နှင်းကေသရာချစ်တဲ့ သူရဲကောင်း - ချစ်ဦးညို
မြန်မာအင်တာနက်စာကြည့်တိုက်ကို အားပေးသောပရိတ်သတ်များရှင်
ပရိတ်သတ်တောင်းဆိုမှူ့များစွာရှိသော ဆရာချစ်ဦးညို ပါ
ဆရာချစ်ဦးညိုရဲ့ " နှင်းကေသရာချစ်တဲ့သူရဲကောင်း "
ပရိတ်များရဲ့တောင်းဆိုမှူ့ကြောင့်တင်ဆက်ပေးလိုက်ရခြင်းပါ
ဒီစာအုပ်လေးက ပရိတ်သတ်တွေကိုဘယ်လိုဆွဲဆောင်သွားပါသလဲ
. . . . . . . . . . . . . . . . . . . . . . . . . .
" နှင်း. . . .နှင်းပန်းခိုင်ရယ် "
ပါးပြင်ပေါ်မှာ တစ်ပေါက်ချင်းကျနေသော သူရဲကောင်း မတ်သံလုံ ၏သွေးစက်တို့သည်နှင်းပန်းခိုင်၏ ရင်အုံပေါ်မှ သွေးစက်တို့ဖြင့်ရောယှက်သွားပြီ ။
သို့သော်ပါးပြင်ပေါ်မှဒဏ်ရာကို မတ်သံလုံသတိမယနိုင် နာကျင်မှူ့ ကိုလည်းအာရုံမပြုမိ။ တစ်ကယ်တန်းသာအာရုံပြ၍နေပါလျှင် နာကျင်မှူ့တို့သည် မတ်သံလုံ၏တစ်ကိုယ်လုံးပေါ်ပေါက်၍ လာပါမည်။ လွှားကိုဆုပ်ကိုင်ခဲ့ရသောကြောင့်လက်ချောင်းများကနာကျင်နေလေသည်။ ရန်သူ၏မြင်းခွာများဖြင့်အကြိမ်ကြိမ်အနင်းခံရသောကြောင့်ခြေထောက်များကနာကျင်နေသည်။ ရန်သူ၏ဓါးပြားဖြင့်အကြိမ်ကြိမ်အရိုက်ခံရသောပခုံးများကလည်း နာကျင်၍နေပြီ။
ချပ်ဝတ်ကိုယ်ကျယ်ကို ဝတ်ဆင်ထား၍ အထဲသို့ထွင်းဖောက်စူးရှခြင်းမရှိစေကာမူ ရန်သူ၏ ဒူးလေးမှမြှားတံ ရာပေါင်းမြောက်မြားစွာကြောင့် ကျောပြင်နှင့်ရင်အုပ်မှာလည်း နာကျင်နေသည်။
သူ့လက်ချောင်းများ၊ သူ့ခြေထောက်များ၊ သူ့ပခုံးများ၊ သူ့ရင်အုပ်၊ သူ့ကျောပြင် တစ်ကိုယ်လုံးမှ နာကျင်မှူ့ ၊ တိုက်ပွဲမှရရှိသော နာကျင်မှူ့ဝေဒနာများ. . . .
ထို့ထက်....
ဘယ်အရပ်ဆီမှ တည့်မတ်စွာဝင်လာသည်မသိရသော မြှားတစ်စင်းက သူ့ပါးပြင်ကို ပွတ်ဆွဲသွားပါသည်။ မြှားသွားမှ အဆိပ်သည် သူ့ကို ဒုက္ခမပေးစေနိုင်ကာမူ ချွန်မြသောသံမဏိမြှားသွားက သူ့ပါးပြင်ကို လက်တစ်ဆစ်ခန့် ဒဏ်ရာဖြစ်ပေါ်စေသည်။
မတ်သံလုံ၏ပါးပြင်မှာ ရုတ်တရက်ပူလောင်သွားသည်။ သို့သော်ဖြာကျလာသောသွေးတို့ကိုပင်မသုတ်နိုင်သေးမှီ...
" နှင်း . . . . .နှင်းပန်းခိုင်၊ နှင်းပန်းခိုင် "
အသံနက်ကြီးဖြင့်စူးစူးဝါးဝါးအော်ရင်း မတ်သံလုံသည် မြို့ရိုးထိပ်ရှိတစ်ခုသော သူရဲခိုဆီသို့ . . . . . . . . . . . . . .
ပရိတ်သတ်များရှင်
ဒီမှာ Download ရယူပါရှင်
နှင်းကေသရာချစ်တဲ့ သူရဲကောင်း - ချစ်ဦးညို
Reviewed by သိမ့်သိမ့်
on
Tuesday, August 25, 2015
Rating:

No comments