ရတနာသုံးပါးကိုယုံကြည်ကိုးကွယ်ဆည်းကပ်လာသူတစ်ယောက်အကြောင်း - ဆန်းလွင်
လူ့ ဘဝထဲကို ကံအကျိုးပေးအလျောက်ရောက်ရှိလာခဲ့သော်လည်းမိဘရိုးရာယုံကြည်ကိုးကွယ်မှုအပေါ်ဘဝင်မကျနိုင်သူတစ်ဦးဟာ အခြားဘာသာတွေရဲ့ ကိုးကွယ်ယုံကြည်မှုတွေကိုလေ့လာခဲ့တယ်။ ဘာသာအမျိုးမျိုးပြောင်းလဲကိုး
ကွယ်ခဲ့တယ်..ဘာသာမဲ့အဖြစ်နဲ့ လည်းနေခဲ့ဘူးတယ်။ ဒီလိုဖြစ်ရတာက ယုံကြည်ကိုးကွယ်မှုဆိုင်ရာဘာသာတရားတွေကို ယုတ္တိနည်းနဲ့ ခွဲခြမ်းစိတ်ဖြာကြည့်ရင်းမေးစရာအချက်တွေ.. တွေ့ ပြီးရင်းတွေ့ လာခဲ့ရလို့ ပါ .. ကိုယ်တိုင်က ဒဿနပညာကိုဆည်းပူးခဲ့သူ ဖြစ်တဲ့
ဆရာဆန်းလွင် ဟာ နောက်ဆုံးမှာတော့ရတနာသုံးပါးကို
ယုံကြည်ကိုးကွယ်ဆည်းကပ်သူတစ်ယောက်ဖြစ်လာခဲ့ပြီး ဘဝရဲ့ နောက်ဆုံးအချိန်တွေကို ရဟန်းဝတ်နဲ့ ပဲကုန်လွန်သွားစေခဲ့ပါတော့တယ်။
သူရှာနေတာ တကယ့် အစစ်အမှန်ယုံကြည်ကိုးကွယ်ထိုက်တဲ့ ဓမ္မပါ။ မှတ်ကျောက်တင်ခံနိုင်သည့်တရားပါ။ဒီတရားကိုရှာဖွေရင်းကြုံတွေ့ ဖြစ်ပျက်ခဲ့သမျှအစုံစုံကို ဒီစာအုပ်မှာရေးသားတင်ပြထားတာဟာဖြင့်လက်ကမချချင်လောက်
်အောင်ကို ဆွဲဆောင်နိုင်လှကြောင်းညွန်းလိုက်ချင်ပါတယ်ခင်ဗျာ...
ဒီမှာ download ပါ
ရတနာသုံးပါးကိုယုံကြည်ကိုးကွယ်ဆည်းကပ်လာသူတစ်ယောက်အကြောင်း - ဆန်းလွင်
Reviewed by Unknown
on
Thursday, July 02, 2015
Rating:
No comments