နှုတ်ခွန်းဆက် စကား

မင်္ဂလာပါခင်ဗျာ...... ကျနော်တို့ ဖန်တီးသည့် မြန်မာအင်တာနက်စာကြည့်တိုက်ဆိုတဲ့ Blog စာမျက်နှာကို လာရောက်လည်ပါတ်သူအားလုံး အထူးကျေးဇူးတင်ပါကြောင်း ဦးစွာပြောကြား ပါရစေ။ ကျနော်တို့  ဒီ Blog စာမျက်နှာလေးကိုဖန်တီးခဲ့ ရတာက အင်တာနက်မှာ အသိပညာ ရှာလိုတဲ့ မိတ်ဆွေ သူငယ်ချင်းများကို ကျနော်တို့ က စုဆောင်းထားတဲ့ စာအုပ်စာတမ်းများကိုပြန်လည် မျှဝေပေးချင်တဲ့ စိတ်စေတနာသာလျှင်အဓိကဖြစ်ပါ တယ်။ အလုံးစုံသော ဒါနတို့ တွင် တရားအလှူသည်အမြတ်ဆုံး ဟု ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့ပါသည်။ တရားဟူသည် မသိခြင်း အဝိဇ္ဇာ အမှောင်ကို သိခြင်း ဝိဇ္ဇာ အလင်းအဖြစ်သို့ ရောက်စေသော အသိပညာများသာလျှင်ဖြစ်ကြပါသည်။ ကျနော်တို့ အသိပညာများမြင့်မားလွန်း၍မဟုတ် ကြောင်းရိုးသားစွာဝန်ခံပါသည်။ သို့ ရာတွင်.... သိလိုစိတ်ပြင်းပြလွန်းစွာဖြင့် အနှစ်နှစ်အလလ ရှာဖွေစုဆောင်းသိုမှီးထားသော အသိပညာရစေ သည့် စာအုပ်စာတမ်းများကို ကျနော်တို့ ကဲ့သို့  အသိပညာရှာဖွေလိုသူများ မပင်ပန်းစေဘဲ အလွယ်တူရစေလိုသည့် စေတနာစေ့ဆော်မှုကြောင့် ဤစာကြည့်တိုက်ကို တည်ထောင်ခဲ့ကြခြင်းဖြစ်ပါသည်။ ထို့ ပြင် ဤစာကြည့်တိုက်စာမျက်နှာ Blog ကို ကျနော်တို့ ဖန်တီးကြသူများက ပိုင်သည်ဟုလည်း လုံးဝမခံယူပါ။ အားလုံးသော အသိပညာလိုလားသူများပိုင်သည့် မြန်မာအင်တာနက်စာကြည့်တိုက်ဖြစ်ကြောင်းပြော လိုပါသည်။ အဓွန့် ရှည်အောင်မြင်တိုးတက်လာရေး အတွက်ကိုလည်း ဝိုင်းဝန်းအားပေးခြင်း...အကြံဥာဏ်များပေးကြခြင်း မိမိတို့ တွင် ရှိသောစာအုပ်စာတမ်းများကိုပါဝင်မျှဝေ ပေးခြင်းဖြင့် အောင်မြင်တိုးတက်ရေးအတွက် အကူအပံ့ပေးကြပါရန်လည်းပန်ကြားလိုပါသည်။ မိတ်ဆွေ သူငယ်ချင်းများအားလုံး စိတ္တ ကာယ နှစ်ဖြာသောသုခဖြင့်ပြည့်စုံကြပါစေကြောင်းဆုတောင်းမေတ္တာပို့ သလျှက်... နှုတ်ခွန်းဆက်အပ်ပါသည်။ ဖန်တီးသူများ
Post by bo bozaw
နှုတ်ခွန်းဆက် စကား နှုတ်ခွန်းဆက် စကား Reviewed by Unknown on Monday, May 25, 2015 Rating: 5

No comments