အချစ်​များစွာနဲ့ပါဆရာ - တင်​​မောင်​မြင့်


အမည်​.. အချစ်​များစွာနဲ့ပါဆရာ
ဘာသာပြန်​ ..တင်​​မောင်​မြင့်

မြန်​မာမာနိုင်​ငံရဲ့ တိုးချဲ့ပညာ​ရေးစီးမံကိန်းများအရ
မကြာမီမချိန်​တွင်း ဖူးပွင့်​လာ​တော့မည်​ 
ကျောင်းဆရာ/မ ​လောင်း​လေးများ အတွက်
အထူးသဖြင့်​ B.Sc, B.A ခွဲခြားမှု့​အောက်​တွင်
မရုန်းသာပဲ ​ပညာ​ရေး​လောကနိယာမအရ
လျို့ ဝှက်​စွာ ​အောက်​ကျခံရမည့်​ ​နေ့စာ ဆရာ/မ​လောင်းများ
ဖတ်​ထားသင့်​သည့်​စာအုပ်​လေး​က 1MBမျှသာ...

ကျောင်းဆရာ/မ တစ်​​ယောက်​ အမှန်​တကယ်​ဖြစ်​လာဖို့ ခဲယဉ်းပါတယ်​။ မိဘတွန်းအား​ကြောင့်​​သော်​လည်း​ကောင်း၊ စားဝတ်​​နေ​ရေးအ​ခြေ​နေအရ​သော်​လည်း​ကောင်း၊ ဒြပ်​တစ်​ခုကိုအ​ခြေပြု၍​သော်​လည်း ရပ်​တည်​​နေသူ​တွေရှိ​နေပြီးသားပါ။ အမှန်​တကယ်​ ပြည့်​ဝတဲ့ရည်​ရွယ်​ချက်​​တွေနဲ့ လှမ်းတက်​သွားသူ​တွေလည်းအများအပြားပါရှင်​။  အားလုံး​သော ဆရာ/မ ​တွေကို ယ​နေ့ထိလည်း ​လေးစား​နေရပါတယ်​။ ဒီစာအုပ်​​လေးမှာ ​ဘရိတ်​ဝိတ်​သည်​ ​ကျောင်းဆရာတ​ယောက်​ဖြစ်​လာဖို့ စိုးစဉ်းမျှရည်​ရွယ်​ချက်​မရှိခဲ့ရဘဲ မည်​သည့်​ဒီပလိုမာ၊ သင်​တန်းတစ်​ခုကို​သော်​မျှ တက်​​ရောက်​ခဲ့ရခြင်းမရှိပါပဲနှင့်​ ဆရာ ဖြစ်​လာခဲ့ရပါတယ်​။ ဘရိတ်​ဝိတ်​သွားရမည့်​​နေရာက ​ရေရှားပါးပြီး ​ကျောင်းသားများဆိုသွမ်းမှု့မှာ နာမည်​ကြီးတဲ့​ကျောင်း၊ နယ်​ခြားဆရာ/မများ တစ်​နှစ်​ပင်​မ​နေနိုင်​ခဲ့သည့်​​ ​​ကျောင်း​လေး၊ လူမည်းတစ်​​ယောက်​ဖြစ်​ခွင့်​ရရုံနှင့်​ အသားအ​ရောင်​နှင့်​လူမျိုး​ရေး ခွဲခွဲခြားမှု့ များ​အောက်​တွင်​ စိတ်​ဓာတ်​ကျဆင်းခဲ့​သော်​လည်း ဆရာတ​ယောက်​ရဲ့ အရည်​အ​သွေးကို လှပစွာ ထုတ်​​ဖော်​​ပေးသွားပါတယ်​။ တကယ်​​တော့ ​ကျောင်း ဆရာ/မ ဆိုတာ စာသင်​ဖို့တစ်​ခုတည်း မဟုတ်ခဲ့​ပါဘူးရှင်​......

                                        Download     

အချစ်​များစွာနဲ့ပါဆရာ - တင်​​မောင်​မြင့်​ အချစ်​များစွာနဲ့ပါဆရာ - တင်​​မောင်​မြင့်​ Reviewed by သိမ့်သိမ့် on Wednesday, May 25, 2016 Rating: 5

No comments