မိတ်ဆွေများ ဂရုစိုက် သတိထားမိစေရန်
ဒီ Portable ပန်ကာလေးဟာ ပူအိုက်တဲ့အချိန်တွေမှာ လူသုံးများလာတဲ့ ပစ္စည်းလေးပါ။ ကျွန်တော်လဲ ဝယ်ထားတာ သိပ်မကြာ သေးပါဘူး။
သိပ်မသုံးဖြစ်ပေမယ့် တရေးနိုးလာတဲ့ အချိန်တွေမှာ ပူနေရင် ပြန်အိပ်ရခက်လို့ ခေါင်းရင်းနားမှာ အလွယ်တကူထားပြီး ခဏတဖြုတ်ဖွင့်တတ်ပါတယ်။
ဒီနေ့ည ခဏ အဖွင့် ၅ မိနစ်လောက် အကြာမှာ ညှော်နံ့ ထွက်လာလို့ ခေါင်းထောင် အကြည့်မှာ အတွင်းက ဓာတ်ခဲ ပေါက်သွားတာပါ။
သိပ်မပြင်းထန်လို့ လူကိုမထိပေမယ့် အိပ်ယာပေါ်ထိ ဓာတ်ခဲအတွင်းက ကာဗွန်တွေ ရောက်ပါတယ်။ ဖွင့်လိုက်တဲ့အချိန်မှာ အားသွင်းမထားပေမယ့် မအိပ်ခင်တုန်းကတော့ မီးစိမ်းနေအောင်ထိ အားအပြည့်သွင်းထားပါတယ်။
ရေဗူးအနားမှာ အဆင်သင့်ရှိလို့ ချက်ချင်းရေလောင်းပြီး မီးပွားလေးတွေလဲ ငြိမ်းလိုက်ရပါတယ်။ အဓိကကတော့ ဓာတ်ခဲ အရည်အသွေးညံ့တာပါ။
ကျွန်တော်ကလည်း ပန်ကာဝယ်တုန်းကပါလာတဲ့ ဓာတ်ခဲ နဲ့ဘဲ သုံးလိုက်တာပါ။ အဲ့လို ဓာတ်ခဲက ကျောက်ကြည့်ဓာတ်မီးတွေမှာလည်းသုံးပါတယ်။
ပန်ကာ + ဓာတ်ခဲ ၃၅၀၀ ဘဲ ပေးရပါတယ်။ ကျောက်ကြည့်ဓာတ်မီးမှာ သုံးတဲ့ ဓာတ်ခဲကတော့် တစ်လုံးကို ၄၅၀၀၊ ၅၀၀၀ ပေးရပါတယ်။ အခန့်မသင့်ရင် လူကို ထိခိုက်မိစေတဲ့အပြင် မီးဘေးအန္တရာယ်ပါ ဖြစ်စေနိုင်တာမို့ ဆင်ခြင်သတိပြုမိစေဖို့ ပါ။
(Made in China ပါ)
Lso Maung Maung
Lso Maung Maung
မိတ်ဆွေများ ဂရုစိုက် သတိထားမိစေရန်
Reviewed by Naethit
on
Wednesday, July 12, 2017
Rating:
No comments