ရင်ကို ထိစေတဲ့ လမ်းဘေး ကလေး တစ်ဦးရဲ့ ငွေရှာနည်းလမ်း


ကမ္ဘာ့ တတိယအဆင့် နိုင်ငံတွေ၊ အထူးသဖြင့် ဖိလစ်ပိုင်လို နိုင်ငံမျိုးမှာ လမ်းဘေးကလေးတွေဟာ အများအပြား ရှိကြပါတယ်။ မိဘတွေက စွန့်ပစ်သွားကြလို့ လမ်းဘေး ရောက်သွားကြသူတွေ ရှိသလို ကျောထောက်နောက်ခံ ပံ့ပိုးပေးမယ့် အင်အား မရှိကြလို့ လမ်းဘေး ရောက်သွားကြသူတွေလည်း အများအပြားရှိတဲ့အထဲမှာ လုယက်လို့ တစ်မျိုး၊ အကြမ်းဖက်လို့ တစ်ဖုံ အစားအစာနဲ့ ငွေကြေးအတွက် နပန်းလုံးကြရသူတွေ ရှိပေမဲ့ ဖိလစ်ပိုင်နိုင်ငံက လမ်းဘေး ကလေးလေးတစ်ဦးရဲ့ ငွေရှာနည်းကတော့ မြင်ရ၊ တွေ့ရသူအားလုံးရဲ့ရင်ကို ထိစေခဲ့ပါတယ်။

Dnosuckecanqiylsyhyz
ဘာဖြစ်လို့လဲဆိုရင် သူဟာ ဗွက်အိုင်တွေထဲမှာ ကျောက်တုံးတွေကို ချခင်းပေးထားပြီး အဲဒီအပေါ်က ဖြတ်လျှောက်သွားသူတွေဆီကနေ ဆုကြေးငွေ အဖြစ် ဖိလစ်ပိုင် ငွေ တစ် ပီဆို ရယူလို့ပဲ ဖြစ်ပါတယ်။ ရေတင်နေတဲ့လမ်းပေါ်မှာ ဖြတ်လျှောက်ရတာဟာ ရှူးဖိနပ်တွေကို ညစ်ပတ်စေတာမို့ ဥာဏ်ကောင်းတဲ့ လမ်းဘေး ကလေးလေးဟာ လမ်းဖြတ်လျှောက်သူတွေရဲ့ ရှူးဖိနပ်တွေ ရေမစိုစေဖို့ ကျောက်တုံးတွေ ချခင်းပေးလိုက်တာ ဖြစ်ပါတယ်။ အုပ်စုလိုက် ဖြတ်လျှောက်သူတွေက သူ့ကို ငွေ အများကြီး ပေးလို့ ရနိုင်ပေမဲ့ သူကတော့ တစ် ပီဆို သာ ရယူပြီး သူ့ရဲ့ ရိုးသားတဲ့နည်းနဲ့ ငွေကြေးရှာဖွေမှုကို အင်တာနက် သုံးစွဲသူတွေက ချီးကျူးခဲ့ကြပါတယ်။
Credit-momolay
ရင်ကို ထိစေတဲ့ လမ်းဘေး ကလေး တစ်ဦးရဲ့ ငွေရှာနည်းလမ်း ရင်ကို ထိစေတဲ့ လမ်းဘေး ကလေး တစ်ဦးရဲ့ ငွေရှာနည်းလမ်း Reviewed by Naethit on Sunday, July 02, 2017 Rating: 5

No comments