ကောင်းကင်​စိတ်​နဲ့​မြေလိုကျင့်​တဲ့ဧည့်​သည်​ကြီးနှင့်​သူ၏ကဗျာများ - တင်​မိုး
ရေးသူ...တင်​မိုး
  *    ဗမာပြည်ကမောင်လူလှ *
*********************************
* ငါတို့ကြာဖူးတာက
  တို့ရွာသားတွေ
   မြို့တကာသွားပြီး
   မော်တော်ကားတွေနဲ့
   ဒေါ်လာစာတွေဟဲ့...တဲ့
   ပျော်စရာစကားတွေ ကြာခဲ့ရသကိုးကွဲ့ ။
* အမေရိက ငါရောက်တော့
   အနောက်အရှေ့၊ တအောက်မေ့မေ့နဲ့
   တယောက်တွေ့ နှစ်ယောက်တွေ့
   မပျောက်သရွေ့ တွေ့ခဲ့ရ။
* တချို့က _
   လူပီပီ မအိပ်ရ
   ဆူရှီလိပ်ရရှာသတဲ့။
   တချို့က စက်ရုံမှာ
   လက်ကုန် လုပ်ရရှာသတဲ့။
   တချို့က _
   ဘုရားကျောင်းက
   တံခါးအပေါင်းကို စောင့်ရသတဲ့။
   တချို့က _
   နေ့ကျောင်းတက်
   ညဖက်အလုပ်ဆင်း ငုတ်တုတ်လင်းရသတဲ့။
* ဖုန်းနဲ့ဆက် ဖက်စ်နဲ့ပြော
   ခရီးဝေးရင်လဲ အီးမေးနဲ့ပြော
   မောသမျှ ပြောပြရင်း
   သောကတွေ ဖြေရရှာတယ်။
   စားစရာလဲ မပူရ
   နေစရာလဲ မပူရ
   ဖြေစရာလဲ မပူရ
   ဗမာပြည်သား မောင်လူလှမှာ
   ဒီမိုကရေစီ ရ မရကိုပဲ
   တ တတ မျှော်မှန်း
   အပူခန်း ဖွင့်နေရရှာသတဲ့။
* ခုတော့ဖြင့်_ဒုက္ခသည်ဘဝအဆုံးသတ်
   ဂရင်းကဒ်ကလေးလဲရ
   အိမ်လှလှနဲ့ ဇိမ်မကျ တကျ နေနိုင်ပါရဲ့။
   စပိန်မနဲ့လဲ ချစ်ခြင်းတူ မတူတူ
   Living together ဆိုလား
   ဘာဆိုလား_တဲ့။
   ဘာလိုလိုနဲ့
   တဝါတောင် ဆိုတော့မယ်။
   ဒီလို.....ဒီလို.....
   အချစ်တန်ခိုးပြခဲ့
   စစ်အစိုးရကိုတော့ မုန်းမြဲမုန်း
   နှလုံးသားထဲက လက်မခံ
   အော့ကြောလန်လို့ ဆန္ဒပြရင်
   ရှေ့ဆုံးက သူပါတာချည်းပါပဲ။
* တနာရီ တမီနစ်မျှ
   ဗမာပြည်ကို မချစ်တာမရှိ
   အလွန့်အလွန် သစ္စာရှိပါသတဲ့။
* ဗမာပြည်က မောင်လူလှတို့
   နောင်မပူရစေဖို့
   အောင်သူဘဝရောက်စေကြောင်း_
   ကညာမဒီ အခြံအရံနဲ့
   ဗမာပြည်အပြန် လှစေကြောင်း
   ဆုတောင်းလိုက်ပါရဲ့ကွယ်။        ။
_
တင်မိုး
၀၇ ၊ ၁၃ ၊ ၂၀၀၀ ကြာသာပတေးညနေခင်း၊ ဘော့စတွန် ( Boston, MA )။   ။
ဆရာကြီးအသက်​ပြည့်​အမှတ်​တရအ​နေနဲ့ကဗျာတိုတိုတစ်​ပုဒ်​​ရေးဖွဲ့ပါတယ်​။ အဲ့ကဗျာ​လေးဟာ သူ အကျဉ်းခံကာလမှာ ပထမဆုံးဖွဲ့တဲ့ ကဗျာ​လေးလို့​ပြောခဲ့ပါတယ်​ရှင်​။
ကဗျာ​လေးကဖြင့်​သည်​လိုပါတဲ့ရှင်​..
" ငါကွ ၊ ငါဟ
   ဘာကမှ ရှာမရ
   မာန ပြာကျ
   စာနာမျှသည်
   လငပုတ်​ဖမ်း လွတ်​ခဲ့ပြီး........"တဲ့။ ဒါပါပဲ ။
ဆရာကြီးစာချစ်​ပရိတ်​သတ်​များ​တောင်းဆိုမှု့​ကြောင့်​ရှာ​ဖွေတင်​ဆက်​​ပေးလိုက်​ပါတယ်​ရှင်​။ ကဗျာများစွာ အနှစ်​သာရ ရှိရှိဖြင့်​ဖတ်​ရှု့လိုက်​ပါ​တော့လားရှင်​။
          ဒီမှာDownloadပါ
ကောင်းကင်​စိတ်​နဲ့​မြေလိုကျင့်​တဲ့ဧည့်​သည်​ကြီးနှင့်​သူ၏ကဗျာများ - တင်​မိုး ​ကောင်းကင်​စိတ်​နဲ့​မြေလိုကျင့်​တဲ့ဧည့်​သည်​ကြီးနှင့်​သူ၏ကဗျာများ - တင်​မိုး Reviewed by Unknown on Monday, December 14, 2015 Rating: 5
No comments