လူတကာအားကျတဲ့ ဘ၀တစ်ခုရဖို့ လိုအပ်သော အချက် ၃ ချက်



လက်ရှိအခြေအနေထက် ပိုမိုကောင်းမွန်သော ဘ၀တစ်ခုကို ပိုင်ဆိုင်ချင်တဲ့ စိတ်က လူတိုင်းမှာ ရှိကြမှာ အမှန်ပါ။ သင့်ရဲ့ နေ့စဉ်လူနေမှုဘ၀အတွက် အပန်းမကြီးလှတဲ့ အောက်ပါအချက် ၃ ချက်ဟာ သင့်ကို ပိုမိုပြီးပြည့်စုံသော ဘ၀တစ်ခုကို ခေါ်ဆောင်သွားနိုင်လိမ့်မယ် ထင်ပါတယ်။ 

၁ - တစ်နေ့ကို အိပ်ချိန် ၇ နာရီ (သို့မဟုတ်) ၈ နာရီခန့်ထားပါ 

တစ်ချို့က Sleep is for the weak လို့ပြောတတ်ကြပါတယ်။ ဒါပေမယ့် ဒါဟာခဏတာအခြေအနေအတွက် ဟုတ်ချင်ဟုတ်နိုင်ပေမယ့် ရေရှည်ကျန်းမာရေးအတွက်တော့ မကောင်းပါဘူး။ ဆေးပညာရှင်များရဲ့ လေ့လာချက်အရ လူတစ်ယောက်ဟာ တစ်နေ့အိပ်ချိန် ၈ နာရီခန့်ရှိဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ အိပ်ချိန်လုံလုံလောက်လောက် ရှိခြင်းကာ နေ့စဉ်လူမှုဆောင်တာတွေနဲ့ လုပ်ငန်းခွင်မှာ ပိုမိုအာရုံစူးစိုက်မှု ရှိစေမှာပါ။ 

၂ - တစ်ပတ်ကို စာအုပ်တစ်အုပ်ဖတ်ပါ 

စာပေဗဟုသုတတွေဟာ သင်တက်လှမ်းနေရတဲ့ ဘ၀လှေကားတွေအတွက် အကောင်းဆုံး ခွန်အားဖြည့်အချိုရည်ပါ။ ပညာဗဟုသုတရှိသူဟား အားလုံးထဲမှာ စတားပါပဲ၊ သင့်ရဲ့တခြားအပန်းဖြေချိန်တွေကို လျှော့ပြီး တစ်ပတ်ကို စာအုပ်တစ်အုပ် ဖတ်ပေးခြင်းက ပိုမိုကောင်းမွန်သော ဘ၀တစ်ခုအား သင့်ဆီခေါ်ဆောင်လာပေးမှာပါ။ 

၃ - မိခင်ဘာသာစကားအပြင် တခြားတစ်ခုကို ကျွမ်းကျွမ်းကျင်ကျင် တတ်အောင်သင်ပါ 

ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာ ဖြစ်လာပြီးနောက် နိုင်ငံတွေဟာလည်း အချင်းချင်း ကူးလူးဆက်သွယ်လာနေကြပါပြီ။ ဒီတော့ အပြန်အလှန်ပြောဆို ဆက်သွယ်ဖို့ ကြားခံဘာသာစကားတစ်ခုဟာ မဖြစ်မနေ လိုအပ်လာတာပါ။ ဒီတော့ သင့်အနေနဲ့ မိခင်ဘာသာစကားတစ်ခုအပြင် အခြားဘာသာစကားတစ်ခုလည်း တတ်မြောက်ထားသင့်ပါတယ်။ အင်္ဂလိပ်စာဟာလည်း မြန်မာတွေနဲ့ မစိမ်းနဲ့ ဘာသာရပ်တစ်ခုဖြစ်သလို ကမ္ဘာသုံးဘာသာစကားတစ်ခု ဖြစ်တာမို့ အင်္ဂလိပ်ဘာသာစကားကို ပိုင်နိုင်ကျွမ်းကျင်ခြင်းကလည်း အလုပ်အကိုင်၊ အခွင့်အလမ်းတွေမှာ သင့်အတွက် အခွင့်အရေး ပိုများစေမယ့် အချက်တစ်ခုပါ။

အောင်ခန့်
လူတကာအားကျတဲ့ ဘ၀တစ်ခုရဖို့ လိုအပ်သော အချက် ၃ ချက် လူတကာအားကျတဲ့ ဘ၀တစ်ခုရဖို့ လိုအပ်သော အချက် ၃ ချက် Reviewed by Naethit on Sunday, July 02, 2017 Rating: 5

No comments