မနေ့ကဖြစ်ပွားခဲ့သောယာဉ်တိုက်မှူ(YBS)နှင့်ဆက်နွယ်သောနောက်ဆက်တွဲသတင်း


မြောက်ဥက္ကလာဆေးရုံတွင်
လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်နှင့်တွေ့ဆုံ၍ ယာဉ်တိုက်မှုဖြစ်စဉ်အတွက်အောက်ပါအချက်များအားညှိနှိုင်းပြီးသဘောတူညီမှုရရှိခဲ့ပါသည်။

၁။ ယဉ်တိုက်မှုဖြစ်စဉ်တွင် တာဝန်ရှိသော ယဉ်မောင်း၊ ယဉ်နောက်လိုက်၊ ယဉ်ပိုင်ရှင်၊ ယဉ်တို့အား ထိရောက်စွာ အရေးယူပြီး သတင်းစာရှင်းလင်းပွဲ လုပ်ပေးမည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများနှင့် မှော်ဘီနည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂကိုပါ ဖိတ်ကြားသွားမည်။

၂။ ယာဉ်တိုက်မှုဖြစ်စဉ်တွင် သေဆုံးသော ကျောင်းသူ၏ မိဘ၊အုပ်ထိန်းသူများ၊ ကျန်ရစ်သူမိသားစုများ ကျေနပ်သည်အထိ တာဝန်ယူဆောင်ရွက်ပေးမည်။

၃။ မြောက်ဥက္ကလာဆေးရုံတွင် တက်ရောက်ကုသမှုခံယူနေရသော ကျောင်းသားအတွက် ဒဏ်ရာများပျောက်ကင်းသည်အထိ အလုံးစုံ တာဝန်ယူပေးမည်။

၎။ ၈.၇.၂၀၁၇ တွင် အရေးပေါ်အစည်းအဝေးခေါ်ယူ၍ ကိုင်တွယ်ဖြေရှင်းသွားမည်။

၅။ အထက်ပါအစည်းအဝေးမှ တစ်ဆင့် လက်ရှိ ၅၅ ယာဉ်လိုင်းအား အများပိုင်စနစ်သို့ ပြောင်းလဲခြင်း (သို့) အခြားသော အများပိုင်ယာဉ်လိုင်းတစ်လိုင်းအား ထပ်တိုးပြေးဆွဲခြင်းအား အမြန်ဆုံး အကောင်အထည်ဖော်သွားမည်။

မူရင်း:မှော်ဘီနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
မနေ့ကဖြစ်ပွားခဲ့သောယာဉ်တိုက်မှူ(YBS)နှင့်ဆက်နွယ်သောနောက်ဆက်တွဲသတင်း မနေ့ကဖြစ်ပွားခဲ့သောယာဉ်တိုက်မှူ(YBS)နှင့်ဆက်နွယ်သောနောက်ဆက်တွဲသတင်း Reviewed by Naethit on Saturday, July 08, 2017 Rating: 5

No comments