အမေနှင့် အမေ့အကြောင်း ... ချစ်စံဝင်း
ပရိတ်သတ်များရှင် မိခင်ဆိုတာလူတိုင်းမှာ အစားထိုးမရနိုင်သော အနန္တော၊ အနန္တဂိုဏ်းဝင် သက်ရှိထင်ရှားရတနာတစ်ပါးဖြစ်ပါတယ်။ ခေတ်ကာလများမည်သို့ပင်ပြောင်းလဲခြင်းရှိစေကာမူ ကကြီးမှ အ အက္ခရာစဉ် မရှိခင်ကတည်းက ဖွဲ့နွဲ့မကုန်နိုင်ခဲ့သော မိဘများရဲ့မေတ္တာတရားအကြား နူးညံစွာတွယ်တာရသော မိခင်များ၏ ရင်ငွေ့ကိုနမ်းရိုက်ခွင့်ရနေသရွေ့ မိဘကျေးဇူးဆပ်နိုင်ကြပါစေရှင်။ ဒီစာအုပ်လေးမှာ ဆရာက မိခင်လောင်းများရဲ့ မေတ္တာတရား ဝတ္ထုတိုလေးများကို အခန်းကဏ္ဍ ၂၉ ခုအနေဖြင့်ရှေးအခါ မဒီဒေဝီ၏ မျက်ရည်တဖြိုင်ဖြိုင်သွန်းစေခဲ့သည့် မိခင်သောကမှသည် တိရစ္ဆာန်မိခင်လောင်းများအထိ တင်ဆက်ပေးထားတာမို့ မိခင်ကိုချစ်သောသူများနှင့် စာပေလေ့လာလိုက်စားသူများကလည်း ခေတ္တမျှဖြစ်စေ ဖတ်ရှု့ လေ့လာပါလို့ တိုက်တွန်းပါရစေလားရှင်။
Download
အမေနှင့် အမေ့အကြောင်း ... ချစ်စံဝင်း
Reviewed by သိမ့်သိမ့်
on
Sunday, December 27, 2015
Rating:
No comments