အိမ္ေထာင္ေရး ပိုခိုင္ၿမဲေစဖို႔ ေန႔စဥ္လုပ္သင့္တဲ့နည္းလမ္း (၁၁)ခ်က္

အိမ္ေထာင္ေရးခိုင္ၿမဲေအာင္လုပ္ဖို႔အတြက္ အရမ္းႀကီး အားသြန္ခြန္စိုက္လုပ္စရာေတာ့ မလိုအပ္ပါဘူး။ သင္တို႔ႏွစ္ေယာက္အေနနဲ႔ ရိုးရွင္းၿပီး ေသးငယ္တဲ့ အခ်က္ေလးေတြကေန ခိုင္ၿမဲတဲ့ အိမ္ေထာင္ေရးအဆင့္ကို ဖန္တီးႏိုင္ပါတယ္။ အၿမဲတမ္းဆိုတဲ့ အဓိပၸာယ္က လက္ထပ္မႈတစ္ခုမွာ အားစိုက္ထုတ္မႈနဲ႔ အခ်စ္ေမတၱာေတြပါတယ္ဆိုတဲ့အေၾကာင္း ျပသႏိုင္တဲ့ သက္ေသတစ္ခုပါ။ သင့္အေနနဲ႔ လြယ္ကူတဲ့ နည္းလမ္းေလးေတြကို ရွာေဖြၿပီး သင့္ရဲ႕ အိမ္ေထာင္ေရးကို ေက်ာက္ေဆာင္ေက်ာက္တံုးေတြ တမွ်ခိုင္ၿမဲေအာင္ ဖန္တီးလိုက္ပါ။ 

၁။သင့္လက္တြဲေဖာ္ရဲ႕ လက္ကုိ အၿမဲ ဆုပ္ကိုင္ထားပါ။ စိတ္ၾကည္ႏူးမႈေလးတစ္ခုက သင္တုိ႔ႏွစ္ေယာက္ၾကား ျဖစ္လာမွာ အမွန္ပါပဲ။ 

၂။ေကာ္ဖီေသာက္ဖို႔ပဲျဖစ္ျဖစ္၊ မုန္႔သြားစားဖို႔ပဲ ျဖစ္ျဖစ္ အခ်ိန္နည္းနည္းေပးပါ။ အဲဒီအခ်ိန္မွာ သင္တို႔ရဲ႕ ဖုန္းေတြကို မသံုးဘဲ စက္ပိတ္ထားလိုက္ပါ။

 ၃။ဆြဲေဆာင္မႈရွိတဲ့ ဒါမွမဟုတ္ ခ်စ္စရာေကာင္းတဲ့ မက္ေဆ့ခ်္ေလးေတြ တစ္ေန႔တစ္ေစာင္ေလာက္ေတာ့ ပံုမွန္ပို့ပါ။

 ၄။ႏွစ္ေယာက္အတူ ၀ိုင္ေသာက္ရင္း ညစာစားပါ။

 ၅။မနက္ပိုင္း ႏိုးထလာတဲ့အခါ လိင္ဆက္ဆံပါ။ ဒါက မနက္ အိပ္ယာထတဲ့အခါ အိပ္ယာထခ်င္မယ့္ အေကာင္းဆံုးနည္းလမ္းတစ္ခုျဖစ္ၿပီး သင္တို႔ႏွစ္ေယာက္ဟာ ဇနီးေမာင္ႏွံေတြဆိုတာ ျပန္လည္ အမွတ္ရေစမွာပါ။

 ၆။အတူကစားပါ။ သင့္အေနနဲ႔ မနက္အတူေစာေစာထၿပီး ေျပးတာ၊ေယာဂက်င့္တာ၊ အားကစားမ်ိဳးစံု အတူကစားၾကည့္တာေတြ လုပ္သင့္ပါတယ္။ 

၇။ေန႔တစ္ေနကုန္ဆံုးသြားရင္ ရယ္ေမာစရာေတြနဲ႔ အဆံုးသတ္ပါ။ တစ္ေန႔တာအလြဲေတြအေၾကာင္း အျပန္အလွန္ေျပာၿပီး ရယ္စရာေတြ ဖန္တီးတာမ်ိဳးေပါ့။

 ၈။တစ္ေယာက္နဲ႔တစ္ေယာက္နားလည္ခြင့္လႊတ္ပါ။ တစ္ေယာက္နဲ႔တစ္ေယာက္ အျပန္အလွန္နားလည္ၿပီး ကိုယ့္လက္တြဲေဖာ္ကိုပဲ အရိပ္တၾကည့္ၾကည့္ေနတတ္ၾကတဲ့စံုတြဲေတြဟာ ေပ်ာ္ရႊင္စရာ အမ်ားဆံုးပါ။

 ၉။အလုပ္ေတြကို အိမ္သယ္မလာပါနဲ႔။ နွစ္ေယာက္အတူရွိေနခ်ိန္၊အနားယူေနခ်ိန္ေတြမွာ အလုပ္ကို ေခါင္းထဲက ထုတ္ထားတာကလည္း သင့္ရဲ႕ အိမ္ေထာင္ေရး ပိုခိုင္ၿမဲေစမယ့္ အခ်က္ေတြထဲက တစ္ခုပါပဲ။

 ၁၀။ေန႔စဥ္ အနမ္းေပးတာကလည္း သင့္နဲ႔ သင့္လက္တြဲေဖာ္ၾကားမွာ ရိုးအီမသြားတဲ့ အေျခအေနတစ္ခုကို ပံုေဖာ္ေပးႏိုင္ပါတယ္။

 Ref:popsugar

Unicode

အိမ်ထောင်ရေးခိုင်မြဲအောင်လုပ်ဖို့အတွက် အရမ်းကြီး အားသွန်ခွန်စိုက်လုပ်စရာတော့ မလိုအပ်ပါဘူး။ သင်တို့နှစ်ယောက်အနေနဲ့ ရိုးရှင်းပြီး သေးငယ်တဲ့ အချက်လေးတွေကနေ ခိုင်မြဲတဲ့ အိမ်ထောင်ရေးအဆင့်ကို ဖန်တီးနိုင်ပါတယ်။ အမြဲတမ်းဆိုတဲ့ အဓိပ္ပာယ်က လက်ထပ်မှုတစ်ခုမှာ အားစိုက်ထုတ်မှုနဲ့ အချစ်မေတ္တာတွေပါတယ်ဆိုတဲ့အကြောင်း ပြသနိုင်တဲ့ သက်သေတစ်ခုပါ။ သင့်အနေနဲ့ လွယ်ကူတဲ့ နည်းလမ်းလေးတွေကို ရှာဖွေပြီး သင့်ရဲ့ အိမ်ထောင်ရေးကို ကျောက်ဆောင်ကျောက်တုံးတွေ တမျှခိုင်မြဲအောင် ဖန်တီးလိုက်ပါ။ ၁။သင့်လက်တွဲဖော်ရဲ့ လက်ကို အမြဲ ဆုပ်ကိုင်ထားပါ။ စိတ်ကြည်နူးမှုလေးတစ်ခုက သင်တို့နှစ်ယောက်ကြား ဖြစ်လာမှာ အမှန်ပါပဲ။ ၂။ကော်ဖီသောက်ဖို့ပဲဖြစ်ဖြစ်၊ မုန့်သွားစားဖို့ပဲ ဖြစ်ဖြစ် အချိန်နည်းနည်းပေးပါ။ အဲဒီအချိန်မှာ သင်တို့ရဲ့ ဖုန်းတွေကို မသုံးဘဲ စက်ပိတ်ထားလိုက်ပါ။ ၃။ဆွဲဆောင်မှုရှိတဲ့ ဒါမှမဟုတ် ချစ်စရာကောင်းတဲ့ မက်ဆေ့ချ်လေးတွေ တစ်နေ့တစ်စောင်လောက်တော့ ပုံမှန်ပို့ပါ။ ၄။နှစ်ယောက်အတူ ဝိုင်သောက်ရင်း ညစာစားပါ။ ၅။မနက်ပိုင်း နိုးထလာတဲ့အခါ လိင်ဆက်ဆံပါ။ ဒါက မနက် အိပ်ယာထတဲ့အခါ အိပ်ယာထချင်မယ့် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပြီး သင်တို့နှစ်ယောက်ဟာ ဇနီးမောင်နှံတွေဆိုတာ ပြန်လည် အမှတ်ရစေမှာပါ။ ၆။အတူကစားပါ။ သင့်အနေနဲ့ မနက်အတူစောစောထပြီး ပြေးတာ၊ယောဂကျင့်တာ၊ အားကစားမျိုးစုံ အတူကစားကြည့်တာတွေ လုပ်သင့်ပါတယ်။ ၇။နေ့တစ်နေကုန်ဆုံးသွားရင် ရယ်မောစရာတွေနဲ့ အဆုံးသတ်ပါ။ တစ်နေ့တာအလွဲတွေအကြောင်း အပြန်အလှန်ပြောပြီး ရယ်စရာတွေ ဖန်တီးတာမျိုးပေါ့။ ၈။တစ်ယောက်နဲ့တစ်ယောက်နားလည်ခွင့်လွှတ်ပါ။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်နားလည်ပြီး ကိုယ့်လက်တွဲဖော်ကိုပဲ အရိပ်တကြည့်ကြည့်နေတတ်ကြတဲ့စုံတွဲတွေဟာ ပျော်ရွှင်စရာ အများဆုံးပါ။ ၉။အလုပ်တွေကို အိမ်သယ်မလာပါနဲ့။ နှစ်ယောက်အတူရှိနေချိန်၊အနားယူနေချိန်တွေမှာ အလုပ်ကို ခေါင်းထဲက ထုတ်ထားတာကလည်း သင့်ရဲ့ အိမ်ထောင်ရေး ပိုခိုင်မြဲစေမယ့် အချက်တွေထဲက တစ်ခုပါပဲ။ ၁၀။နေ့စဉ် အနမ်းပေးတာကလည်း သင့်နဲ့ သင့်လက်တွဲဖော်ကြားမှာ ရိုးအီမသွားတဲ့ အခြေအနေတစ်ခုကို ပုံဖော်ပေးနိုင်ပါတယ်။ Ref:popsugar
အိမ္ေထာင္ေရး ပိုခိုင္ၿမဲေစဖို႔ ေန႔စဥ္လုပ္သင့္တဲ့နည္းလမ္း (၁၁)ခ်က္ အိမ္ေထာင္ေရး ပိုခိုင္ၿမဲေစဖို႔ ေန႔စဥ္လုပ္သင့္တဲ့နည္းလမ္း (၁၁)ခ်က္ Reviewed by Naethit on Tuesday, May 02, 2017 Rating: 5

No comments