အနှစ်နှစ်ဆယ် - ဗိုလ်မှူးချစ်ကောင်း
အနှစ် နှစ်ဆယ်
ရေးသူ- ဗိုလ်မှူးချစ်ကောင်း
ဒီစာအုပ်လေးကိုဖတ်ရတာ ပထမစာမျက်နှာရဲ့ ပထမစာကြောင်းကိုဖတ်လိုက်မိရုံ
နဲ့ ရင်ထဲမှာ နင့်ကနဲဖြစ်သွားရတယ်။
ဗိုလ်မှူးချစ်ကောင်းရေးထားပုံက...
အနှစ်နှစ်ဆယ်တိုင်းပြည်အတွက်
လုပ်ခဲ့ပြီးနောက် ကိုယ့် ကိုယ် ကိုယ်ပြန်ကြည့်လိုက်မိသောအခါ..
ကြိုးတိုက်ထဲတွင်ရောက်နေကြောင်း
တွေ့ ရလေ ၏...တဲ့။ စာအုပ်က ပါလီမန်ဒီမိုကရေစီခေတ်ကို အဓိကဖော်ပြထားတာပါ။
သူဟာ ကျောင်းသားသမဂ္ဂမှသည်လွတ်လပ်ရေးကြိုးပမ်းမှုနှင့် ဖက်ဆစ်တော်လှန်ရေးတို့ မှာတိုင်းပြည်အတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူဖြစ်ငြား
ကွန်မြူနစ်ဝါဒကိုသက်ဝင်ယုံကြည်ခဲ့သူပီပီ.. သဘောတရားရေးရာမှာသူ့ ဝါဒအပေါ်
မဖောက်မပြန်ရပ်တည်ခဲ့သူအဖြစ်တွေ့ ရမှာပါ။ တိုင်းပြည်အတွက်
လုပ်ဆောင်ခဲ့ရာမှာလည်း လေးစားလောက်ဖွယ်ဖြစ်ကြောင်းမြင်ရမှာပါ။ သို့ ပေမယ့် သူ့ နိဂုံးက
မလှပခဲ့ပါဘူး။ သူ့ ရဲ့ အနှစ်နှစ်ဆယ် ဆိုတဲ့စာအုပ်ကို နောက်ဆုံးအချိန်ထိအောင် ရေးသားခဲ့တယ်။ ဒါကို တစ်ချိန်ကတော့ အများကဖတ်ခွင့်
မရခဲ့ကြပါဘူး။ ရေးသူကရေးလျင် ဖတ်သူကလွတ်လပ်စွာဖတ်ရှုဝေဘန်ပိုင်းခြားခွင့်ရှိကြောင်း
ယုံကြည်သူ အမြင့်ပျံ ငှက်များ ရဲ့ လုံ့ လပြုခြင်းကြောင့် စာအုပ်ကလေးထွက်ပေါ်ခဲ့ရတာပါ။
ဒီဘက်ခေတ်မှာ ဒီလို စာမျိုးတွေကို ဖတ်နိုင်အောင်ကျနော်တို့ မြန်မာအင်တာနက်စာကြည့်တိုက်
အနေဖြင့်လည်း စာချစ်သူများကို မျှဝေသင့်တယ်လို့ ယုံကြည်ပါတယ်။
လွတ်လပ်စွာဝေဘန်ပိုင်းခြားမှုကိုလူတိုင်းရသင့်တာ လူ့  အခွင့်အရေးပါ။
ဒါကြောင့်... ဆက်လက်မျှဝေလိုက်ရပါတယ်ခင်ဗျာ...။
ဒီမှာ download ပါ
အနှစ်နှစ်ဆယ် - ဗိုလ်မှူးချစ်ကောင်း
Reviewed by Unknown
on
Saturday, July 18, 2015
Rating:
![အနှစ်နှစ်ဆယ် - ဗိုလ်မှူးချစ်ကောင်း](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOgDyoCS7agtAMPP8uP3gLkRTSDEY02AjyUDA2VgrK-fptP1wSygbFhPH-7LLnQJeLzSWfVFUWQErCbT6WRf28afJWw5tFad1gBV1Nlri6MqVqfx1vr3cjyQ_wVoUo1xUf-QJsExUAhQ/s72-c/download.gif)
No comments