သမီးပြည့်တန်ဆာ ...မင်းခိုက်စိုးစံ, ထက်မြတ်နိုင်ဇင်
မကြာသေးမီကမှ ပရိတ်သတ်တစ်ဦးလာရောက်တောင်းဆိုသွားတဲ့စာအုပ်လေးပါရှင် ပြောင်းလဲစွာတိုးတက်လာသောခေတ်ကာလနဲ့အညီ မိန်းမသားမျိုးစုံ၏တန်ဖိုးကို ပေတံမျိုးစုံဖြင့် အလွှာစုံမှ တိုင်းတာနေခဲ့ကြပါပြီ။ လောကသဘာဝအရ ရေများရင် ရေနိုင်သလို၊ မီးများရင် မီးနိုင် ခဲ့တာပါပဲ။ ငွေကြေးချမ်းသာသူတို့၏ ဖောက်ပြန်မှု့ ကို လူသိနည်းသော်လည်း၊ မပြည့်စုံသူတို့ မှာများပြားတဲ့ စကားလုံးများအကြားမျောလွင့်ခဲ့ရတာပါ။ မောင်ငယ်ညီမငယ်လေးများ စားပွဲခုံတစ်ခုတည်းပြုံးရွှင်စွာ စားသောက်နိုင်ဖို့ မလိုချင်သော်လည်း ကံကြမ္မာအရ မိမိဘဝ နှစ်မြှပ်ခံ၍ အရင်းတည်ပေးနေရသော ကြမ်းတမ်းလှတဲ့ဘဝကံအကျိုးပေးမိန်းမသားတစ်ယောက်ဖြစ်တဲ့ "သူမ" ကို၊ ဓနရှင်ဖြစ်သော်လည်း နှလုံးသားမရှိ၊ လူမမယ်ကလေးငယ်အားလျှို့ဝှက်စွာဖျက်သိမ်းပစ်ပယ်ခဲ့သော "ဧကရီထဋ်" မှ ဆိုလိုက်တာက......
"ငါတို့က အမျိုးနဲ့၊ ဂုဏ်နဲ့၊ ဒြပ်နဲ့ နေကြတာဟဲ့
နင့်လို ယောက်ျားတစ်ကာရင်ခွင်ကို အိပ်ယာလုပ်နေတဲ့ မိန်းမကို ......................ဆိုလေသောအခါမှာတော့
*****************
Download
သမီးပြည့်တန်ဆာ ...မင်းခိုက်စိုးစံ, ထက်မြတ်နိုင်ဇင်
Reviewed by သိမ့်သိမ့်
on
Sunday, December 27, 2015
Rating:
No comments