ဦးအောင်လှကိုလွှတ်ပေးပါ-ဇော်ဝင်းကို
ဦးအောင်လှကိုလွှတ်ပေးပါ နှင့် အခြားဆောင်းပါးများ
ရေးသူ- ဇော်ဝင်းကို
ဒီစာအုပ်ကို ရေးသူ ဆရာဇော်ဝင်းကိုဟာ စာရေးကျဲပေမယ့် စိတ်ပါ
လို့ ရေးလိုက်ရင်တော့  တကယ့်ကိုကောင်းတဲ့စာတွေပါ။ ဒီစာအုပ်မှာ ဖော်ပြပါရှိတဲ့ဆောင်းပါးတွေဟာ စာရေးသူက စတိုင်သစ်.. ဟန်သစ်..စသည့်မဂ္ဂဇင်းတွေမှာ အနှစ်နှစ်ဆယ်အတွင်းရေးခဲ့သမျှအကုန်နီးပါးပါဝင်တဲ့အပြင် အမျိုးအစားတွေကလည်း
စာပေအတွေးအမြင်.. အမှတ်တရရုပ်ပုံလွာ .. စာပေဝေဘန်ရေး.. ဥပဒေရေးရာစသည်ဖြင့် စုံလှပါတယ်။ 
ဦးအောင်လှ  ဆိုတာ မြစ်ဝကျွန်းပေါ်ဒေးဒရဲဇာတိ
အသက် ၆၀ ကျော်လယ်သမားကြီးပါ..
ပုန်ကန်မှုနဲ့ စွဲခဲ့ပြီး သေဒါဏ်ချမှတ်ခဲ့ပါတယ်။
သူနဲ့ အတူ သားဖြစ်သူဟာလည်း တောင်သူလယ်သမားသူပုန်အဖြစ် သေဒါဏ်ချမှတ်ခံရပြီး တစ်ရက်တည်း တစ်ချိန်တည်းမှာ နှစ်ဦးစလုံးကိုကြိုးပေးကွပ်မျက်
်ခြင်းခံခဲ့ရပါတယ်။ ကြိုးစင်ပေါ်တက်ခါနီး သားဖြစ်သူက အဖေ့ကို ကန်တော့ပြီး အပြစ်များရှိပါက ခွင့်လွတ်ပါရန် ပြောတဲ့အခါ.. ဦးအောင်လှက ..
ငါ့သား မင်းမှာအမှားမရှိပါဘူး။ စိုးရိမ်ကြောင့်ကြမဖြစ်ပါနဲ့ .. တို့ နှစ်ယောက်ဟာ အသေမြတ်ပါတယ်။ အမျိုး ဘာသာ သာသနာအတွက်အသက်စွန့် ရတာမြတ်ပါတယ်။ နောင်သံသရာ
အဆက်ဆက် မှာ အကျိုးပေးမြတ်ပါလိမ့်မယ်.. အဲ့ဒါကို သတိချပ်သွားပါ ... လို့  သားကိုပြောပြီးကြိုးစင်ထက်ကို တည်တည်ငြိမ်ငြိမ်တက်သွားခဲ့သူ
ူဖြစ်ပါတယ်။
ဒီဆောင်းပါးကို ၂၀၀၆ ခုနှစ်က စာဖတ်သူတိုင်းနှစ်ခြိုက်ခဲ့ကြပြီး
ရွှေအမြုတေစာပေဆုအတွက်ရွေး
ချယ်ခြင်းခံခဲ့ရပါတယ်။
ဒီလို စာကောင်းစာသန့့် လေးတွေကို တကူးတက pdf ဖန်တီးပြီးမျှဝေပေးသူ  ( NyiSay - Ebook creator ) ကိုလည်း အထူး
ကျေးဇူးတင်ရပါကြောင်းဖော်ပြ
လျှက် မြန်မာအင်တာနက်စာကြည့်တိုက်၏ စာချစ်သူများအတွက် ဆက်လက်မျှဝေလိုက်ရပါတယ်။
ဒီမှာ    Download   ပါ။
ဦးအောင်လှကိုလွှတ်ပေးပါ-ဇော်ဝင်းကို ဦးအောင်လှကိုလွှတ်ပေးပါ-ဇော်ဝင်းကို Reviewed by Unknown on Wednesday, July 06, 2016 Rating: 5
No comments