၄ႏွစ္အရြယ္ ကေလးတစ္ေယာက္ အဝတ္လဲခန္းမွာ မိမိကုိယ္ကိုယ္ မေတာ္တဆၾကိဳးဆြဲခ်မိသလိုျဖစ္ကာ ေသဆုံး
အေမရိက မင္နီဆုိတာျပည္နယ္က ၄ႏွစ္အရြယ္ေကာင္ေလးတစ္ေယာက္ဟာ စတုိးဆုိင္ရဲ႕ အဝတ္လဲခန္းတစ္ခုအတြင္း သူ႔ကိုယ္သူ မေတာ္တဆၾကိဳးဆြဲမိျပီးေနာက္ ေသဆုံးခဲ့တယ္လုိ႔ အာဏာပိုင္ေတြနဲ႔ သူ႔မိသားစုက ဆုိပါတယ္။
အေႏြးထည္အက်ၤီေခါင္းစြပ္ နံရံေပၚခ်ိတ္မွာ ညိွျပီးေနာက္ Ryu Pena အသက္ရွဴမႊန္းက်ပ္ခဲ့တာလုိ႔ NBC သတင္းအရ သိရပါတယ္။ ကေလးရဲ႕ အသက္ရွဴလမ္းေၾကာင္း ပ်က္သြားတယ္လုိ႔ Mankato ရဲစခန္းရဲမွဴး Jeremy Clitfton က NBC သတင္းဌာနကို ေျပာျပခဲ့ပါတယ္။
Ryu က သူ႔အဘြား Julia Gonzalez နဲ႔ ေစ်းဝယ္ထြက္ျပီး အခင္းျဖစ္ပြားေနစဥ္ နံရံကပ္အဝတ္လဲခန္းတစ္ခုမွာ အဝတ္စမ္းဝတ္ၾကည့္ေနခဲ့တာ ျဖစ္ပါတယ္။ သူမ Ryu ကုိ အဝတ္လဲခန္း သြားရွာေတာ့ သူပုန္းေနတယ္ မွတ္တာ။ ေနာက္ေတာ့ သူေပ်ာက္ေနမွန္း သေဘာေပါက္ခဲ့တယ္လုိ႔ Gonzalez က KWTP-TV ကို ေျပာျပခဲ့ပါတယ္။ ညေန ၅နာရီ ခြဲေလာက္မွာ သတိလစ္လ်က္ သူ ခ်ိတ္တစ္ခုနဲ႔ တြဲေလာင္းခ်ိတ္မိေနတာ စတုိးဆုိင္ဝန္ထမ္းတစ္ဦး ေတြ႔ရိွခဲ့ပါတယ္။ သူဘယ္ေလာက္ၾကာေအာင္ တြဲေလာင္းခ်ိတ္မိေနခဲ့လဲ အတိအက်မသိရပါဘူး။
Ryu ရဲ႕မိခင္ Denise Gonzalez က သူမသား စြန္႔စားလုိစိတ္ရွိျပီး အရမ္းေဆာ့ပါတယ္။ ျပီးေတာ့ ခုန္ေပါက္ရတာ ၾကိဳက္ႏွစ္သက္တယ္လုိ႔ ဆုိပါတယ္။ သူမက သူမမိခင္ကို အမ်က္ေဒါသမထြက္သလုိ စတုိးဆုိင္ကိုလည္း စိတ္မဆုိးဘဲ ဒီေသဆုံးမႈက ဝမ္းနည္းေၾကကြဲဖြယ္ မေတာ္တဆမႈတစ္ခုျဖစ္တယ္လုိ႔ ဆုိပါတယ္။
ကေလးရိွသူတိုင္း ကေလးေတြ အေဆာ့ၾကိဳက္မွန္း သိၾကတယ္။ ျပီးေတာ့ က်မကေလး အရမ္းေဆာ့တာလည္း လူတုိင္းသိတယ္။ ဒါ ဘယ္သူ႔မွာမဆုိ ျဖစ္ႏုိင္တယ္လုိ႔ သူမက NBC သတင္းကို ေျပာျပခဲ့ပါတယ္။
Ref: TIME
Unicode
အမေရိက မင်နီဆိုတာပြည်နယ်က ၄နှစ်အရွယ်ကောင်လေးတစ်ယောက်ဟာ စတိုးဆိုင်ရဲ့ အဝတ်လဲခန်းတစ်ခုအတွင်း သူ့ကိုယ်သူ မတော်တဆကြိုးဆွဲမိပြီးနောက် သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေနဲ့ သူ့မိသားစုက ဆိုပါတယ်။
အနွေးထည်အကျၤီခေါင်းစွပ် နံရံပေါ်ချိတ်မှာ ညှိပြီးနောက် Ryu Pena အသက်ရှူမွှန်းကျပ်ခဲ့တာလို့ NBC သတင်းအရ သိရပါတယ်။ ကလေးရဲ့ အသက်ရှူလမ်းကြောင်း ပျက်သွားတယ်လို့ Mankato ရဲစခန်းရဲမှူး Jeremy Clitfton က NBC သတင်းဌာနကို ပြောပြခဲ့ပါတယ်။
Ryu က သူ့အဘွား Julia Gonzalez နဲ့ ဈေးဝယ်ထွက်ပြီး အခင်းဖြစ်ပွားနေစဉ် နံရံကပ်အဝတ်လဲခန်းတစ်ခုမှာ အဝတ်စမ်းဝတ်ကြည့်နေခဲ့တာ ဖြစ်ပါတယ်။ သူမ Ryu ကို အဝတ်လဲခန်း သွားရှာတော့ သူပုန်းနေတယ် မှတ်တာ။ နောက်တော့ သူပျောက်နေမှန်း သဘောပေါက်ခဲ့တယ်လို့ Gonzalez က KWTP-TV ကို ပြောပြခဲ့ပါတယ်။ ညနေ ၅နာရီ ခွဲလောက်မှာ သတိလစ်လျက် သူ ချိတ်တစ်ခုနဲ့ တွဲလောင်းချိတ်မိနေတာ စတိုးဆိုင်ဝန်ထမ်းတစ်ဦး တွေ့ရှိခဲ့ပါတယ်။ သူဘယ်လောက်ကြာအောင် တွဲလောင်းချိတ်မိနေခဲ့လဲ အတိအကျမသိရပါဘူး။
Ryu ရဲ့မိခင် Denise Gonzalez က သူမသား စွန့်စားလိုစိတ်ရှိပြီး အရမ်းဆော့ပါတယ်။ ပြီးတော့ ခုန်ပေါက်ရတာ ကြိုက်နှစ်သက်တယ်လို့ ဆိုပါတယ်။ သူမက သူမမိခင်ကို အမျက်ဒေါသမထွက်သလို စတိုးဆိုင်ကိုလည်း စိတ်မဆိုးဘဲ ဒီသေဆုံးမှုက ဝမ်းနည်းကြေကွဲဖွယ် မတော်တဆမှုတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
ကလေးရှိသူတိုင်း ကလေးတွေ အဆော့ကြိုက်မှန်း သိကြတယ်။ ပြီးတော့ ကျမကလေး အရမ်းဆော့တာလည်း လူတိုင်းသိတယ်။ ဒါ ဘယ်သူ့မှာမဆို ဖြစ်နိုင်တယ်လို့ သူမက NBC သတင်းကို ပြောပြခဲ့ပါတယ်။
Ref: TIME
၄ႏွစ္အရြယ္ ကေလးတစ္ေယာက္ အဝတ္လဲခန္းမွာ မိမိကုိယ္ကိုယ္ မေတာ္တဆၾကိဳးဆြဲခ်မိသလိုျဖစ္ကာ ေသဆုံး
Reviewed by Naethit
on
Monday, April 24, 2017
Rating:

No comments