ကလေးတို့စံပြုအပ်သောပုဂ္ဂိုလ်များ - စိုးမြင့်လတ်
မင်္ဂလာပါရှင် ကလေးတို့ကို သင်ပြနားထောင်စေရန်
တိုက်ရိုက်ပတ်သက်နေသောစာအုပ်လေးပါ ကလေးများအတွက်ဆိုသော်လည်း
မိဘများကိုပါ အထူးမှာကြားထားပါတယ်ရှင် ကလေးငယ်များသည်
ငယ်ရွယ်စဉ်အခါ မြင်မြင်သမျှ ဆရာတင်ကာ လွန်စွာအမှတ်ထား
အတုယူတတ်ကြပါတယ် ကိုယ်တိုင်ကလဲ ငယ်စဉ်ကဒီလိုပါပဲလေ
ကျမကတော့ ကလေးဘဝရဲ့ အမြဲတမ်းဆရာသည် မျက်ဝန်းများဟု ယူဆမိပါတယ်
မိမိအနား ဘယ်သူ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ မျက်ဝန်မှတစ်ဆင့် အရာရာကို
သင်ယူနေမြဲပါ တွေးခေါ်စဉ်းစားနိုင်သော ဥာဏ်ပညာရဖို့ရာ ဦးနှောက်များက နုနယ်လွန်းပါတယ်
တချို့အရာတွေကို ငယ်ရွယ်စဉ်မှာ အသိဝင်အောင် ရိုက်သွင်းပေးသင့်ပါတယ် ၎င်းအသိဥာဏ်ကို
စူးစမ်းဖို့ရာ အရွယ်ရောက်သည်နှင့်အမျှ အတွေးအမြင်တွေကို သူတို့ကိုယ်တိုင်ဖြန့်ကျက်လာကာ
အသိပညာအသိပညာတိုးပွားကြပါလိမ့်မယ်.မိဘများသတိထားဖို့က နုနယ်စဉ်ခါ ရိုက်သွင်းပေးသောအသိဥာဏ်များ တည့်မတ်နေဖို့ပါပဲ.ဒါကအလွန်အရေးကြီးပါတယ်.သင်ပြဆုံးမခြင်းအပေါ်မှာပဲ
ကလေးတွေရဲ့ အသိဥာဏ်တွေ ရည်ရွယ်ချက်တွေ လုံးဝပြောင်းလဲသွားနိုင်ပါတယ် ဥပမာဆိုပါစို့
သန့်ရှသန့်ရှင်းရေးလုပ်နေသော လူကြီးတစ်ဦးကိုမြင်လိုက်တဲ့ ကလေးမိခင်နှစ်ဦးက
ကလေးများကို ဆုံးမပါတော့တယ်
M.1- သားအရွယ်ရောက်လာလို့ စာမတတ်ရင် သူတို့လို့ ပင်ပင်ပန်းပန်းနဲ့
အလုပ်လုပ်ရမှာ စာတွေကြိုးစားနော်
M.2- သားစာတွေကြိုးစားလို့ အရွယ်ရောက်လာရင် သူတို့လိုလူမျိုးတွေကို
နေပျော်တဲ့ဘဝဖန်တီးပေးရမယ် စာကြိုးစားနော်
ဒါက ကျမအလွန်နှစ်သက်ရတဲ့ ကာတွန်းပညာပေးလေးတစ်ခုပါ
အခုလည်း သူတို့လေးတွေရဲ့ အနာဂတ်ကို လမ်းပြပေးမဲ့ မြန်မာ့သူရဲကောင်းတွေရဲ့
ရာဇဝင်ကို ရှာဖွေဖွင့်ဟပေးကြရအောင်လားရှင်
Download Here
ကလေးတို့စံပြုအပ်သောပုဂ္ဂိုလ်များ - စိုးမြင့်လတ်
Reviewed by သိမ့်သိမ့်
on
Sunday, April 03, 2016
Rating:
No comments