၇၈ချပ် တားရော့ကဒ် - ဝသုန်ဦး
၇၈ချပ် တားရော့ကဒ်
မေဂျာနှင့်မိုင်နာတားရော့ကဒ်များ အဓိပ္ပါယ်
ဝသုန်ဦး၊ Mr. Tarot ရေးသားသည်။
တားရော့သည် ရှေ့ဖြစ်ဟောသက်သက်မဟုတ်ပါ။ ဖြစ်လာနိုင်သည်များနှင့် သင်သတိမပြုမိသည်များကို ရှု.ထောင့်တစ်ခုမှ အကြံပေးသော ကဒ်များသာဖြစ်ပါတယ်။
တားရော့သည် လုံးဝဆိုးကျိုးမပေး မခိုက်တတ်ပါ။
အယူအဆမှားများသာဖြစ်ပါသည်။
တားရော့သည် သင့်ကို လိုချင်တာများရအောင် ကူညီသောကဒ်ဖြစ်ပါသည်။
တားရော့ tarot မှာ ဟောနည်းစနစ်ရယ်လို့ မရှိပါ။ မရှိလည်းမရှိခဲ့ပါ။ ပုံသေနည်းမရှိပါ။ တစ်ယောက်ချင်းစီ အလိုက် မတူကွဲပြားပါလိမ့်မယ်။ အဓိပ္ပါယ်ကောက်ယူတာလည်းဒီအတိုင်းပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် ကွာမှာပါ။
ဒီတော့ ကဒ်တစ်ကဒ်ကို ကြည့်လိုက်ပြီဆိုရင်...
၁။ ကိုယ့်စိတ်မှာ ကဒ်ရဲ့ အဓိပ္ပါယ်နဲ့ သဘောတရားကို ဘယ်လိုမြင်လဲ တွေးပါ။
၂။ ကိုယ့်မေးခွန်း ဒါမှမဟုတ် ကိုယ့်အဖြစ်အပျက်နဲ့ ဘယ်လိုဆက်စပ်နေပါသလဲကြည့်ပါ။
၃။ ကဒ်အဓိပ္ပါယ်များ ဆိုပြီး ရေးထားတာတွေရှိပါတယ်။ အဲ့ဒါတွေနဲ့ကိုက်ကြည့်ပါ။
၎။ ကိုယ်ဖတ်သက်ရင့်လာတာနဲ့အမျှ ကြုံခဲ့ရတဲ့ အတွေ.အကြုံကိုထည့်သုံးတတ်လာလိမ့်မယ်။
၅။ ကဒ်ရဲ့ ပုံထဲက အရာတစ်ခုခု နဲ့ အပြင်မှာ ရှိတာတစ်ခုခုနဲ့ ဆက်စပ်နေတယ်လို့ ခံစားမိလား။
၆။ စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်စွာ အကောင်းအဆိုးနှစ်ဖက်လုံးမနင်းဘဲ ပုံမှန်တည့်တည့်ကနေ ခံစားချက်ပြင်းပြင်း မပါဘဲ စိတ်ထဲထင်သည့်အတိုင်းဖတ်ပါ။
၇။ ဘယ်တော့မှ မကောင်းသည်ကို အတင်းလုပ်ယူကာ အကောင်းမဟောပါနှင့်။
စာချစ်သူများတောင်းဆိုသောစာအုပ်လဲဖြစ်ပါတယ်ရှင်။ ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်နော်........
ဒီမှာDownloadပါ
၇၈ချပ် တားရော့ကဒ် - ဝသုန်ဦး
Reviewed by Unknown
on
Wednesday, February 17, 2016
Rating:
Reviewed by Unknown
on
Wednesday, February 17, 2016
Rating:

No comments