သားကိုဝှီးချဲတွန်းပြီး နေ့တိုင်းကျောင်းလိုက်ပို့တဲ့ဖေဖေ


ကဗျာတွေစာတွေထဲမှာ အဖွဲ့အနွဲ့ခံရဆုံးက မိခင်တွေရဲ့ မေတ္တာတရားဖြစ်ပြီး ဖခင်တွေရဲ့ ချစ်ခြင်းမေတ္တာအပေါ် တခုတ်တရ ညွှန်းဆိုကြသူတွေက နည်းပါးပါသေးတယ်။ ဒါပေမယ့် ကမ္ဘာပေါ်မှာ ရင်ထဲကိုထိခတ်စရာ ဖခင်မေတ္တာကို ဖော်ကျူးနိုင်မယ့် အကြောင်းအရာတွေကလည်း ရှိနေပါတယ်။ ဒီအကြောင်းအရာလေးကတော့ ဖိလစ်ပိုင်နိုင်ငံမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီသတင်းကို ကြားသိတဲ့သူတွေရဲ့ ရင်ထဲမှာ ၀မ်းနည်းကြည်နူးမှုလေးတွေလည်း ဖြစ်ကြရပါတယ်။ ယခင်ကလည်း ဖိလစ်ပိုင်နိုင်ငံမှာပဲ သမီးတွေမုန့်စားနေတာကို ဆင်းရဲတဲ့အဖေက ဘာမှမမှာပဲ ဘေးကထိုင်ကြည့်နေတဲ့ပုံလေးက အင်တာနက်မှာ ပြန့်နှံ့ခဲ့ပါသေးတယ်။

Powr3nbenfcygchvsbf0
ဒီသတင်းထဲက ဖခင်ဖြစ်သူကတော့ သူ့ရဲ့ ၂ တန်းတက်နေတဲ့ ၇ နှစ်အရွယ် သားလေးကို အခြေခံပညာကျောင်းသို့ သူအသုံးပြုတဲ့ ၀ှီးချဲနဲ့အတူ နေ့စဉ်လိုက်ပို့တယ်လို့ သိရပါတယ်။ သူ့ရဲ့ဝှီးချဲဟာ အဆင့်မြင့်တဲ့ စက်သုံးဝှီးချဲတစ်ခုလည်း မဟုတ်ပဲ လက်ကိုသာ အသုံးပြုပြီး ရွေ့လျားရပေမယ့် မိုးရွာရွာ၊ နေပူပူ သူ့သားလေးကို ကားကြပ်ကြပ်နဲ့ လမ်းတွေပေါ်ကတစ်ဆင့် ကျောင်းကို အရောက်ပို့ပေးတာပါ။ သူတို့ဟာ ဆင်းရဲတဲ့ မိသားစုဖြစ်တာမို့ ဖယ်ရီတွေဘာတွေနဲ့ သားကိုကျောင်းမပို့နိုင်တဲ့အခါ ဖခင်ဖြစ်သူဟာ အောက်ပိုင်းမသန်စွမ်းသူတစ်ဦးဖြစ်ပေမယ့် ဖခင်တာဝန်ကျေပွန်ချင်တဲ့ စိတ်နဲ့ ဒီတာဝန်ကို နေ့စဉ်ထမ်းဆောင်တာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်က ဖခင်ဆန်သော ဖခင်တိုင်းအတွက် Share လေးလုပ်ပြီး ဂုဏ်ပြုလိုက်ရအောင်။
သားကိုဝှီးချဲတွန်းပြီး နေ့တိုင်းကျောင်းလိုက်ပို့တဲ့ဖေဖေ သားကိုဝှီးချဲတွန်းပြီး နေ့တိုင်းကျောင်းလိုက်ပို့တဲ့ဖေဖေ Reviewed by Naethit on Sunday, July 02, 2017 Rating: 5

No comments