ပုဂံ​ကျောင်းက​ခေါင်း​လောင်းသံ - တင်​မိုး




          ပုဂံ​ကျောင်းက ​ခေါင်း​လောင်းသံ

ရေးသူ.....တင်​မိုး


     * မိုးမ​သောက်​မီ *
.........................................

. သန်း​ခေါင်​မ​ကျော်​၊ ကြယ်​မ​ပေါ်မီ
  ဟို​မျှော်​သည်​မှန်း၊ ​ယောင်​ကန်းကန်းနှင့်
  စမ်းတ၀ါးဝါး ဖြစ်​ဦးမည်​။
  အ​မှောင်​တွင်းက သီချင်းသည်​။
  အုန်​​မောင်းမ​ခေါက်​၊ မိုးမ​သောက်​မီ
  လမ်း​ပျောက်​၍သာ ​နေဦးမည်​။
  အ​မှောင်​တွင်းက သီချင်းသည်​။
_
. ကြယ်​နီမ​ပေါ်၊ စည်​မ​ဆော်​မီ
  ရဲ​ဘော်​​လေလား၊ ရန်​သူလားဟု
  ဝိုးဝါးဖြစ်​​နေ​ပေဦးမည်
  အ​မှောင်​တွင်းက သီချင်းသည်​။
...
...
       ခ​ရေဆယ်​ပွင့်
( တိ​မွေးကုတက္ကသိုလ်​ ဆယ်​နှစ်​ပြည့်​စာ​စောင်​ )
၂၀.၂.၇၄





        * နက်​ဖြန်​လာလမ်း *
...........................................


_ ရွှံ့ ထဲနွံထဲ ဗွက်​အိုင်​ထဲမှ
   ရဲရဲနီတျာ၊ ပဒုမ္မာလည်း
   အခါမတန်​၊ မပွင့်​ပြည့်​ပန်​လျက်
   မိုးသံမသာ၊ မိုးမလာ​သေး။

_ ပန်းများပွင့်​ရက်​၊ မိုးရွာရက်​ကား
   နက်​ဖြန်​ နက်​ဖြန်​ ၊ မနက်​ဖြန်​တည့်​။
_ ​နွေကို​တော်​လှန်​၊ မိုးသစ်​ဖန်​မည့်
   နက်​ဖြန်​လာလမ်း၊ သာစခန်းသို့
   လှမ်းကြသွက်​သွက်​၊ ကမ်းကြလက်​။


ဆရာကြီးရဲ့ကဗျာများကိုဖတ်​ရှု့ရင်းဖြင့်​​ကျေနပ်​မိမယ်​လို့ယုံကြည့်​ပါတယ်​ရှင်​။တောင်းဆိုသူများကိုလဲ​ကျေးဇူးအထူးတင်​မိပါတယ်​ရှင်​။ ​တောင်းဆိုလို့သာ ကျမလဲဝင်​​ရောက်​ဖတ်​ကြည့်​မိသွားတာပါရှင်​။ ဆရာကြီးရဲ့ကဗျာလက်​ရာ​တွေကာဖြင့်​ အလွန့်​အလွန်​အဖိုးတန်​လှပါတယ်​ရှင်​။ အမှတ်​တရအ​နေဖြင့်​လဲဆရာကြီးတင်​မိုးရဲ့ကဗျာများကိုထိန်းသိမ်းထားပါလို့ဆန္ဒပြုရင်း.............




     ဒီမှာDownloadပါ
ပုဂံ​ကျောင်းက​ခေါင်း​လောင်းသံ - တင်​မိုး ပုဂံ​ကျောင်းက​ခေါင်း​လောင်းသံ - တင်​မိုး Reviewed by Unknown on Monday, December 14, 2015 Rating: 5

No comments