~~~~~~~~~~~~~~~~~~~~~~~~~
ဒကာ ။ ။ လေးပင်ရှိပါတယ် ဘုရား။
ဒကာ ။ ။ ငါးပင် ရှိပါတယ် ဘုရား။
ထိုဘာသာခြား ဒကာဆိုသူမှာ ခေါင်းငိုက်စိုက်ချလျက် ဘာမှဆက်မပြောနိုင်တော့ပေ ••• !!!
• အရှင်ဇဝန- ၏
==========
Unicode
ဗုဒ္ဓဉာဏ်တော်ကို ဝေဖန်သော ဘာသာခြား
~~~~~~~~~~~~~~~~~~~~~~~~~
ဘာသာခြား တစ်ယောက်မှ မေးလာသော မေးခွန်းလေးတစ်ခု •••???
ဒကာ ။ ။ ” ဆရာတော်၊ ဆရာတော်တို့ဘုရားရှင်က သဗ္ဗညုတဉာဏ်ပိုင်ရှင်မို့ – သိစရာမှန်သမျ အကုန်သိတယ်လို့လည်း ပြောကြတယ်။ တစ်ခါ ခုလိုသာသနာနှစ်ကြာလာတဲ့အချိန်မှာ အဆိုးဆုံးဘာသာခြားတစ်ခု ပေါ်လာလိမ့်မယ်။ အဲဒီဘာသာခြားတွေက ဗုဒ္ဓဘာသာကို လူဖောက်သာသနာပြု ပြီး ဖျက်ဆီးကြလိမ့်မယ်လို့ ဟောခဲ့တယ်လို့လည်း မကြားဖူးပါဘူး ဘုရား။ ဒီတော့ အကုန်သိတယ် ဆိုရင်လည်း ဒီအကြောင်းတွေကို ဟောခဲ့ရမယ်။ အခု မဟောခဲ့ပုံကို ထောက်သောအားဖြင့် ဒီအကြောင်းတွေ ဖြစ်လာမယ်ဆိုတာ မသိလို့ဆိုတဲ့ သဘော သက်ရောက်မနေဘူးလား ဘုရား။”
ဆရာတော် ။ ။ ဒကာ – ဒကာတို့အိမ်ဝိုင်းထဲ မှာ သရက်ပင် ဘယ်နှစ်ပင် ရှိတုန်း။
ဒကာ ။ ။ လေးပင်ရှိပါတယ် ဘုရား။
ဆရာတော် ။ ။ အုန်းပင်ကော ဘယ်နှစ်ပင်ရှိတုန်း။
ဒကာ ။ ။ ငါးပင် ရှိပါတယ် ဘုရား။
ဆရာတော် ။ ။ ဒါနဲ့ မြက်ပင်တွေကော ဘယ်နှစ်ပင် ရှိတုန်း။
ဒကာ ။ ။ ဟာ •• မြက်ပင်တွေ တော့ တပည့်တော် ဘယ်ရေတွက်ထားပါ့မလဲ ဘုရား။
ဆရာတော် ။ ။ သရက်ပင်၊ အုန်းပင်ကျတော့ ရေတွက်ထားပြီး မြက်ပင်ကျတော့ ဘာလို့ ရေတွက်မထားတာလဲ။
ဒကာ ။ ။ သရက်ပင်၊ အုန်းပင်ကတော့ တန်ဘိုးရှိတဲ့ အပင်ဆိုတော့ မှတ်ထားတာပေါ့ဘုရား၊ မြက်ပင်တွေကတော့ ကောင်းကျိုးမပြုတဲ့ အပင်တွေဆိုတော့ ဘယ်ရေတွက်ပြီး မှတ်ထားတော့မလဲ ဘုရား။
ဆရာတော် ။ ။ ဒကာ၊ အဲဒီ ဥပမာအတိုင်းပဲ – ဗုဒ္ဓက မသိလို့မဟုတ်ဘူး သိတယ်၊၊ ဒါပေမယ့် ဒကာကိုယ်တိုင် တန်ဘိုးမရှိတဲ ့ မြက်ပင်တွေကို ရေတွက်ပြီးမှတ်မထားသလို ၊ ဗုဒ္ဓကလည်း တန်ဘိုးမရှိတဲ့ မြက်အမှိုက်လောက်အဆင့်သာ ရှိတဲ့ ဒကာတို့ဘာသာဝင်တွေကိုလည်း လူစာရင်းမသွင်းတဲ့အတွက် တကူးတက ထည့်မဟောခဲ့တာ။ အတွေးအခေါ် အသိဉာဏ် ရှိတဲ့လူသားတွေက လက်မခံတဲ့ ဒကာတို့ ဘာသာဟာလည်း ကြာလေ ကမာ္ဘက ပျောက်လေဖြစ်သွားမှာကို ကြိုသိလို့ ဘာမှ ပူစရာမရှိလို့ ဗုဒ္ဓက ကြိုမဟောခဲ့တာပဲ ဒကာ။
ထိုဘာသာခြား ဒကာဆိုသူမှာ ခေါင်းငိုက်စိုက်ချလျက် ဘာမှဆက်မပြောနိုင်တေ့ာပေ ••• !!!
• အရှင်ဇဝန- ၏
( ဘဝနှင့် ရင်းရသော အတွေးအမြင်များ)- မှ
Reviewed by Naethit
on
Sunday, July 09, 2017
Rating:
No comments