ကမ္ဘာပတ်၍ ဘုရားရှာခြင်း _ ဦးစိန်ထွန်း
ကမ္ဘာပတ်၍ ဘုရားရှာခြင်း
ရေးသူ.....ဦးစိန်ထွန်း ( မာမက_သုတေသီ )
ဤစာအုပ်တွင် အချို့အခန်းများကရှည်လျားပြီးအချို့အခန်းများမှာတိုးတောင်းနေသည်ကိုတွေ့မြင်ရမှာပါရှင်။ကမ္ဘာ့သမိုင်းတွင်တွေ့ရှိရသောလူ့အဖွဲ့အစည်းတိုင်း၏လူ့သမိုင်းအစအဆုံးကိုရေးသားဖော်ပြထားခြင်းမဟုတ်ဘဲ ကိုးကွယ်ယုံကြည်မှုပေါ်လွင်ထင်ရှားသော လူ့အဖွဲ့အစည်းများနှင့်နောက်ပိုင်းဘာသာရေးနှင့် အဓိကဆက်စပ်နေသော လူ့အဖွဲ့အစည်းများ၏သမိုင်းဖြစ်ရပ်များကိုရေးဖွဲ့ထားခြင်းဖြစ်ပေသည်။ ရေးသားထားရာတွင် သမိုင်းဖြစ်ရပ်များတစ်ခုလုံးကို အပြည့်အစုံဖော်ပြခြင်းမဟုတ်ဘဲ ကိုးကွယ်မှုဆိုင်ရာနှင့် ဆက်စပ်သိသာရုံမျှသာ ရေးသားဖော်ပြခြင်းဖြစ်သည့်အပြင် ၊ ဝေါဟာရအသုံးအနှုန်း ရွေးချယ်မှုကိုလည်း အတက်နိုင်ဆုံး ရွေးချယ်သုံးနှုန်းထားပါတယ်လို့ ဆရာကြီးဦစိန်ထွန်းက ပြောပြထားပါတယ်ရှင်။
လွန်းခဲ့သောနှစ် ၂၅၀၀ ကျော်က ဘုရားစစ်ဘုရားမှန်ကိုရှာခဲ့ကြသူများရှိ၏။ ဂန္ဓာရမင်း ပုက္ကုသာတိသည်သူမြို့မှ မိုင်းပေါင်းများစွာဝေးသောရာဇဂြိုလ်သို့ ခြေလျင်၍ ဘုရားကိုရှာခဲ့၏။ တွေ့ကား တွေ့၏။ သို့သော်ဘုရားမှန်မသိခဲ့ ၊ တရားနာပြီးမှ ဘုရားမှန်သိသည်ဟုဆို၏။ ဗာဟိယတိုင်းသာ ဒါရုစိရိယသည်လည်း သာဝတ္ထိသို့ အရောက်စွား၍ဘုရားရှာ၏။ တွေ့ပါ၏။ တရားအနည်းငယ်နာ၍တရားထူးရကာ ကွယ်လွန်ခဲ့ရသည်။ သုဘဒ္ဒပရိဗိုဇ်ကား ဘုရားကိုရှာရာဘုရား ပရိနိဗ္ဗာန်စံခါနီးဆဲဆဲမှ တွေ့ရ၏။ အနာထပိဏ်ဖြစ်သည့် သုဒတ္တသူကြွယ်ကြီးကား ညကြီးမင်းကြီး ဘုရားအရှာထွက်ခဲ့သူဖြစ်၏။ ဘုရားအရှာ သွားလမ်းတွင်အနိဋ္ဌာရုံအမျိုးမျိုးကြောင့်စိတ်ဓာတ်များပင်ပျက်ပြားခဲ့သေး၏။ သို့သော် ဇွဲမလျှော့၍ ဘုရားကိုတွေ့ကာ တရားနာရပြီး ဘုရားကျောင်းဒကာကြီးဖြစ်သွားခဲ့သည်။
ဤခေတ် နိုင်ငံပေါင်း ၁၆၀ ခန့်မှ ကမ္ဘာ့လူသား သန်း၅၀၀၀ တို့တွင် ဘုရားစစ် ဘုရားမှန် ၊တရားစစ် တရားမှန် ၊ သံဃာစစ် သံဃာမှန်များကိုရှာဖွေနေသူပေါင်းများစွာရှိကြသည်။
ဤကျမ်းတွင် ဂေါတမဗုဒ္ဓအပေါ် လူမျိုးခြား ကမ္ဘာ့စာပေပညာရှင်အသီးသီးတို့၏ ထင်မြင်ယူဆ ရေးပြချက်များကို ဖော်ပြထားကြောင်းတွေ့ရပါမည်။ အခြားဘာသာဝင်တို့ ကိုးကွယ်ရာအသီးသီးအကြောင်းကိုလည်း ဖော်ပြထားကြောင်းတွေ့ရပါမည်။ သို့ဖြစ်၍ ဤစာအုပ်သည် ဘာသာရေးကို စုံလင်စွာလေ့လာလိုသူများအတွက် များစွာအထောက်အကူပြုမည့်ကျမ်းစာဖြစ်ကြောင်းဖော်ပြလိုက်ရပါတယ်ရှင်။
မြန်မာအင်တာနက်စာကြည့်တိုက်မှစာချစ်ပရိတ်သတ်များတောင်းဆိုထားသောစာအုပ်ကောင်းတစ်အုပ်ပါရှင်။
ဒီမှာDownloadပါ
ကမ္ဘာပတ်၍ ဘုရားရှာခြင်း _ ဦးစိန်ထွန်း
Reviewed by Unknown
on
Saturday, January 02, 2016
Rating:
No comments