ေမြးလကေျပာျပတ့ဲ လူတစ္ေယာက္ရ႕ဲပင္ကိုယ္စ႐ိုက္
လူတစ္ေယာက္နဲ႔ တစ္ေယာက္က အက်င့္စရိုက္ေတြမတူၾကပါဘူး။ တစ္ခုမဟုတ္တစ္ခုေပၚ မူတည္ျပီး အက်င့္စရိုက္ေတြ ကြဲျပားၾကပါတယ္။ ေဗဒင္ကိန္းခန္းအရလည္း ေမြးလေတြေပၚ မူတည္ၿပီး ကိုယ့္ရဲ႕အက်င့္စရိုက္လကၡဏာကြဲၿပားတယ္တဲ႔ေလ။ အခု Hana က ေမြးလအသီးသီးရဲ႕ မတူညီကြဲျပားတဲ့ အက်င့္စရိုက္ေတြကို ေဖာ္ျပေပးသြားမွာပါ။ (ဟီး… ရွာေဖြေတြ႔ရွိထားတာေလး ဘာသာျပန္ေပးထားတာေနာ္။Hana ေဗဒင္ မေဟာတတ္ပါ :P)မွန္၏ မမွန္၏က တိုက္စစ္ၾကည့္ၾကေပကုန္။
ဇန္နဝါရီ
ဇန္နဝါရီဖြားေလးေတြ သူတို႔ကို မသိတဲ့သူေတြကေတာ့ ေအးတိေအးစက္နဲ႔ စကားနည္းတဲ့သူလို႔ ထင္ၾကတာေပါ့။ ခင္လည္းခင္သြားေရာ ေတာ္ပါေတာ့လို႔ ေျပာယူရေအာင္ စကားစပယ္ရွယ္မ်ားသူေတြပါ။ ေခါင္းမာတယ္။ ရည္မွန္းခ်က္ၾကီးတယ္။ လူတစ္ေယာက္ကို အားနည္းခ်က္ ၊ အားသာခ်က္ၾကည့္ၿပီး မဆံုးျဖတ္ဘူး။ သပ္သပ္ရပ္ရပ္ေနတတ္တယ္။ သူမ်ားကို ေပ်ာ္ေအာင္ဘယ္လိုလုပ္ေပးရမလဲ ေကာင္းေကာင္းသိတယ္။ ေပါင္းသင္းဆက္ဆံေရးေကာင္းတယ္။ ပိုက္ဆံအသံုႀကီးတတ္လို႔ ခဏခဏဘိုင္ျပတ္တတ္ပါတယ္တဲ႔ေလ ။
ေဖေဖာ္ဝါရီ
ေဖေဖာ္ဝါရီဖြားေတြကေတာ့ ေဒါသထြက္လြယ္ၿပီး စိတ္ေျပာင္းလြယ္တဲ့သူေတြပါ။စိတ္ကူးအရမ္းယဥ္တတ္တယ္။ ေဖေဖာ္ဝါရီအမ်ားစုက ရုပ္ေခ်ာၿပီးဥာဏ္ေကာင္းၾကတယ္။ ကိုယ္ရဲ႕ပန္းတိုင္ေရာက္ဖို႔ တစိုက္မတ္မတ္ၾကိဳးစားတတ္တဲ့သူေတြ ျဖစ္တယ္။ လာခ်ဳပ္ခ်ယ္ရင္မၾကိဳက္ဘူး။ မလိုအပ္တဲ့အပိုေတြ လာလုပ္ရင္ မႀကိဳက္ဘူး။ စိတ္ကူးထဲမွာေတာ့ ရိုမန္တစ္ဆန္ေပမယ့္ အျပင္မွာႀကိဳးစားၾကည့္ေတာ့ တလြဲျဖစ္တတ္တာ သူတို႔ေပါ့။ ရည္းစားထားရင္လည္း တစ္ေယာက္ဆို တစ္ေယာက္ပဲ။ သစၥာရွိၾကတယ္။
မတ္
မတ္လဖြားေတြကေတာ့ ဆြဲေဆာင္မႈရွိတဲ့ ပင္ကိုယ္စရိုက္ရွိတယ္။ သူစိမ္းေတြနဲ႔ဆို ရွက္တတ္တယ္။ အေပးအကမ္း ရက္ေရာၿပီး သနားၾကင္နာတတ္တဲ့စိတ္ရွိတယ္။ စိတ္ခံစားလြယ္တယ္။ ကိုယ့္ကိုသူမ်ားလာခ်စ္တာထက္ သူမ်ားကိုခ်စ္ရတာ ပိုႀကိဳက္တယ္။ ႏႈတ္လံုတယ္။ ယံုၾကည္လို႔ရတယ္။ ဒါေပမယ့္ လက္တံု႔ျပန္တတ္တဲ့ အက်င့္ရွိတယ္။ သူမ်ားေတြဆီက အာရံုစိုက္မႈ ရတာကို အရမ္းႀကိဳက္တယ္။ ပိုက္ဆံရွာရလြယ္ျပီး ရွာထားတဲ့ ပိုက္ဆံလြယ္လြယ္ ကုန္တတ္တယ္။ အသက္သာႀကီးလာမယ္ ၊ ကေလးတစ္ေယာက္လိုျပဳမူခ်င္တတ္တုန္း ။ လက္တြဲေဖာ္ရွာတဲ့အခါ စိတ္ကအၿမဲမျပတ္မသား ျဖစ္ေလ့ရွိတယ္။
ဧၿပီ
သြက္သြက္လက္လက္ေနတတ္တယ္။ ဆံုးျဖတ္ခ်က္ခိုင္မာတယ္။ တစ္ခါတစ္ရံ ရွပ္ျပာတတ္တယ္။ စိတ္ဓာတ္ခိုင္မာတယ္။ ေခါင္းမာတယ္ ။ ဆရာၾကီးတအားလုပ္တတ္တယ္။ စိတ္လိုက္မာန္ပါ လုပ္တတ္တယ္။ သူမ်ား ျပႆနာေတြကို လိုက္ေျဖရွင္းေပးတတ္တယ္။ သူငယ္ခ်င္းမ်ားမယ္။ ခ်စ္ခင္သူေတြ ေပါမ်ားမယ္။ ဒါေပမယ့္ ဆရာႀကီးလုပ္တတ္တဲ့ အက်င့္ေၾကာင့္ ကိုယ္ခ်စ္တဲ့သူေတြ နဲ႔ ေဝးရတတ္တယ္။ အေၾကာက္အလန္႔နည္းၿပီး ရဲရင့္တယ္။ တစ္ခုခုကိုလုပ္မယ္လို႔ ဆံုးျဖတ္ခ်က္ခ်လိုက္တာနဲ႔ ဘယ္သူမွကိုယ့္ကို တားလို႔မရေတာ့ဘူး။
ေမ
ေမလဖြားေတြကေတာ့ ကိုယ့္ဘာသာ ေအးေဆးေနတတ္တယ္။ အရႈပ္အယွက္ေတြမႀကိဳက္ဘူး။ ဒါေပမယ့္ ကိုယ့္ကိုလာတိုက္ခိုက္လာရင္ေတာ့ စိန္ေခၚရင္ တိမ္ေပၚထိလိုက္မယ္ ဆိုတဲ့လူေတြပါ။ အနုပညာ ဝါသနာပါတယ္။ သူငယ္ခ်င္းေတြကို အရမ္းဦးစားေပးတယ္။ အသည္းမာတယ္။ ထက္ျမက္တယ္။ စိတ္ဆိုးစိတ္ေကာက္ရင္ ခဏပဲ။ အၾကာႀကီးေခ်ာ့စရာ မလိုဘူး။ အိမ္မွာေနရတာ မႀကိဳက္ဘူး။ ခရီးထြက္ေနရတာ ၾကိဳက္တယ္။
ဇြန္
ဇြန္လဖြားေတြကေတာ့ အရမ္းသဝန္တိုတတ္သူေတြပါ။ အခ်စ္ေရးကေတာ့ ရႈပ္ေထြးမႈမ်ားတယ္။ သံုးပြင့္ဆိုင္တို႔ ေလးပြင့္ဆိုင္တို႔ ၾကံဳတာမ်ားပါတယ္။ အတိတ္ကို မေမ့နိုင္ဘဲ ျဖစ္ေနတတ္တယ္။ ဇြန္လဖြားေတြက ယဥ္ေက်းသိမ္ေမြ႔တယ္။ ဂ်ီးမ်ားတယ္။ အေကာင္းဆံုးဆိုတာပဲ လိုခ်င္ၿပီးတအား ေရြးခ်ယ္တယ္။ ဆန္းသစ္တီထြင္တတ္တယ္။ ဟာသဉာဏ္ရႊင္တယ္။ စကားမ်ားတယ္။ စကားေျပာေကာင္းတယ္။ သူတို႔နဲ႔ စကားနိုင္သြားမလုနဲ႔ ။ ထိုင္ငိုသြားမယ္။ အလြယ္တကူ နာက်င္ခံစားတတ္တယ္။ ခံစားရတဲ့ဒဏ္ရာက လြယ္လြယ္နဲ႔ေပ်ာက္မသြားဘူး။ အခ်ိ္န္ၾကာၾကာေနျပီးမွ ေမ့ေပ်ာက္ေလ့ရွိတယ္။
ဇူလိုင္
ဇူလိုင္လဖြားေတြကေေတာ့ သူမ်ားေတြကို ဂရုစိုက္တတ္တယ္။ ခံစားခ်က္ေတြ မေဖာ္ျပတတ္ဘူး။ တစ္ခါတစ္ေလ သူတို႔ေတြကို နားလည္ေပးဖို႔ ခက္ခဲတယ္။ မာနႀကီးတယ္။ ခင္မင္တဲ့ သူေတြနဲ႔ေတာ့ ေပါေတာေတာေနတယ္။ သူမ်ားခံစားခ်က္ကို အရမ္းဂရုစိုက္ေပးလို႔ ကိုယ္ကပဲခံစားရတာမ်ားတယ္။ ခ်က္ခ်က္လက္လက္ သြက္သြက္လက္လက္ ရွိတယ္။ အမွားလုပ္ထားရင္ ခြင့္လႊတ္ေပးတယ္ ၊ ဒါေပမယ့္ ဘယ္ေတာ့မွမေမ့ဘူး။ တစ္ေယာက္တည္းေနရတာ သေဘာက်တယ္။ အလြယ္တကူ မိတ္ေဆြမဖြဲ႔တတ္ဘူး။
ၾသဂုတ္
ၾသဂုတ္လဖြားေတြကေတာ့ ေခါင္းေဆာင္တစ္ေယာက္ စိတ္ဓာတ္ရွိတယ္။ ဦးေဆာင္ရတာ သေဘာက်တယ္။ ရဲရင့္တယ္။ ဂုဏ္မက္တယ္။ သဝန္တိုလြယ္တယ္။ ျဖတ္ထိုးဉာဏ္ေကာင္းတယ္။ အလုပ္အရမ္းႀကိဳးစားတယ္။ ေနမေကာင္း ခဏခဏျဖစ္တတ္တယ္။ အခ်စ္ေရးမွာေတာ့ ရိုမန္တစ္ဆန္သူေတြပါ။
စက္တင္ဘာ
စက္တင္ဘာဖြားေေတြကေတာ့ ေခါင္းမာတဲ့သူေတြပါ။ သနားတတ္တယ္။ ပူပန္တတ္ျပီး ေစ့စပ္တယ္။ သစၥာရွိတယ္။ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈက အျပည့္ပဲ။ မွတ္ဉာဏ္ေကာင္းတယ္။ သတင္းအခ်က္အလက္ေတြ လိုက္စုရတာ သေဘာက်တယ္။ သိုသိုသိပ္သိပ္ေနတယ္။ ကိုယ္ခံစားခ်က္ကို ေဖာ္ျပခဲတယ္။ တစ္ခုခုဆို အေတြးလြန္ၿပီး တစ္ေယာက္တည္း ဝမ္းနည္းေနတတ္တယ္။ အလြယ္တကူ စိတ္အားငယ္တတ္တယ္။ အခ်စ္ေရးမွာဆိုရင္လည္း ကိုယ့္ကိုမခ်စ္တဲ့သူကိုမွ တန္းတန္းစြဲျဖစ္ေနတတ္တယ္။ ကိုယ့္ကိုၾကိဳက္တဲ့သူေတြကိုေတာ့ လွည့္ေတာင္မၾကည့္ဘူး။ ၾကိဳက္တဲ့သူေတြ ဝိုင္းဝိုင္းလည္ေနပါေသာ္လည္း ဂ်ီးမ်ားလြန္းေသာ္ေၾကာင့္ အပ်ိဳႀကီး၊ လူပ်ိဳႀကီးဘဝနဲ႔ အရိုးထုတ္ရတတ္တယ္။
ေအာက္တိုဘာ
ေအာက္တိုဘာဖြားေတြကေတာ့ ဇြဲေကာင္းတယ္။ အခက္အခဲေတြ ဘယ္ေလာက္ႀကံဳႀကံဳ ဇြဲမေလ်ာ့ဘူး။ ကံေကာင္းတတ္တယ္။ စိတ္ထားလွတယ္။ သူငယ္ခ်င္းေတြကို နံပါတ္တစ္ေနရာမွာ ထားတယ္။ လြယ္လြယ္ခံစားျပီး လြယ္လြယ္ေမ့ေပ်ာက္တတ္တယ္။ သဝန္တိုလြယ္တယ္။ ဟန္မေဆာင္တတ္ဘူး။ စိတ္ထဲမွာရွိသမွ်က ကိုယ့္မ်က္ႏွာေပၚမွာ လာေပၚေနတတ္တယ္။ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈ လြယ္လြယ္ေပ်ာက္တတ္တယ္။
ႏိုဝင္ဘာ
ႏိုဝင္ဘာဖြားေတြကေတာ့ ေပါင္းသင္းဆက္ဆံေရးေကာင္းျပီး လူခ်စ္လူခင္ေပါတယ္။ စိတ္ရွည္တယ္။ ေခါင္းမာတယ္။ စပ္စုတတ္တယ္။ ထက္ျမက္တယ္။ စကားနည္းတယ္။ နည္းနည္းေျပာျပီး မ်ားမ်ားေတြးတာ သူတို႔ေတြေပါ့။ စိတ္ပါရင္ အကုန္လုပ္တယ္။ စိတ္မပါရင္ ဘာဆိုဘာမွမလုပ္ဘူး။ ေဒါသထြက္ခဲတယ္။ ေဒါသထြက္ၿပီဆိုရင္လည္း သူမ်ားနဲ႔မတူဘူး။ သူမ်ားနဲ႔မတူ စဥ္းစားေတြးေခၚတတ္တယ္။ ေျမွာက္ေျပာတိုင္းမေျမွာက္တတ္ဘူး။ အခ်စ္ေရးမွာ မေရရာ မေသခ်ာျဖစ္တတ္တယ္။
ဒီဇင္ဘာ
ဒီဇင္ဘာလဖြားေတြက လေတြအားလံုးထဲမွာ ကံအေကာင္းဆံုးသူေတြပါ။ အထူးသျဖင့္ အခ်စ္ေရးမွာ ကံအရမ္းေကာင္းပါတယ္။ အားကစားမွာ ထူးခၽြန္တယ္။ စိတ္မရွည္ဘူး။ စိတ္တိုလြယ္တယ္။ ဟန္မေဆာင္တတ္ဘူး။ ရိုးသားတယ္။ အရွိကိုအရွိတိုင္းေျပာလို႔ ခဏခဏျပႆနာတတ္တက္တယ္။ အခ်စ္ခံရတာ ၾကိဳက္တယ္။ Personality ေျပာင္းလြယ္တယ္။ ခ်ဳပ္ခ်ယ္တာမၾကိဳက္ဘူး။ ဘယ္လိုလဲ။ေယာင္းတို႔ေရ… မွန္ရဲ႕လား။ တိုက္ဆိုင္မႈရွိရင္ ရွယ္သြားၾကပါကုန္……
Credit: Hana (For Her Myanmar)
#Unicode Version#
လူတစ်ယောက်နဲ့ တစ်ယောက်က အကျင့်စရိုက်တွေမတူကြပါဘူး။ တစ်ခုမဟုတ်တစ်ခုပေါ် မူတည်ပြီး အကျင့်စရိုက်တွေ ကွဲပြားကြပါတယ်။ ဗေဒင်ကိန်းခန်းအရလည်း မွေးလတွေပေါ် မူတည်ပြီး ကိုယ့်ရဲ့အကျင့်စရိုက်လက္ခဏာကွဲပြားတယ်တဲ့လေ။ အခု Hana က မွေးလအသီးသီးရဲ့ မတူညီကွဲပြားတဲ့ အကျင့်စရိုက်တွေကို ဖော်ပြပေးသွားမှာပါ။ (ဟီး… ရှာဖွေတွေ့ရှိထားတာလေး ဘာသာပြန်ပေးထားတာနော်။Hana ဗေဒင် မဟောတတ်ပါ :P)မှန်၏ မမှန်၏က တိုက်စစ်ကြည့်ကြပေကုန်။
ဇန်နဝါရီ
ဇန်နဝါရီဖွားလေးတွေ သူတို့ကို မသိတဲ့သူတွေကတော့ အေးတိအေးစက်နဲ့ စကားနည်းတဲ့သူလို့ ထင်ကြတာပေါ့။ ခင်လည်းခင်သွားရော တော်ပါတော့လို့ ပြောယူရအောင် စကားစပယ်ရှယ်များသူတွေပါ။ ခေါင်းမာတယ်။ ရည်မှန်းချက်ကြီးတယ်။ လူတစ်ယောက်ကို အားနည်းချက် ၊ အားသာချက်ကြည့်ပြီး မဆုံးဖြတ်ဘူး။ သပ်သပ်ရပ်ရပ်နေတတ်တယ်။ သူများကို ပျော်အောင်ဘယ်လိုလုပ်ပေးရမလဲ ကောင်းကောင်းသိတယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းတယ်။ ပိုက်ဆံအသုံကြီးတတ်လို့ ခဏခဏဘိုင်ပြတ်တတ်ပါတယ်တဲ့လေ ။
ဖေဖော်ဝါရီ
ဖေဖော်ဝါရီဖွားတွေကတော့ ဒေါသထွက်လွယ်ပြီး စိတ်ပြောင်းလွယ်တဲ့သူတွေပါ။စိတ်ကူးအရမ်းယဉ်တတ်တယ်။ ဖေဖော်ဝါရီအများစုက ရုပ်ချောပြီးဉာဏ်ကောင်းကြတယ်။ ကိုယ်ရဲ့ပန်းတိုင်ရောက်ဖို့ တစိုက်မတ်မတ်ကြိုးစားတတ်တဲ့သူတွေ ဖြစ်တယ်။ လာချုပ်ချယ်ရင်မကြိုက်ဘူး။ မလိုအပ်တဲ့အပိုတွေ လာလုပ်ရင် မကြိုက်ဘူး။ စိတ်ကူးထဲမှာတော့ ရိုမန်တစ်ဆန်ပေမယ့် အပြင်မှာကြိုးစားကြည့်တော့ တလွဲဖြစ်တတ်တာ သူတို့ပေါ့။ ရည်းစားထားရင်လည်း တစ်ယောက်ဆို တစ်ယောက်ပဲ။ သစ္စာရှိကြတယ်။
မတ်
မတ်လဖွားတွေကတော့ ဆွဲဆောင်မှုရှိတဲ့ ပင်ကိုယ်စရိုက်ရှိတယ်။ သူစိမ်းတွေနဲ့ဆို ရှက်တတ်တယ်။ အပေးအကမ်း ရက်ရောပြီး သနားကြင်နာတတ်တဲ့စိတ်ရှိတယ်။ စိတ်ခံစားလွယ်တယ်။ ကိုယ့်ကိုသူများလာချစ်တာထက် သူများကိုချစ်ရတာ ပိုကြိုက်တယ်။ နှုတ်လုံတယ်။ ယုံကြည်လို့ရတယ်။ ဒါပေမယ့် လက်တုံ့ပြန်တတ်တဲ့ အကျင့်ရှိတယ်။ သူများတွေဆီက အာရုံစိုက်မှု ရတာကို အရမ်းကြိုက်တယ်။ ပိုက်ဆံရှာရလွယ်ပြီး ရှာထားတဲ့ ပိုက်ဆံလွယ်လွယ် ကုန်တတ်တယ်။ အသက်သာကြီးလာမယ် ၊ ကလေးတစ်ယောက်လိုပြုမူချင်တတ်တုန်း ။ လက်တွဲဖော်ရှာတဲ့အခါ စိတ်ကအမြဲမပြတ်မသား ဖြစ်လေ့ရှိတယ်။
ဧပြီ
သွက်သွက်လက်လက်နေတတ်တယ်။ ဆုံးဖြတ်ချက်ခိုင်မာတယ်။ တစ်ခါတစ်ရံ ရှပ်ပြာတတ်တယ်။ စိတ်ဓာတ်ခိုင်မာတယ်။ ခေါင်းမာတယ် ။ ဆရာကြီးတအားလုပ်တတ်တယ်။ စိတ်လိုက်မာန်ပါ လုပ်တတ်တယ်။ သူများ ပြဿနာတွေကို လိုက်ဖြေရှင်းပေးတတ်တယ်။ သူငယ်ချင်းများမယ်။ ချစ်ခင်သူတွေ ပေါများမယ်။ ဒါပေမယ့် ဆရာကြီးလုပ်တတ်တဲ့ အကျင့်ကြောင့် ကိုယ်ချစ်တဲ့သူတွေ နဲ့ ဝေးရတတ်တယ်။ အကြောက်အလန့်နည်းပြီး ရဲရင့်တယ်။ တစ်ခုခုကိုလုပ်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တာနဲ့ ဘယ်သူမှကိုယ့်ကို တားလို့မရတော့ဘူး။
မေ
မေလဖွားတွေကတော့ ကိုယ့်ဘာသာ အေးဆေးနေတတ်တယ်။ အရှုပ်အယှက်တွေမကြိုက်ဘူး။ ဒါပေမယ့် ကိုယ့်ကိုလာတိုက်ခိုက်လာရင်တော့ စိန်ခေါ်ရင် တိမ်ပေါ်ထိလိုက်မယ် ဆိုတဲ့လူတွေပါ။ အနုပညာ ဝါသနာပါတယ်။ သူငယ်ချင်းတွေကို အရမ်းဦးစားပေးတယ်။ အသည်းမာတယ်။ ထက်မြက်တယ်။ စိတ်ဆိုးစိတ်ကောက်ရင် ခဏပဲ။ အကြာကြီးချော့စရာ မလိုဘူး။ အိမ်မှာနေရတာ မကြိုက်ဘူး။ ခရီးထွက်နေရတာ ကြိုက်တယ်။
ဇွန်
ဇွန်လဖွားတွေကတော့ အရမ်းသဝန်တိုတတ်သူတွေပါ။ အချစ်ရေးကတော့ ရှုပ်ထွေးမှုများတယ်။ သုံးပွင့်ဆိုင်တို့ လေးပွင့်ဆိုင်တို့ ကြုံတာများပါတယ်။ အတိတ်ကို မမေ့နိုင်ဘဲ ဖြစ်နေတတ်တယ်။ ဇွန်လဖွားတွေက ယဉ်ကျေးသိမ်မွေ့တယ်။ ဂျီးများတယ်။ အကောင်းဆုံးဆိုတာပဲ လိုချင်ပြီးတအား ရွေးချယ်တယ်။ ဆန်းသစ်တီထွင်တတ်တယ်။ ဟာသဉာဏ်ရွှင်တယ်။ စကားများတယ်။ စကားပြောကောင်းတယ်။ သူတို့နဲ့ စကားနိုင်သွားမလုနဲ့ ။ ထိုင်ငိုသွားမယ်။ အလွယ်တကူ နာကျင်ခံစားတတ်တယ်။ ခံစားရတဲ့ဒဏ်ရာက လွယ်လွယ်နဲ့ပျောက်မသွားဘူး။ အချိန်ကြာကြာနေပြီးမှ မေ့ပျောက်လေ့ရှိတယ်။
ဇူလိုင်
ဇူလိုင်လဖွားတွေကေတော့ သူများတွေကို ဂရုစိုက်တတ်တယ်။ ခံစားချက်တွေ မဖော်ပြတတ်ဘူး။ တစ်ခါတစ်လေ သူတို့တွေကို နားလည်ပေးဖို့ ခက်ခဲတယ်။ မာနကြီးတယ်။ ခင်မင်တဲ့ သူတွေနဲ့တော့ ပေါတောတောနေတယ်။ သူများခံစားချက်ကို အရမ်းဂရုစိုက်ပေးလို့ ကိုယ်ကပဲခံစားရတာများတယ်။ ချက်ချက်လက်လက် သွက်သွက်လက်လက် ရှိတယ်။ အမှားလုပ်ထားရင် ခွင့်လွှတ်ပေးတယ် ၊ ဒါပေမယ့် ဘယ်တော့မှမမေ့ဘူး။ တစ်ယောက်တည်းနေရတာ သဘောကျတယ်။ အလွယ်တကူ မိတ်ဆွေမဖွဲ့တတ်ဘူး။
သြဂုတ်
သြဂုတ်လဖွားတွေကတော့ ခေါင်းဆောင်တစ်ယောက် စိတ်ဓာတ်ရှိတယ်။ ဦးဆောင်ရတာ သဘောကျတယ်။ ရဲရင့်တယ်။ ဂုဏ်မက်တယ်။ သဝန်တိုလွယ်တယ်။ ဖြတ်ထိုးဉာဏ်ကောင်းတယ်။ အလုပ်အရမ်းကြိုးစားတယ်။ နေမကောင်း ခဏခဏဖြစ်တတ်တယ်။ အချစ်ရေးမှာတော့ ရိုမန်တစ်ဆန်သူတွေပါ။
စက်တင်ဘာ
စက်တင်ဘာဖွားေတွေကတော့ ခေါင်းမာတဲ့သူတွေပါ။ သနားတတ်တယ်။ ပူပန်တတ်ပြီး စေ့စပ်တယ်။ သစ္စာရှိတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုက အပြည့်ပဲ။ မှတ်ဉာဏ်ကောင်းတယ်။ သတင်းအချက်အလက်တွေ လိုက်စုရတာ သဘောကျတယ်။ သိုသိုသိပ်သိပ်နေတယ်။ ကိုယ်ခံစားချက်ကို ဖော်ပြခဲတယ်။ တစ်ခုခုဆို အတွေးလွန်ပြီး တစ်ယောက်တည်း ဝမ်းနည်းနေတတ်တယ်။ အလွယ်တကူ စိတ်အားငယ်တတ်တယ်။ အချစ်ရေးမှာဆိုရင်လည်း ကိုယ့်ကိုမချစ်တဲ့သူကိုမှ တန်းတန်းစွဲဖြစ်နေတတ်တယ်။ ကိုယ့်ကိုကြိုက်တဲ့သူတွေကိုတော့ လှည့်တောင်မကြည့်ဘူး။ ကြိုက်တဲ့သူတွေ ဝိုင်းဝိုင်းလည်နေပါသော်လည်း ဂျီးများလွန်းသော်ကြောင့် အပျိုကြီး၊ လူပျိုကြီးဘဝနဲ့ အရိုးထုတ်ရတတ်တယ်။
အောက်တိုဘာ
အောက်တိုဘာဖွားတွေကတော့ ဇွဲကောင်းတယ်။ အခက်အခဲတွေ ဘယ်လောက်ကြုံကြုံ ဇွဲမလျော့ဘူး။ ကံကောင်းတတ်တယ်။ စိတ်ထားလှတယ်။ သူငယ်ချင်းတွေကို နံပါတ်တစ်နေရာမှာ ထားတယ်။ လွယ်လွယ်ခံစားပြီး လွယ်လွယ်မေ့ပျောက်တတ်တယ်။ သဝန်တိုလွယ်တယ်။ ဟန်မဆောင်တတ်ဘူး။ စိတ်ထဲမှာရှိသမျှက ကိုယ့်မျက်နှာပေါ်မှာ လာပေါ်နေတတ်တယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွယ်လွယ်ပျောက်တတ်တယ်။
နိုဝင်ဘာ
နိုဝင်ဘာဖွားတွေကတော့ ပေါင်းသင်းဆက်ဆံရေးကောင်းပြီး လူချစ်လူခင်ပေါတယ်။ စိတ်ရှည်တယ်။ ခေါင်းမာတယ်။ စပ်စုတတ်တယ်။ ထက်မြက်တယ်။ စကားနည်းတယ်။ နည်းနည်းပြောပြီး များများတွေးတာ သူတို့တွေပေါ့။ စိတ်ပါရင် အကုန်လုပ်တယ်။ စိတ်မပါရင် ဘာဆိုဘာမှမလုပ်ဘူး။ ဒေါသထွက်ခဲတယ်။ ဒေါသထွက်ပြီဆိုရင်လည်း သူများနဲ့မတူဘူး။ သူများနဲ့မတူ စဉ်းစားတွေးခေါ်တတ်တယ်။ မြှောက်ပြောတိုင်းမမြှောက်တတ်ဘူး။ အချစ်ရေးမှာ မရေရာ မသေချာဖြစ်တတ်တယ်။
ဒီဇင်ဘာ
ဒီဇင်ဘာလဖွားတွေက လတွေအားလုံးထဲမှာ ကံအကောင်းဆုံးသူတွေပါ။ အထူးသဖြင့် အချစ်ရေးမှာ ကံအရမ်းကောင်းပါတယ်။ အားကစားမှာ ထူးချွန်တယ်။ စိတ်မရှည်ဘူး။ စိတ်တိုလွယ်တယ်။ ဟန်မဆောင်တတ်ဘူး။ ရိုးသားတယ်။ အရှိကိုအရှိတိုင်းပြောလို့ ခဏခဏပြဿနာတတ်တက်တယ်။ အချစ်ခံရတာ ကြိုက်တယ်။ Personality ပြောင်းလွယ်တယ်။ ချုပ်ချယ်တာမကြိုက်ဘူး။ ဘယ်လိုလဲ။ယောင်းတို့ရေ… မှန်ရဲ့လား။ တိုက်ဆိုင်မှုရှိရင် ရှယ်သွားကြပါကုန်……
Credit: Hana (For Her Myanmar)
ေမြးလကေျပာျပတ့ဲ လူတစ္ေယာက္ရ႕ဲပင္ကိုယ္စ႐ိုက္
Reviewed by Naethit
on
Wednesday, July 05, 2017
Rating:
No comments