အသည်းအဆီဖုံးရောဂါအတွက် လဲလူရွက်




ယခုတလော အဖြစ်များနေသော ရောဂါမှာ အသည်းအဆီဖုံးရောဂါ ဖြစ်သည်။ နေ့စဉ် စားသောက်နေသော အစားအသောက်များကအဆီအဆိမ့်များခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း၊ အအိပ်အနေ လွန်ကဲခြင်း တို့ကြောင့် အသည်းအဆီဖုံးရောဂါ ဖြစ်ရသည်။ အများအားဖြင့် အဝလွန်သူ၊ လမ်းလျှောက်နည်းသူ၊ ဇိမ်ခံလွန်းသူ လူတန်းစားတို့ အဖြစ်များ၏။

တနေ့တွင် စာရေးသူ၏ ဆေးဆိုင်သို့ အသည်းအားဆေး Livolin (လစ်ဗိုလင်) လာရောက်ဝယ်ယူသူ တဦးက-
ကျွန်တော့်မိန်းမ အသည်းအဆီဖုံးရောဂါ ဖြစ်နေတာကြာပြီ ဆရာရယ်၊ သူက လမ်းလျှောက်ပါဆိုရင်လည်း မလျှောက်၊ နေ့ခင်း ထမင်းစားပြီးလည်း အိပ်၊ စားတော့လည်း ဝက်သားအဆီတို့၊ ငါးမြင်းဗိုက်သားတို့
ထောပတ်ထမင်းတို့ မဖြစ်ခံနိုင်တော့မလား။ ခုတော့ အသည်းပါရဂူကို လုပ်ကျွေးနေရပြီ

သူက ဆေးဝယ်ရင်းဖြင့် ဇနီဖြစ်သူ အသည်းအဆီဖုံး ရောဂါသည်အကြောင်း ရင်ဖွင့်နေသည်။ သူ့ရင်ဖွင့်သံကို ကြား၍ ထင်သည်၊ စာရေးသူ၏ ခေါင်းရင်းအိမ်မှ ဦးကျော်သန်းက စာရေးသူ၏ဆိုင်ဘက်သို့ ကူးလာပြီး-
ကဲ-နောင်ကြီးမိန်းမ အသည်းအဆီဖုံးရောဂါဖြစ်တာ ဘာမှမပူနဲ့၊ ဆေးနည်းပေးလိုက်မယ်၊ ခင်ဗျား သေသေချာချာ မှတ်ထား။


စာအုပ်​ကို ​အောက်​တွင်​ရှိ​သော click here ကိုနှိပ်​ပြီး download ပါ။



အသည်းအဆီဖုံးရောဂါအတွက် လဲလူရွက် အသည်းအဆီဖုံးရောဂါအတွက် လဲလူရွက် Reviewed by Unknown on Sunday, July 19, 2015 Rating: 5

No comments