အနုပဋိလောမရုပ်ဝါဒ- မြသန်းတင့်
အနုပဋိလောမရုပ်ဝါဒ
ရေးသူ- မြသန်းတင့်
ဒီစာအုပ်က ဆိုရှယ်လစ်သဘောတရားအယူအဆတွေကို ရေးသားထားသည့်စာအုပ်ပါ။ ၁၉၆၃ ခုနှစ်ကထုတ်ဝေခဲ့တာဖြစ်ပြီးအဲ့ဒီအချိန်ကကမ္ဘာမှာ ဆိုရှယ်လစ်ဝါဒကအရှိန်အဟုန်နဲ့ အားကောင်းနေချိန်ဖြစ်ပါတယ်။ နိုင်ငံအတော်များများကလည်းဆိုရှယ်လစ် အလုပ်သမားအဘိဓမ္မာတွေကို ယုံကြည်မျှော်လင့်ခဲ့ကြတဲ့အချိန်ပေါ့။ ခု ချိန်မှာ ပြန်လည်ဖတ်ရှုရတာ ဆန်းသစ်မှုမရှိ ခေတ်မမီဟုထင်စရာပေမယ့် တစ်ချိန်က ဒီသဘောတရားတွေကို ဘာကြောင့်များ ဒီလောက်ထိအောင် လူတွေယုံကြည်လက်ခံခဲ့ကြပါလိမ့်ဆိုတဲ့အချက်က စူးစမ်းချင်စရာကောင်းနေပါတယ်။တကယ်တော့ နိုင်ငံရေးသဘောတရားအဘိဓမ္မာတွေကိုလေ့လာရတာဟာ ..
စနစ်တစ်ခု၏ အမှားတွေ အားနည်းချက်တွေမြင်ရတိုင်း ပိုမိုကောင်းမွန်မှုတွေဆီကို ဦးတည်သည့် အပြုသဘော အတွေးအခေါ်သစ်တွေလည်းရလာတတ်ပါတယ်။ ဒါကပဲ ဗဟုသုတဆိုတာထက်ပိုတဲ့အမြတ်တစ်ခုပေါ့ဗျာ။
လေ့လာကြည့်ကြရအောင်ပါ။
ဒီမှာ Download ပါ။
ဦဖေသိန်း(လျှပ်စစ်) ရေးတဲ့ လျှပ်စစ်ပညာနှင့် လက်တွေ့အသုံးချနည်း စာအုပ်လေးရှိရင်တင်ပေးပါခင်ဗျာ။
ReplyDelete