ခရမ္းျပာ႐ုိက္ကူသူမ်ား မိၿပီဆိုေသာ သတင္းအမွား

Facebook အမွားေတြၾကား အမွန္ရွာ

==========================
==========================

ခရမ္းျပာညစ္ညမ္းကား႐ိုက္ကူးသူမ်ားကို သက္္ေသခံပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ ေၾကာင္း သတင္းမွားကို NaingLinn Tun အမည္ျဖင့္ ေဖ့စ္ဘြတ္ခ္ အသံုးျပဳသူက ဧၿပီ ၂၆ ရက္တြင္ ေဖာ္ျပခဲ့သည္။

အဆိုပါညစ္ညမ္းဇာတ္ကား ကို အြန္လိုင္းေပၚတင္၍ေရာင္းခ် ေနသူမ်ားကိုေငြလႊဲသည့္ ဘဏ္ ကတ္မွတစ္ဆင့္ ေျခရာခံ၍စံုစမ္း ေဖာ္ထုတ္ခဲ့ရာ႐ုိက္ကူးေရးပစၥည္းမ်ားႏွင့္အတူ တရားခံသံုးဦးဖမ္း ဆီးရမိေၾကာင္း NaingLinn  Tun အေကာင့္က ေရးသားေဖာ္ျပခဲ့ သည္။

ဖမ္းဆီး ရမိသူမ်ားသည္ ေမာင္ဖာ အသက္( ၃၂) (ဘ)ဦးတုတ္ႀကီး၊ေမာင္မ်ိဳးခ်စ္ေမာင္ အ သက္(၂၄) (ဘ) ဦးထြား၊ ေမာင္ရဲ ခ်စ္ အသက္ (၃၀) (ဘ)ဦးျပဴးတို႔ ျဖစ္ေၾကာင္းေဖာ္ျပထားသည္။ ယင္းခရမ္းျပာဇာတ္ကားကို လႈိင္ သာယာရွိေနအိမ္တစ္လံုးတြင္ ၂၀၁၆ က ႐ုိက္ကူးၿပီး ျပည့္တန္ဆာျဖစ္သူ မခေရပြင့္ အသက္ (၂၃) (ဘ) ဦးတင္မာႏွင့္ ႐ိုက္ ကူးခဲ့ေၾကာင္း၊ မခေရပြင့္မွာလြတ္ ေျမာက္ေရွာင္ပုန္းလ်က္ရွိၿပီး ေန ျပည္ေတာ္အနီးတစ္ဝိုက္တြင္ ဖမ္း ဝရမ္းထုတ္၍ ဆက္လက္ရွာေဖြ ေနဆဲရွိေၾကာင္း NaingLinn Tun ေဖ့စ္ဘြတ္ခ္အေကာင့္က ေရး သားထားသည္။

ထို႔အျပင္ဖမ္းဆီးထိန္းသိမ္း ထားသူမ်ားႏွင့္ ထြက္ေျပးလြတ္ ေျမာက္ေနသူမ်ားသည္ ေတာသူ ေတာသားမ်ားျဖစ္ေန၍ လက္ခံ ထားသူေတာသူေတာသားမ်ား ကိုတရားဥပေဒအရ အေရးယူ မည္ျဖစ္ေၾကာင္း သတင္းထုတ္ ျပန္ထားပါသည္ဟု ဆက္လက္ ေဖာ္ျပထားသည္။

အဆိုပါသတင္းႏွင့္အတူ ခ ရမ္းျပာဇာတ္ကား ေၾကာ္ျငာပိုစ တာပံု၊ တရားခံကိုရဲတပ္ဖြဲ႕ဝင္မ်ား က ဖမ္းဆီး႐ံုးထုတ္လာသည့္ ပံု သုံးပံုကိုလည္း ေဖာ္ျပထားသည္။

NaingLinn Tun ေဖ့စ္ ဘြတ္ခ္စာမ်က္ႏွာ၏ ေဖာ္ျပမႈကို ႀကိဳက္ႏွစ္သက္သည့္ သေကၤတ၊ ရယ္ေမာသည့္သေကၤတ၊ အံၾသ သည့္သေကၤတမ်ားျဖင့္တုံ႕ျပန္သူ ၄၃ ဦးရွိခဲ့သည္။ မွတ္ခ်က္ျပဳမႈရွစ္ ခုရွိ၍ ျပန္လည္မွ်ေဝသူမရွိခဲ့ေပ။ သို႔ေသာ္ NaingLinn Tun အ ေကာင့္ကို Credit ေပး၍အထက္ ေဖာ္ျပပါပို႔စ္ကို ေဖာ္ျပသည့္ ေဖ့စ္ ဘြတ္ခ္အသံုးျပဳသူအမ်ားအျပား ရွိခဲ့သည္။ ထို႔အျပင္ Up-To-Date သတင္းေပါင္းစံု၊ ApannPyay.com စသည့္အြန္လိုင္းစာ မ်က္ႏွာမ်ားတြင္ မွ်ေဝသည့္ ေဖ့စ္ ဘြတ္ခ္စာမ်က္ႏွာမ်ားက ယင္းသ တင္းကို ေဖာ္ျပခဲ့သည္။

အဆိုပါသတင္းသည္မွား ယြင္းေနၿပီး လက္ရွိအခ်ိန္ထိခရမ္းျပာ ညစ္ညမ္းဇာတ္ကား႐ုိက္ကူးသူမ်ားကို ဖမ္းဆီးႏိုင္ျခင္းမရွိေသးဘဲစံုစမ္းေနေၾကာင္းစီအိုင္ဒီမွ ရဲအရာရွိႀကီးတစ္ဦးက ေျပာၾကားသည္။

ထို႔အျပင္ NaingLinn Tun အေကာင့္က ေဖာ္ျပထားသည့္ရဲတပ္ဖြဲ႔ဝင္မ်ားက တရားခံကိုဖမ္း ဆီး၍ ႐ံုးထုတ္လာသည့္္ ဓာတ္ပံုမ်ားသည္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ကို  ေဖ့စ္ဘြတ္ခ္တြင္ ဆဲဆိုေရးသားမႈေၾကာင့္ ၆၆ (ဃ) ျဖင့္ တရားစြဲဆို ထားျခင္းခံရသူ ငဖာ (ခ)ေဇာ္ေဇာ္ အေကာင့္ပိုင္ရွင္ကို ႐ံုးထုတ္လာသည့္ ဓာတ္ပံုမ်ားျဖစ္ေနသည္။

=============

7Day News Journal

http://www.7daydaily.com/story/94908

Unicode

ခရမ်းပြာရိုက်ကူသူများ မိပြီဆိုသော သတင်းအမှား

---

Facebook အမှားတွေကြား အမှန်ရှာ

==========================
==========================

ခရမ်းပြာညစ်ညမ်းကားရိုက်ကူးသူများကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ ကြောင်း သတင်းမှားကို NaingLinn Tun အမည်ဖြင့် ဖေ့စ်ဘွတ်ခ် အသုံးပြုသူက ဧပြီ ၂၆ ရက်တွင် ဖော်ပြခဲ့သည်။

အဆိုပါညစ်ညမ်းဇာတ်ကား ကို အွန်လိုင်းပေါ်တင်၍ရောင်းချ နေသူများကိုငွေလွှဲသည့် ဘဏ် ကတ်မှတစ်ဆင့် ခြေရာခံ၍စုံစမ်း ဖော်ထုတ်ခဲ့ရာရိုက်ကူးရေးပစ္စည်းများနှင့်အတူ တရားခံသုံးဦးဖမ်း ဆီးရမိကြောင်း NaingLinn Tun အကောင့်က ရေးသားဖော်ပြခဲ့ သည်။

ဖမ်းဆီး ရမိသူများသည် မောင်ဖာ အသက်( ၃၂) (ဘ)ဦးတုတ်ကြီး၊မောင်မျိုးချစ်မောင် အ သက်(၂၄) (ဘ) ဦးထွား၊ မောင်ရဲ ချစ် အသက် (၃၀) (ဘ)ဦးပြူးတို့ ဖြစ်ကြောင်းဖော်ပြထားသည်။ ယင်းခရမ်းပြာဇာတ်ကားကို လှိုင် သာယာရှိနေအိမ်တစ်လုံးတွင် ၂၀၁၆ က ရိုက်ကူးပြီး ပြည့်တန်ဆာဖြစ်သူ မခရေပွင့် အသက် (၂၃) (ဘ) ဦးတင်မာနှင့် ရိုက် ကူးခဲ့ကြောင်း၊ မခရေပွင့်မှာလွတ် မြောက်ရှောင်ပုန်းလျက်ရှိပြီး နေ ပြည်တော်အနီးတစ်ဝိုက်တွင် ဖမ်း ဝရမ်းထုတ်၍ ဆက်လက်ရှာဖွေ နေဆဲရှိကြောင်း NaingLinn Tun ဖေ့စ်ဘွတ်ခ်အကောင့်က ရေး သားထားသည်။

ထို့အပြင်ဖမ်းဆီးထိန်းသိမ်း ထားသူများနှင့် ထွက်ပြေးလွတ် မြောက်နေသူများသည် တောသူ တောသားများဖြစ်နေ၍ လက်ခံ ထားသူတောသူတောသားများ ကိုတရားဥပဒေအရ အရေးယူ မည်ဖြစ်ကြောင်း သတင်းထုတ် ပြန်ထားပါသည်ဟု ဆက်လက် ဖော်ပြထားသည်။

အဆိုပါသတင်းနှင့်အတူ ခ ရမ်းပြာဇာတ်ကား ကြော်ငြာပိုစ တာပုံ၊ တရားခံကိုရဲတပ်ဖွဲ့ဝင်များ က ဖမ်းဆီးရုံးထုတ်လာသည့် ပုံ သုံးပုံကိုလည်း ဖော်ပြထားသည်။

NaingLinn Tun ဖေ့စ် ဘွတ်ခ်စာမျက်နှာ၏ ဖော်ပြမှုကို ကြိုက်နှစ်သက်သည့် သငေ်္ကတ၊ ရယ်မောသည့်သငေ်္ကတ၊ အံသြ သည့်သငေ်္ကတများဖြင့်တုံ့ပြန်သူ ၄၃ ဦးရှိခဲ့သည်။ မှတ်ချက်ပြုမှုရှစ် ခုရှိ၍ ပြန်လည်မျှဝေသူမရှိခဲ့ပေ။ သို့သော် NaingLinn Tun အ ကောင့်ကို Credit ပေး၍အထက် ဖော်ပြပါပို့စ်ကို ဖော်ပြသည့် ဖေ့စ် ဘွတ်ခ်အသုံးပြုသူအများအပြား ရှိခဲ့သည်။ ထို့အပြင် Up-To-Date သတင်းပေါင်းစုံ၊ ApannPyay.com စသည့်အွန်လိုင်းစာ မျက်နှာများတွင် မျှဝေသည့် ဖေ့စ် ဘွတ်ခ်စာမျက်နှာများက ယင်းသ တင်းကို ဖော်ပြခဲ့သည်။

အဆိုပါသတင်းသည်မှား ယွင်းနေပြီး လက်ရှိအချိန်ထိခရမ်းပြာ ညစ်ညမ်းဇာတ်ကားရိုက်ကူးသူများကို ဖမ်းဆီးနိုင်ခြင်းမရှိသေးဘဲစုံစမ်းနေကြောင်းစီအိုင်ဒီမှ ရဲအရာရှိကြီးတစ်ဦးက ပြောကြားသည်။

ထို့အပြင် NaingLinn Tun အကောင့်က ဖော်ပြထားသည့်ရဲတပ်ဖွဲ့ဝင်များက တရားခံကိုဖမ်း ဆီး၍ ရုံးထုတ်လာသည့် ဓာတ်ပုံများသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဖေ့စ်ဘွတ်ခ်တွင် ဆဲဆိုရေးသားမှုကြောင့် ၆၆ (ဃ) ဖြင့် တရားစွဲဆို ထားခြင်းခံရသူ ငဖာ (ခ)ဇော်ဇော် အကောင့်ပိုင်ရှင်ကို ရုံးထုတ်လာသည့် ဓာတ်ပုံများဖြစ်နေသည်။

=============

7Day News Journal

http://www.7daydaily.com/story/94908
ခရမ္းျပာ႐ုိက္ကူသူမ်ား မိၿပီဆိုေသာ သတင္းအမွား ခရမ္းျပာ႐ုိက္ကူသူမ်ား မိၿပီဆိုေသာ သတင္းအမွား Reviewed by Naethit on Monday, May 01, 2017 Rating: 5

No comments