ထမင္းစားၿပီးၿပီျခင္း မလုပ္သင့္ေသာအခ်က္(၅)ခ်က္
အစာစားျပီးျပီးခ်င္း လဲွအိပ္တာမ်ိဳး သုိ႔မဟုတ္ ထုိင္ခုံေပၚ ဇိမ္က်က်ထုိင္ျခင္းစတာေတြ လုပ္ေလ့ရိွၾကပါတယ္။ ဒါေပမယ့္ ဒီမွားယြင္းတဲ့ အျပဳအမူေတြ ေနာက္ထပ္မလုပ္မိပါေစနဲ႔။ ဒီအေလ့အက်င့္ေတြက က်န္းမာေရးအႏၱရာယ္ေတြ ျဖစ္ေစပါလိမ့္မယ္လုိ႔ တတ္သိကြ်မ္းက်င္သူေတြက ဆိုပါတယ္။
၁။ ေဆးလိပ္ေသာက္ျခင္း
ေဆးလိပ္မွာ ေအာက္ဆီဂ်င္ကို ထိန္းခ်ဳပ္တဲ့ နီကိုတင္းဓာတ္ပါဝင္ပါတယ္။ အစာေကာင္းစြာေျခဖ်က္ဖုိ႔အတြက္ ခႏၶာကိုယ္မွာ ေအာက္ဆီဂ်င္လိုအပ္ပါတယ္။ ေအာက္ဆီဂ်င္အလုံအေလာက္မရိွဘူးဆိုရင္ ခႏၶကုိယ္မွ ကင္ဆာျဖစ္ေစတဲ့အရာေတြ စတင္စုပ္ယူပါတယ္။ အစာစားျပီးေသာက္တဲ့ ေဆးလိပ္တစ္လိပ္ဟာ တျခားအခ်ိန္မွာ ေသာက္တဲ့ေဆးလိပ္ (၁၀)လိပ္နဲ႔ညီမွ်ေၾကာင္း ေလ့လာမႈေတြအရ သိရပါတယ္။
၂။ သစ္သီးဝလံစားျခင္း
သစ္သီးေတြကို ထမင္းမစားခင္ စားရပါမယ္၊ စားျပီးမွ မဟုတ္ပါဘူး။ အစာေခ်ဖို႔အတြက္ သစ္သီးေတြဟာ အထူးအင္ဇုိင္းေတြ လုိအပ္ပါတယ္။ ခႏၶာကိုယ္မွ သစ္သီးရိွသဘာဝသၾကားဓာတ္ေတြ စုပ္ယူဖုိ႔ အခ်ိန္ပိုၾကာပါတယ္။
၃။ အိပ္စက္ျခင္း
ထမင္းစားျပီး တစ္ေမွးအိပ္တာ လူေတြ သိပ္သေဘာက်တဲ့အရာတစ္ခုျဖစ္ေပမယ့္ က်န္းမာေရးနဲ႔မညီညြတ္တဲ့ အျပဳအမူတစ္ခုဆုိတာ သိထားသင့္ပါတယ္။ အိပ္စက္မႈပုံစံအေႏွာင့္အယွက္ျဖစ္ျခင္းအျပင္ ကသိကေအာက္ျဖစ္ျခင္းနဲ႔ ေလထုိးျခင္းေတြလည္း ျဖစ္ေစႏုိင္ပါတယ္။
၄။ ေရမုိးခ်ဳိးျခင္း
ထမင္းစားျပီးျပီးခ်င္း လုံးဝမလုပ္သင့္တဲ့အရာေတြထဲက တစ္ခုက ေရမိုးခ်ဳိးျခင္း ျဖစ္ပါတယ္။ ေရေႏြးနဲ႔ေရခ်ဳိးျခင္းက ေျခလက္သုိ႔ ေသြးလည္ပတ္စီးဆင္းမႈ ပိုေကာင္းေစျပီး အစာအိပ္သုိ႔ ေသြးစီးဆင္းမႈ ေလ်ာ့နည္းေစတာမုိ႔ အစာေျခဖ်က္မႈ ထိခုိက္ေစပါလိမ့္မယ္။
၅။ ေရေႏြးၾကမ္းေသာက္ျခင္း
လက္ဖက္ေျခာက္က က်န္းမာေရးအတြက္ အလြန္ေကာင္းမြန္ႏုိင္ေပမယ့္ ထမင္းစားျပီးခ်င္းေတာ့ မေသာက္သင့္ပါဘူး။ ထမင္းစားျပီးခ်င္း ေရေႏြးၾကမ္းေသာက္ျခင္းက ခႏၶကုိယ္အတြင္း သံဓာတ္စုပ္ယူမႈ အေႏွာင့္အယွက္ျဖစ္ေစပါလိမ့္မယ္။ သံဓာတ္စုပ္ယူမႈနည္းျပီး သံဓာတ္ခ်ဳိ႕တဲ့မႈ ျဖစ္ပြားျခင္းေၾကာင့္ ေသြးအားနည္းေရာဂါ၊ မူးေဝျခင္း၊ အားအင္ကုန္ခန္းျခင္းနဲ႔ ပင္ပန္းႏြမ္းလ်မႈေတြ ျဖစ္ေစတတ္ပါတယ္။
Ref: goodmorningcenter
Unicode
အစာစားပြီးပြီးချင်း လဲှအိပ်တာမျိုး သို့မဟုတ် ထိုင်ခုံပေါ် ဇိမ်ကျကျထိုင်ခြင်းစတာတွေ လုပ်လေ့ရှိကြပါတယ်။ ဒါပေမယ့် ဒီမှားယွင်းတဲ့ အပြုအမူတွေ နောက်ထပ်မလုပ်မိပါစေနဲ့။ ဒီအလေ့အကျင့်တွေက ကျန်းမာရေးအန္တရာယ်တွေ ဖြစ်စေပါလိမ့်မယ်လို့ တတ်သိကျွမ်းကျင်သူတွေက ဆိုပါတယ်။
၁။ ဆေးလိပ်သောက်ခြင်း
ဆေးလိပ်မှာ အောက်ဆီဂျင်ကို ထိန်းချုပ်တဲ့ နီကိုတင်းဓာတ်ပါဝင်ပါတယ်။ အစာကောင်းစွာခြေဖျက်ဖို့အတွက် ခန္ဓာကိုယ်မှာ အောက်ဆီဂျင်လိုအပ်ပါတယ်။ အောက်ဆီဂျင်အလုံအလောက်မရှိဘူးဆိုရင် ခန္ဓကိုယ်မှ ကင်ဆာဖြစ်စေတဲ့အရာတွေ စတင်စုပ်ယူပါတယ်။ အစာစားပြီးသောက်တဲ့ ဆေးလိပ်တစ်လိပ်ဟာ တခြားအချိန်မှာ သောက်တဲ့ဆေးလိပ် (၁၀)လိပ်နဲ့ညီမျှကြောင်း လေ့လာမှုတွေအရ သိရပါတယ်။
၂။ သစ်သီးဝလံစားခြင်း
သစ်သီးတွေကို ထမင်းမစားခင် စားရပါမယ်၊ စားပြီးမှ မဟုတ်ပါဘူး။ အစာချေဖို့အတွက် သစ်သီးတွေဟာ အထူးအင်ဇိုင်းတွေ လိုအပ်ပါတယ်။ ခန္ဓာကိုယ်မှ သစ်သီးရှိသဘာဝသကြားဓာတ်တွေ စုပ်ယူဖို့ အချိန်ပိုကြာပါတယ်။
၃။ အိပ်စက်ခြင်း
ထမင်းစားပြီး တစ်မှေးအိပ်တာ လူတွေ သိပ်သဘောကျတဲ့အရာတစ်ခုဖြစ်ပေမယ့် ကျန်းမာရေးနဲ့မညီညွတ်တဲ့ အပြုအမူတစ်ခုဆိုတာ သိထားသင့်ပါတယ်။ အိပ်စက်မှုပုံစံအနှောင့်အယှက်ဖြစ်ခြင်းအပြင် ကသိကအောက်ဖြစ်ခြင်းနဲ့ လေထိုးခြင်းတွေလည်း ဖြစ်စေနိုင်ပါတယ်။
၄။ ရေမိုးချိုးခြင်း
ထမင်းစားပြီးပြီးချင်း လုံးဝမလုပ်သင့်တဲ့အရာတွေထဲက တစ်ခုက ရေမိုးချိုးခြင်း ဖြစ်ပါတယ်။ ရေနွေးနဲ့ရေချိုးခြင်းက ခြေလက်သို့ သွေးလည်ပတ်စီးဆင်းမှု ပိုကောင်းစေပြီး အစာအိပ်သို့ သွေးစီးဆင်းမှု လျော့နည်းစေတာမို့ အစာခြေဖျက်မှု ထိခိုက်စေပါလိမ့်မယ်။
၅။ ရေနွေးကြမ်းသောက်ခြင်း
လက်ဖက်ခြောက်က ကျန်းမာရေးအတွက် အလွန်ကောင်းမွန်နိုင်ပေမယ့် ထမင်းစားပြီးချင်းတော့ မသောက်သင့်ပါဘူး။ ထမင်းစားပြီးချင်း ရေနွေးကြမ်းသောက်ခြင်းက ခန္ဓကိုယ်အတွင်း သံဓာတ်စုပ်ယူမှု အနှောင့်အယှက်ဖြစ်စေပါလိမ့်မယ်။ သံဓာတ်စုပ်ယူမှုနည်းပြီး သံဓာတ်ချို့တဲ့မှု ဖြစ်ပွားခြင်းကြောင့် သွေးအားနည်းရောဂါ၊ မူးဝေခြင်း၊ အားအင်ကုန်ခန်းခြင်းနဲ့ ပင်ပန်းနွမ်းလျမှုတွေ ဖြစ်စေတတ်ပါတယ်။
Ref: goodmorningcenter
ထမင္းစားၿပီးၿပီျခင္း မလုပ္သင့္ေသာအခ်က္(၅)ခ်က္
Reviewed by Naethit
on
Tuesday, May 02, 2017
Rating:

No comments