မိမိကွန်ပျူတာ လျင်မြန်သွက်လက်စွာ အလုပ်လုပ်စေနိုင်မယ့် နည်းလမ်း (၆) ချက်
၎။ ကွန်ပျူတာပိတ်ပါ
Ref: Popsugar 
Unicode
ကွန်ပျူတာအသုံးပြုတိုင်း အမြဲတမ်း အဝိုင်းတွေ တလည်လည်ဖြစ်နေတာလောက် စိတ်ပျက်စရာကောင်းတာမရှိပါဘူး။ အောက်ပါနည်းလမ်းတွေနဲ့ ဒီဒုက္ခတွေ ဖယ်ရှားပြီး အရေးကြီးဖိုင်တွေကို လုံခြုံအောင်ထားကာ မိမိကွန်ပျူတာကို ပိုမိုလျင်မြန်သွက်လက်အောင် ဆောင်ရွက်ပါ။ 
၁။ Desktop ကို စနစ်တကျစီစဉ်ထားရှိပါ
မိမိအများဆုံးသုံးဖြစ်တာတွေ folder ဆောက်ပြီး document တွေကို အဲဒီထဲထားပါ။ မလိုအပ်တာတွေ အမှိုက်ပုံးထဲ ပစ်ထည့်ပါ။
၂။ အမှိုက်ပုံးရှင်းလင်းပါ
မိမိကွန်ပျူတာ နှေးကွေးလေးလံနေရတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်နိုင်ပေမယ့် အမှိုက်ပုံးရှင်းလင်းဖို့ ကျွနု်ပ်တို့ မေ့လေ့ရှိကြပါတယ်။ အရေးကြီးအချက်အလက်တွေ မဆုံးရှုံးအောင် သေချာစစ်ဆေးပြီး နေရာလွတ်ပိုရအောင် အမှိုက်ပုံးကို ရှင်းထုတ်ပါ။
၃။ သိမ်းဆည်းချင်တဲ့အချက်အလက်တွေ back up လုပ်ပေးပါ
Cloud ၊ Google Apps သို့မဟုတ် USB ဘယ်ဟာပဲသုံးသုံး ဓာတ်ပုံ၊ ဖိုင်၊ သီချင်းနဲ့ ကွန်ပျူတာကို တစ်စေနိုင်တဲ့ တခြားအချက်အလက်တွေကို အမြဲတမ်း back up လုပ်ပါ။
၄။ ကွန်ပျူတာပိတ်ပါ
မိမိကွန်ပျူတာကို မကြာမကြာ ပိတ်ပြီး အနားပေးပါ။ ဒီလိုလုပ်ခြင်းဖြင့် update ဖြစ်ပြီး အနားပေးရင်း အားပြန်ပြည့်စေပါလိမ့်မယ်။
၅။ မသုံးဖြစ်တဲ့ app တွေကို ရှင်းလင်းသုတ်သင်ပါ
အကယ်၍ app တွေကို မသုံးဖြစ်ဘူးဆိုရင် ဖျက်ပြီး ပြန်လှည့်မကြည့်ပါနဲ့။ နှစ်နဲ့ချီထားပြီး တစ်ခါမှလည်း မဖွင့်ဘူးဆိုရင် နောက်လည်း ဖွင့်ဖြစ်မှာ မဟုတ်ပါဘူး။ Memory (RAM) ပြည့်ရုံလေးသာ ဖြစ်စေပါတယ်။
၆။ အမြဲတမ်း update ဖြစ်အောင်ထားပါ
ကွန်ပျူတာဟာ အကြောင်းကြောင်းကြောင့် update ပုံမှန်လုပ်ပေးဖို့ လိုအပ်ပါတယ်။ တခါတလေ update ဖြစ်နေဖို့ ဒါမှမဟုတ် ဖြစ်နိုင်ခြေရှိတဲ့ malware နဲ့ security bugs ရန်ကနေ ကာကွယ်ပေးပါတယ်။ ဘာလိုပဲဖြစ်ဖြစ် update လုပ်ပေးပါ။ 
Ref: Popsugar 
မိမိကွန်ပျူတာ လျင်မြန်သွက်လက်စွာ အလုပ်လုပ်စေနိုင်မယ့် နည်းလမ်း (၆) ချက် မိမိကွန်ပျူတာ လျင်မြန်သွက်လက်စွာ အလုပ်လုပ်စေနိုင်မယ့် နည်းလမ်း (၆) ချက် Reviewed by Naethit on Tuesday, May 02, 2017 Rating: 5
No comments