ခေါမသမိုင်းရိပ်​ပြ ဂန္ထ၀င်​ဇာတ်​ဆန်းများ - တက္ကသိုလ်​ဘုန်းနိုင်
ရေးသူ - တက္ကသိုလ်​ဘုန်းနိုင်
   <<<<<<>>>>>
စကားသစ္စာ
မှန်​​သောခါကား
သြဇာ​လေးနက်
ပေါ်ဆီတက်​၍
နွယ်​မြက်​သစ်​ပင်
ဆေးဖက်​၀င်​၏ ။         ။
        ( ရှင်​မဟာသီလ၀ံသ )
     <<<<<>>>>>
     `` သစ္စာ ´´
ငါ့စာဖတ်​၍ ၊ မမြတ်​တိုင်​​စေ
မရှုံး​စေသား ၊ ပျင်း​ပြေနှစ်​ခြိုက်
တွေးဖွယ်​ထိုက်​ရာ၊တစ်​ပုဒ်​တစ်​​လေ
တွေ့ပြား​ပေမူ ၊ စာ​ပေ​ကျေးကျွန်
ငါ့ဝတ်​ပွန်​ပြီး ၊ ငါမွန်​အမြတ်
ငါအတက်​ဟု ၊ စာ​ဖတ်​သူ​ပေါ်
ခေါင်းကို​ကျော်​၍ ၊ငါ​သော်​ဆရာ
မလုပ်​ပါတည်း ။          ။
              [ တက္ကသိုလ်​ဘုန်းနိုင်​ ]
ခေါမသမိုင်းရိပ်​ပြဂန္ထ၀င်​ဇာတ်​ဆန်းများကို ဆရာကြီး​ရေးသားတင်​ပြရာတွင်​ နှိုင်းယှဉ်​​လေ့လာရှုမြင်​နည်း ( compare and contrast ) ဖြင့်​ကမ္ဘာ့စာ​ပေကိုလည်းသိ​စေ ၊ မြန်​မာ့စာ​ပေ၌သူတို့စာ​ပေနှင့်​အပြိုင်​ အဆင့်​မြင့်​မြင့်​အရာတို့ရှိ​နေခြင်းကိုလည်းသိ​စေ ၊ ပရိသတ်​ကိုတရားမ​ဟော ဆရာမလုပ်​ဘဲ ရသစုံစုံ ၊ မြင်​ကွင်းစုံစုံဖြင့်​ဆွဲ​ဆောင်​လျက်​ မြန်​မာစာဖတ်​ပရိတ်​သတ်​နှင့်​ က​လောင်​သစ်​​လောင်းလျာများအတွက်​​ရေးသားတင်​ပြခဲ့ပုံမှာအလွန်​ပညာပါပြီး​ရေးရမလွယ်​​သော သာသာပြန်​နည်းပညာသုံးစာ​ပေကျမ်းပြု ပညာကြီးတစ်​ခုဖြစ်​ပါသည်​။
 မြန်​​မာစာ​ပေ​လောကတွင်​ ဆရာ​ဇော်​ဂျီ ၊ ဆရာမင်းသုဝဏ်​ တို့သည်​ ရသစာ​ပေအနုပညာရှင်​ဖြစ်​သကဲသို့ စာ​ပေပညာရှင်​လဲဖြစ်​​သော နှစ်​ထပ်​ကွမ်းဂုဏ်​နှင့်​ပြည့်​စုံသည့်​ ပညာရှင်​ကြီးများဖြစ်​​ပေသည်​။ ယခုအခါမှာလဲ စာ​ရေးဆရာအများစုထဲကမှ ဆရာတက္ကသိုလ်​ဘုန်းနိုင်​ကလဲ ........................
                  ဒီမှာDownloadပါ
ခေါမသမိုင်းရိပ်​ပြ ဂန္ထ၀င်​ဇာတ်​ဆန်းများ - တက္ကသိုလ်​ဘုန်းနိုင်​ ​ခေါမသမိုင်းရိပ်​ပြ ဂန္ထ၀င်​ဇာတ်​ဆန်းများ - တက္ကသိုလ်​ဘုန်းနိုင်​ Reviewed by Unknown on Thursday, June 23, 2016 Rating: 5
No comments