မြန်​မာအင်​တာနက်​စာကြည့်​တိုက်​ (၁) လ ပြည့်​အထိမ်းအမှတ်​အထူးအစီအစဉ်


မင်္ဂလာပါခင်ဗျာ...
မြန်မာအင်တာနက်စာကြည့်တိုက်
ကိုကျွန်တော်တို့ ညီအကို
မောင်နှမတစ်သိုက် စတင်ခဲ့တာ ဒီနေ့
တစ်လပြည့်မြောက်ခဲ့ပါပြီ။
တစ်လတာကာလအတွင်း စာပေချစ်သူများက
တစ်ခဲနက်အားပေးခဲ့ကြပါတယ်။ဒါဟာကျွန်တော်တို့
အတွက် လွန်စွာဝမ်းသာပီတိဖြစ်ရပြီး
စာကြည့်တိုက်၏ အသိပညာ ဗဟုသုတများ
မျှဝေပေးရန် ရည်မှန်းချက်အတွက်
များစွာအားတက်စေခဲ့ပါတယ်။အားပေးသော
စာပေချစ်သူအားလုံးကို
မြန်မာအင်တာနက်စာကြည့်တိုက်မှ
အထူးကျေးဇူးတင်ရှိပါကြောင်း နှင့်
စာအုပ်တောင်းဆိုသူ မိတ်ဆွေများအတွက်
ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ဖို့ ကျွန်တော်တို့
အကောင်းဆုံး
ကြိုးပမ်းဆောင်ရွက်မှာဖြစ်ပါကြောင်းကိုလည်း
ပြောပါရစေခင်ဗျာ။
တစ်လပြည့်အမှတ်တရအစီအစဉ်လေးအဖြစ်ကျွန်တော်တို့တစ်ခုလုပ်ဖို့စဉ်းစားမိပါတယ်။ ဒါက...
တစ်လတာကာလအတွင်းမှာစာကြည့်တိုက်ကစာအုပ်တစ်အုပ်ကိုဖြစ်စေ သတင်းစကားနဲ့စာကြည့်တိုက်ရဲ့ link ကိုဖြစ်စေ
မိမိရဲ့ facebook စာမျက်နှာမှာဖြစ်စေ မိမိပါဝင်နေတဲ့ group မှာဖြစ်စေ ဆက်လက်မျှဝေပေးခဲ့သည့်စာချစ်သူများအနက် အကြိမ်အများဆုံး  ၃ ဦးကိုရွေးချယ်ပြီး ဆုအဖြစ်စာအုပ်လေးတွေဒေါင်းရာမှာသုံးဖို
       ပထမဆုကို ၁၅၀၀၀ကျပ်တန်ငွေဖြည့်ကဒ်
       ဒုတိယဆုကို ၁၀၀၀၀ကျပ်တန်ငွေဖြည့်ကဒ်
       တတိယဆုကို ၅၀၀၀ကျပ်တန်ငွေဖြည့်ကဒ်
လေးတွေပေးမညိ့အစီအစဉ်ပါ။
မျှဝေခဲ့ကြောင်းအထောက်အထား screen shot ပုံလေးတွေကိုစာကြည့်တိုက်၏ Message Boxမှာပေးပို့နိုင်ပါတယ်
 ဆုရသူများကိုကျွန်တော်တို့ဒီစာမျက်နှာလေးမှာဖော်ပြပေးသွားမှာပါ ပို့ရမည့်ရက်မှာ ဇူလိုင်(၁)ရက်နေ့ မှ ဇူလိုင်လ (၃)ရက်နေ့ထိဖြစ်ပါသည်။ ထိုမှကျော်လွန်သော အဖြေလွှာများအား ပယ်ဖျက်မည်ဖြစ်ပါသည်။ ၁၁.၇.၂၀၁၅ရက်နေ့၌ဆုရရှိသူများကိုကြေငြာထုတ်ပေးသွားမည်ဖြစ်ပါသည်။အဖြေလွှာများကိုစီစစ်ပြီးတစ်ပတ်အတွင်းဆုရရှိသူများကိုထုတ်ပြန်ကြေငြာပေးမည်ဖြစ်ပါသည်။
(ထိုင်းနိုင်ငံရောက်နေသောမိတ်ဆွေများလည်းပေးပို့နိုင်ပါတယ် ဆိုင်ရာငွေကြေးနဲ့ငွေဖြည့်ကဒ်ကိုဆုအဖြစ်ပေးမှာပါ)
 စာရှုသူအားလုံးစိတ္တ ကာယ နှစ်ဖြာသောသုခနှင့်ပြည့်စုံလျက် အသိပညာဗဟုသုတများကုံလုံပြည့်ဝနိုင်ပါကြောင်းဆန္ဒမွန်ဖြင့်...

  မြန်မာအင်တာနက်စာကြည့်တိုက်အုပ်ချူပ်ရေးအဖွဲ့

ဖြေဆိုရန်မေးခွန်းများ
=================
၁။ ဗုဒ္ဓဘာသာဝင်တို့ အတွက် ဘုရားကိုယ်တော်တိုင်ဟောကြားခဲ
့သည်ဟုမှတ်ကျောက်တင်ထိုက်သောတရားနှစ်ပုဒ်ရှိပါသည်။ ယင်းတရားများနှင့်မည်သည့်စာအုပ်တွင်ဖော်ပြပါရှိသည်ကိုဖြေပါ။

၂။ ဆရာမကြီးဂျာနယ်ကျော်မမလေး ကစာရေးခြင်းအပြင်အခြားဘာ
အလုပ်လုပ်ခဲ့ပါသလဲ။ ယငိးသို့ လုပ်ဆောင်ခဲ့ရာတွင် မည်သည့် ပညာရပ်ကိုအသုံးပြုခဲ့ကြောင်း ဘယ်စာအုပ်တွင်ဖော်ပြပါရှိသည်ကို
ိုဖြေပါ။

၃။ ဥစ္စာဓန ဥပဒေသ ( ၅ ) ရပ်အနက်
နှစ်သက်ရာ ( ၃ ) ရပ်ကို ဖြေဆို၍ ယင်းဥပဒေသများဖော်ပြပါရှိသောစာအုပ်ကို ပါဖြေဆိုပေးပါ။

မှတ်ချက်။ မျှဝေခဲ့သည့် Screen Shot ပုံများပေးပို့ ခြင်းနှင့်အတူ မေးခွန်းများကိုလည်းဖြေဆိုရန်ဖြစ်ပါသည်။အဖြေများအားလုံး
စာကြည့်တိုက်မှတင်ပြခဲ့သည့်စာအုပ်များထဲတွင်  ရှိပါသည်။

မြန်​မာအင်​တာနက်​စာကြည့်​တိုက်​အုပ်​ချူပ်​​ရေးအဖွဲ့ 
မြန်​မာအင်​တာနက်​စာကြည့်​တိုက်​ (၁) လ ပြည့်​အထိမ်းအမှတ်​အထူးအစီအစဉ်​ မြန်​မာအင်​တာနက်​စာကြည့်​တိုက်​ (၁) လ ပြည့်​အထိမ်းအမှတ်​အထူးအစီအစဉ်​ Reviewed by Unknown on Saturday, June 27, 2015 Rating: 5

No comments