်ရေးရသည်အထိ
ချွေးနှင့်သွေးနှင့်ရင်း၍ ဤမြေကိုကာကွယ်ခဲ့ကြရသည်။
ဤမြေကြီးက ရွှေသီးအောင် ချွေးဖြင့်ရင်းခဲ့သည်။
ဤမြေကြီးကို တိုင်းတပါးလက်သို့မရောက်အောင် သွေးဖြင့်ရင်းခဲ့ရသည်။
ဤမြေအတွက်ကျခဲ့ရသောချွေးတို့ကား မဟာသမုဒ္ဒရာအပြည့်ပင်..." တဲ့


တိုင်းပြည်ဆိုတာ
မြေကိုခေါ်တာ။

အဲ့ဒီ့မြေပေါ်က
သီးနှံထွက်အောင် လုပ်တဲ့လူကိုတော့
လယ်သမားလို့ခေါ်တယ်။

အဲ့ဒီ့မြေထဲက
အဖိုးတန်ရတနာတွေကို
တူးဖော်တဲ့လူကျတော့ အလုပ်သမား။

အဲ့တာတွေကို
ကာကွယ်စောင့်ရှောက်တဲ့အပိုင်းကတော့
အစိုးရ။

လို့ စာအုပ်အစမှာ ကဗျာလေးကိုလည်းဖတ်ရမှာပါ။

အစဉ်အဆက် သွေးချွေးတို့နဲ့ရင်းခဲ့ရတဲ့ ဒီမြေ...
ဒီမြေကို ချစ်တတ်အောင် ဒီစာအုပ်လေးက ပြောပြပေးမှာပါ
ဖတ်သင့်တဲ့စာအုပ်လေးမို့ လက်တို့လိုက်ပါရစေရှင်

ဒီမှာ download ပါ
ချွေးနှင့်သွေးနှင့်ရင်းသည့်မြေ - ကျော်အောင် ချွေးနှင့်သွေးနှင့်ရင်းသည့်မြေ - ကျော်အောင် Reviewed by Unknown on Saturday, February 13, 2016 Rating: 5

No comments