ဝက်ခြံကာကွယ်ဆေးနည်း သိပ္ပံပညာရှင်များ စမ်းသပ်နေပြီ
Ref: Metro
Unicode
ဆယ်ကျော်သက်အရွယ်ရောက်လို့ ဝက်ခြံရှိလာရင် မိမိကိုယ်ကိုယ် တန်ဖိုးထားမှု ထိခိုက်စေပြီး မိတ်ကပ်မလိမ်းဘဲ သဘာဝမျက်နှာအတိုင်းနေဖို့ဆိုတာ အိပ်မက်ဆိုးသဖွယ် ဖြစ်စေပါတယ်။ ဒါပေမယ့် မိမိအသားအရေ ပုံမှန်သဘာဝအတိုင်းဖြစ်သွားစေမယ့် အခွင့်အရေး တစ်ခုရှိပါတယ်။ ဆယ်ကျော်သက်အရွယ် ဝက်ခြံထွက်တာက အင်မတန်ဆိုးပါတယ်။ ခန္ဓာကိုယ်အတွင်း ဟော်မုန်းတွေအတည်တကျဖြစ်သွားတဲ့တစ်နေ့ ဒီဝက်ခြံတွေ မဖြစ်တော့ဘူးဆိုတဲ့ အချက်နဲ့ နှစ်သိမ့်မှုမရနိုင်ပါဘူး။
၈၀ ရာခိုင်နှုန်းဟာ အသက် ၁၁-၃၀ ကြား တစ်ချိန်ချိန်မှာ ဝက်ခြံပေါက်မှု ရင်ဆိုင်ကြရပါတယ်။ ဒီတော့ စိတ်ပျက်စရာကောင်းတဲ့ အခိုက်အတန့်မဟုတ်လား။ ဒါပေမယ့် သတင်းကောင်းတစ်ခု ရှိပါတယ်။
California San Diego တက္ကသိုလ်က သိပ္ပံပညာရှင်တွေဟာ ဝက်ခြံဖြစ်ပွားစေတဲ့ အဆိပ်အတောက်တွေကို တိုက်ဖျက်ပေးမယ့် ဝက်ခြံကာကွယ်ဆေးတစ်မျိုး စမ်းသပ်တီထွင်နေကြပါပြီ။ တချို့အပိုင်းမှာ P.acnes ဘက်တီးရီးယားတွေကြောင့် ဝက်ခြံတွေ ဖြစ်ပွားစေပြီး ဒီဘက်တီးယားတို့က မိမိတို့ကိုယ်ထဲမှာ တောက်လျှောက်ရှိနေပါတယ်။ အဲ့ဒီဘက်တီးရီးယားတွေအတွက် ကာကွယ်ဆေးဖန်တီးလို့မရပါဘူး။ သူတို့က တစ်ဖက်တစ်လမ်းမှာ အကျိုးပြုတယ်လို့ ဦးဆောင်သုတေသီဖြစ်သူ Eric C. Huange က ဆိုပါတယ်။
ဒါပေမယ့် P.acnes bacteria ကနေ အရေပြားမှာ ထုတ်လုပ်ပေးတဲ့ toxin protein ကို ကာကွယ်ပေးတဲ့ ပဋိဇီဝဆေးကို လေ့လာတွေ့ရှိခဲ့ပြီး ဒီ protein က ဝက်ခြံဖူးရောင်မှုနဲ့ဆက်စပ်ပါတယ်။ ခုထိချိန်တော့ ဝက်ခြံရှိသူတွေထံ ရယူထားတဲ့ အရေးပြားစနာမူနာတွေ စစ်ဆေးလျက်ရှိနေပါသေးတယ်။ နောက်တစ်ဆင့်က လူတွေမှာ စမ်းသပ်ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီတော့ အနာဂတ်မှာ ဝက်ခြံကင်းဝေးတဲ့ ခေတ်ရောက်ရှိနိုင်ဖွယ်ရှိပါတယ်။
Ref: Metro
ဝက်ခြံကာကွယ်ဆေးနည်း သိပ္ပံပညာရှင်များ စမ်းသပ်နေပြီ
Reviewed by Naethit
on
Thursday, April 20, 2017
Rating:

No comments