၀ါဆိုလျပည့္ ဓမၼစၾကာအခါေတာ္ေန႔


❖ ၀ါဆိုလျပည့္ေန႔ကို ဓမၼစၾကာ အခါေတာ္ေန႔ အထိမ္းအမွတ္အျဖစ္ က်င္းပရျခင္းမွာ ထိုေန႔၌ ဓမၼစၾကာတရားေတာ္ကို ျမတ္စြာဘုရားက ေဟာၾကားေတာ္မူသည္ကို အေၾကာင္းျပဳ၍ က်င္းပရျခင္း ျဖစ္ပါသည္။


❖ ဓမၼစၾကာ တရားေတာ္ကို ျမတ္စြာဘုရားသည္ အိႏၵိယႏိုင္ငံ ဗာရာဏသီျပည္ မိဂဒါ၀ုန္ေတာ၌ မဟာသကၠရာဇ္ ၁၀၃-ခုႏွစ္ ၀ါဆိုလျပည့္ေန႔ ေန၀င္လထြက္အခ်ိန္၌ ပဥၥ၀ဂၢီငါးဦးတို႔အား ဘုရားအျဖစ္ကို ၀န္ခံေသာအားျဖင့္ ေဟာၾကားေတာ္မူခဲ့ပါသည္။

❖ ဓမၼစၾကာတရားေတာ္သည္
၀ိနည္းမဟာ၀ါပါဠိေတာ္၌
ပဥၥ၀ဂၢိယ ကထာ-အမည္ျဖင့္ လာရွိပါသည္။
ပဋိသမၻိဒါမဂၢ ပါဠိေတာ္၌ ဓမၼစကၠပ၀တၱန ၀ါရ-အမည္ျဖင့္ လာရွိပါသည္။
မဟာ၀ဂၢသံယုတ္ ပါဠိေတာ္၌ ဓမၼစကၠပ၀တၱန သုတၱ-အမည္ျဖင့္ လာရွိပါသည္။

❖ ဓမၼစကၠပ၀တၱန၏ အဓိပၸါယ္မွာ
တရားတည္းဟူေသာ အသိစက္ကို ျဖစ္ေစ၊ လည္ေစေတာ္မူျခင္း-ဟု အဓိပၸါယ္ ရပါသည္။
(ဓမၼစကၠ=တရားေတာ္။ ပ၀တၱ=ျဖစ္ေစ၊ လည္ေစျခင္း။)

❖ ဓမၼစၾကာတရားေတာ္သည္ သစၥာေလးပါးတရားကို ညႊန္းဆိုေဟာၾကားေသာ ေဒသနာျဖစ္၍ ပိဋကသံုးပံု၏ အႏွစ္ခ်ဳပ္တရားဟု ဆိုထိုက္ပါသည္။ ဓမၼစၾကာတရားေတာ္ကို စိစစ္သံုးသပ္ၾကည့္ပါလွ်င္ လမ္းစဥ္မွာ
(အစြန္း ၂-ခု) ကို ေရွာင္ၾကဥ္ေရး၊ မဇၩိမပဋိပဒါ လမ္းစဥ္မွန္ကို က်င့္သံုးေရးတို႔ကို ညႊန္ၾကားထားျပီး သစၥာေလးပါးတရားကို သိျမင္ေစရန္ ေဟာၾကားထားေသာေၾကာင့္ ဗုဒၶ၀ါဒ၏ တိက်ခိုင္မာေသာ သေဘာတရားကို ေတြ႔ျမင္ႏိုင္ပါသည္။

❖ ဤကဲ့သို႔ အႏွစ္သာရပါရွိေသာ တရားျဖစ္၍ ဗုဒၶဘာသာ၀င္ ရဟန္းရွင္လူတို႔က ဓမၼစၾကာတရားေတာ္ကို အထူးပင္အာရံုစိုက္၍ ရြတ္ဖတ္ သရဇၩာယ္ေတာ္မူၾကပါသည္။ အျမိဳ႔ျမိဳ႔ အရြာရြာ၌ ဓမၼစၾကာ အသင္းမ်ား ဖြဲ႔စည္းျပီး ျပန္႔ပြားေအာင္ ေဆာင္ရြက္လ်က္ရွိၾကပါသည္။

❁ ( ၀ါဆိုလျပည့္ေန႔၏ ထူးျခားခ်က္မ်ား ) ❁
══ ══ ══ ══ ══
❖ ျမန္မာ့ရိုးရာ ၁၂-လရွိသည့္အနက္
၀ါဆိုလျပည့္ေန႔သည္ —

► ၁။ ေဂါတမဘုရားေလာင္း
ပဋိသေႏၶေနေသာေန႔ျဖစ္၍ ထူးျခားျခင္း။

► ၂။ ေဂါတမဘုရားေလာင္း
ေတာထြက္ေတာ္မူေသာေန႔ျဖစ္၍ ထူးျခားျခင္း။

► ၃။ ေဂါတမျမတ္စြာဘုရား ဓမၼစၾကာတရား
စတင္ေဟာေတာ္မူေသာေန႔ျဖစ္၍ ထူးျခားျခင္း။

► ၄။ ေရမီးအစံုစံုတို႔ျဖင့္ တန္ခိုးျပာဋိဟာကို
ျပေတာ္မူေသာေန႔ျဖစ္၍ ထူးျခားျခင္း။

► ၅။ ဘုရားအျဖစ္ကို ၀န္ခံေတာ္မူေသာေန႔ျဖစ္၍
ထူးျခားျခင္း။

► ၆။ တရားရတနာ စတင္ေပၚေသာေန႔ျဖစ္၍
ထူးျခားျခင္း။

► ၇။ သံဃာရတနာ စတင္ေပၚေသာေန႔ျဖစ္၍
ထူးျခားျခင္း။

► ၈။ ပုထုဇဥ္ခရီးမွ အရိယာခရီးသို႔ စတင္
ကူးေျပာင္းခြင့္ၾကံဳေသာေန႔ျဖစ္၍ ထူးျခားျခင္း။

► ၉။ ဧဟိ ဘိကၡဳ-ဟူေသာစကားကို
စတင္ၾကားရေသာေန႔ျဖစ္၍ ထူးျခားျခင္း။

❖ အထက္ေဖာ္ျပပါ ၀ိေသသအေၾကာင္းမ်ားေၾကာင့္ ဗုဒၶဘာသာ၀င္ သူေတာ္စင္တို႔က ဤ၀ါဆိုလျပည့္ေန႔၌ ေက်ာင္းကန္ဘုရားသို႔ သြားေရာက္၍ ၀ါဆိုပန္းမ်ား ကပ္လွဴျခင္း၊ ၀ါဆိုသကၤန္း လွဴဒါန္းျခင္း၊ ဓမၼစၾကာတရားေတာ္မ်ားကို ရြတ္ဖတ္သရဇၩာယ္ျခင္းအားျဖင့္ ၀ါဆိုလျပည့္ ဓမၼစၾကာ အခါေတာ္ေန႔-ကို ဆင္ႏႊဲ ျပဳလုပ္ၾကပါသည္။

❖ မၾကာခင္ ေရာက္ရွိေတာ့မည့္
ဝါဆိုလျပည့္ေန ႔အေၾကာင္း
သိေကာင္းစရာေလး မွ်ေဝလိုက္ပါတယ္။

★ _/_ သဗၺဒါနံ ဓမၼဒါနံ ဇိနာတိ၊ _/_ ★

❖ Credit .Nge Nge

=============

Unicode

❖ ၀ါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းမှာ ထိုနေ့၌ ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားက ဟောကြားတော်မူသည်ကို အကြောင်းပြု၍ ကျင်းပရခြင်း ဖြစ်ပါသည်။

❖ ဓမ္မစကြာ တရားတော်ကို မြတ်စွာဘုရားသည် အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တော၌ မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ၀ါဆိုလပြည့်နေ့ နေဝင်လထွက်အချိန်၌ ပဥ္စဝဂ္ဂီငါးဦးတို့အား ဘုရားအဖြစ်ကို ဝန်ခံသောအားဖြင့် ဟောကြားတော်မူခဲ့ပါသည်။

❖ ဓမ္မစကြာတရားတော်သည်
၀ိနည်းမဟာဝါပါဠိတော်၌
ပဥ္စဝဂ္ဂိယ ကထာ-အမည်ဖြင့် လာရှိပါသည်။
ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်၌ ဓမ္မစက္ကပဝတ္တန ၀ါရ-အမည်ဖြင့် လာရှိပါသည်။
မဟာဝဂ္ဂသံယုတ် ပါဠိတော်၌ ဓမ္မစက္ကပဝတ္တန သုတ္တ-အမည်ဖြင့် လာရှိပါသည်။

❖ ဓမ္မစက္ကပဝတ္တန၏ အဓိပ္ပါယ်မှာ
တရားတည်းဟူသော အသိစက်ကို ဖြစ်စေ၊ လည်စေတော်မူခြင်း-ဟု အဓိပ္ပါယ် ရပါသည်။
(ဓမ္မစက္က=တရားတော်။ ပဝတ္တ=ဖြစ်စေ၊ လည်စေခြင်း။)

❖ ဓမ္မစကြာတရားတော်သည် သစ္စာလေးပါးတရားကို ညွှန်းဆိုဟောကြားသော ဒေသနာဖြစ်၍ ပိဋကသုံးပုံ၏ အနှစ်ချုပ်တရားဟု ဆိုထိုက်ပါသည်။ ဓမ္မစကြာတရားတော်ကို စိစစ်သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှာ
(အစွန်း ၂-ခု) ကို ရှောင်ကြဉ်ရေး၊ မဇ္ဈိမပဋိပဒါ လမ်းစဉ်မှန်ကို ကျင့်သုံးရေးတို့ကို ညွှန်ကြားထားပြီး သစ္စာလေးပါးတရားကို သိမြင်စေရန် ဟောကြားထားသောကြောင့် ဗုဒ္ဓဝါဒ၏ တိကျခိုင်မာသော သဘောတရားကို တွေ့မြင်နိုင်ပါသည်။

❖ ဤကဲ့သို့ အနှစ်သာရပါရှိသော တရားဖြစ်၍ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူတို့က ဓမ္မစကြာတရားတော်ကို အထူးပင်အာရုံစိုက်၍ ရွတ်ဖတ် သရဇ္ဈာယ်တော်မူကြပါသည်။ အမြို့မြို့ အရွာရွာ၌ ဓမ္မစကြာ အသင်းများ ဖွဲ့စည်းပြီး ပြန့်ပွားအောင် ဆောင်ရွက်လျက်ရှိကြပါသည်။

❁ ( ၀ါဆိုလပြည့်နေ့၏ ထူးခြားချက်များ ) ❁
══ ══ ══ ══ ══
❖ မြန်မာ့ရိုးရာ ၁၂-လရှိသည့်အနက်
၀ါဆိုလပြည့်နေ့သည် —

► ၁။ ဂေါတမဘုရားလောင်း
ပဋိသန္ဓေနေသောနေ့ဖြစ်၍ ထူးခြားခြင်း။

► ၂။ ဂေါတမဘုရားလောင်း
တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

► ၃။ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား
စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

► ၄။ ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို
ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

► ၅။ ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့ဖြစ်၍
ထူးခြားခြင်း။

► ၆။ တရားရတနာ စတင်ပေါ်သောနေ့ဖြစ်၍
ထူးခြားခြင်း။

► ၇။ သံဃာရတနာ စတင်ပေါ်သောနေ့ဖြစ်၍
ထူးခြားခြင်း။

► ၈။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်
ကူးပြောင်းခွင့်ကြုံသောနေ့ဖြစ်၍ ထူးခြားခြင်း။

► ၉။ ဧဟိ ဘိက္ခု-ဟူသောစကားကို
စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း။

❖ အထက်ဖော်ပြပါ ၀ိသေသအကြောင်းများကြောင့် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့က ဤဝါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားသို့ သွားရောက်၍ ၀ါဆိုပန်းများ ကပ်လှူခြင်း၊ ၀ါဆိုသင်္ကန်း လှူဒါန်းခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းအားဖြင့် ၀ါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့-ကို ဆင်နွှဲ ပြုလုပ်ကြပါသည်။

❖ မကြာခင် ရောက်ရှိတော့မည့်
ဝါဆိုလပြည့်နေ ့အကြောင်း
သိကောင်းစရာလေး မျှဝေလိုက်ပါတယ်။

★ _/_ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ _/_ ★

❖ Credit .Nge Nge

၀ါဆိုလျပည့္ ဓမၼစၾကာအခါေတာ္ေန႔ ၀ါဆိုလျပည့္ ဓမၼစၾကာအခါေတာ္ေန႔ Reviewed by Naethit on Saturday, July 08, 2017 Rating: 5

No comments