ပင်နီချောနှင့်ယောလုံချည် - မောင်ပုဆိုးကြမ်း
စာအုပ်အမည်=ပင်နီချောနှင့်ယောလုံချည်
စာရေးသူအမည်=မောင်ပုဆိုးကြမ်း
ဆိုဒ်=4.1MB
နိုင်ငံခြားမှ အထည်များမတင်သွင်းမီက မြန်မာတိုင်းရင်းသားတို့သည် မိမိတို့ဝတ်ဆင်ရန်အထည်များကို ကိုယ်တိုင် ဝါစိုက် ၊ ကိုယ်တိုင်ဆေးထိုး၍ ရက်လုပ်ခဲကြသည်။ အဆင်အသွယ်သွယ် အရောင်အမျိုးမျိုးရက်လုပ်နိုင်ခဲ့သည်။ ဆေးရောင်စုံလှသည့်အပြင်၊ အရောင်အဆင်းလည်းခိုင်လှပေသည်။ ရှေးမြန်မာ့ရိုးရာချိတ် ၊ ပုဆိုး ၊ ထဘီများ၊ ယောလုံချည်များဆိုလျှင်သားစဉ်မြေးဆက်ဝတ်၍ပင် အရောင်းအဆင်းခိုင်ခန့်လှပေသည်။
ဗြိတိသျှအရင်းရှင်းများ၏ စီးပွားရေး ၊ လူမှုဆက်ဆံရေး ၊ စာပေယဉ်ကျေးမှုများသည် မြန်မာနိုင်ငံတွင်းသို့ဝင်လာခဲ့ပြီးနောက် မြန်မာပြည်သည် ပြောင်းလဲသွားခဲ့ပေသည်။
ဗြိတိသျှနယ်ချဲ့ အရင်းရှင်တို့၏ အမျိုးမျိုးအမြတ်ထုတ်မှုကို ဆန့်ကျင့်သောအားဖြင့် နိုင်ငံခြားကုန်ပစ္စည်းများကိုမသုံးဘဲ သပိတ်မှောက်ရန် စက်ရုံဖြစ် အထည်အလိပ်မှန်သမျှကို သပိတ်မှောက်ပြီးပင်နီအင်္ကျီ ၊ ယောလုံချည် ယောထဘီများ ဝတ်ဆင်ရန်လှုံ့ဆော်မှုကြောင့်ထိုခေတ်အခါက မျိုးချစ်မြန်မာအမျိုးသား အမျိုးသမီးတိုင်း ပင်နီချောနှင့် ယောလုံချည်များကို ဝတ်ဆင်ခဲ့ကြပေသည်။ ပင်နီချောနှင့်ယောလုံချည်ဝတ်ဆင်သည့် အမျိုးသားလှုပ်ရှားမှုတစ်ခု ၊ သမိုင်းမှတ်တမ်းတစ်ရပ်သည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင်ပေါ်ပေါက်ခဲ့ပေသည်။ တစ်နည်းအားဖြင့်ဆိုရင် ဝံသာနုအထည်ဖြစ်သော ပင်နီချောနှင် ယောလုံချည်သည် အင်္ဂလိပ်နယ်ချဲ့ကို ဆန့်ကျင်ရာတွင် မြန်မာမျိုးချစ်ပြည်သူတို့ဝတ်ဆင်ခဲ့သော တိုက်ပွဲဝင်ဝတ်စုံ(ယူနီဖောင်း)ဖြစ်ခဲ့သည်ဟုဆိုရပါမယ်ရှင်။
ရှေးဗုံကြီးသံကဗျာတစ်ပုဒ်တွင်...........
" လုံမလေးကို၊ သူ့အမေရိုက်လျှင်လှ၊ လာလာလေလိုက်ခဲ့ပ ၊ မောင်တို့ရွာ ၊မောင်တို့ရွာမှာ ၊ ဘာတွေပေါပါလိမ့် ၊ ပင်နီချောရယ်နဲ့၊ ယောထဘီ ၊ ပင်အင်္ကျီမှာ ၊ ကြွေတွေစီလို့၊ ကြိုက်ဖွယ်ကပေါတယ်လေ ၊ ယောသူတို့ရွာ " ဟုတွေ့ရှိရသည်။
ပင်နီချောနှင့်ယောလုံချည်ကို ရှေးပဝေသဏီကပင် ယောလူမျိုးတို့ရက်လုပ်ဝတ်ဆင်အသုံးပြုခဲ့သည်ကိုအစွဲပြု၍ မြန်မာဘုရင်များက ယောကျခတ်မြို့ ၊ ဆောမြို့၊ လောင်းရှည်မြို့၊ ထီးလင်းမြို့ စသည့်လေးမြို့နှင့်နယ်ပယ်များကို ယောနယ်ဟုသတ်မှတ်ခဲ့ကြတာကိုတွေ့ရမှာပါရှင်။
မန္တလေးခေတ် သီပေါမင်းလက်ထပ်တွင်လဲ ယောအတွင်းဝန် ဦးဘိုးလှိုင်သည် သူအပိုင်စားရသော ယောမြို့မှ ယောလုံချည်များ ပို့ဆက်ရလေသည်။ ထို့ကြောင့် ယောလုံချည်အဆင်များတွင် " မင်းကြီးဆင် " ဟုပေါ်ပေါက်လာခဲ့သော စာဆိုရှိခဲ့သည်ကိုဖတ်ရှုရမှာပါရှင်။
" ကမ္ဘာတွင် မြန်မာလူမျိုးတို့ ဓမ္မာရိုးအစဉ်ဖျင်ပင်နီနှင့် ဆင်ထဘီ၊ တဘတ်ကြမ်းတို့ကို ရက်ကန်းတွင် လွန်းပြန်ထိုးပါလို့ ၊ ပန်းထိုးကာ ကိုယ်စီဝတ်ကြရ ၊ မိုးစွတ်နှင့်နေပူခံ " ဟူသော သံချိုကိုလဲ ကိုလိုနီခေတ်ဦး မောင်းထောင်ဦးကျော်လှ၏ ဝံသာနုအထည်သံချိုဖြစ်ခဲ့ပါသည်။
ပင်နီချောနှင့်ယောလုံချည် အကြောင်းကို ဒီစာအုပ်မှာ အကြောင်းအရာ စုံစုံလင်လင် ၊ ဂဂနန ၊ ဖတ်ရှု့မှတ်သားရမယ့်အပြင် ရှေးမြန်မာဘုရင်အစဉ်အဆက် အသုံပြုမှု ၊ ကမ္ဘာအထိ ကျော်ကြားမှုများကိုပါ ဂုဏ်ယူဝံကြွားစွာဖတ်ရှုရမှာ အမှန်ပါပဲရှင်။ " ပင်နီချောနှင့်ယောလုံချည် " စာအုပ်ကို PDF အဖြင့် အများပြည်သူ စာပေချစ်မြတ်နိုးသူ စာချစ်သူများ ဖတ်ရှုနိုင်ရန်အတွက် ......... << ကိုစည်သူဖြိုး >> မှပြုလုပ်ဖန်တီးပေး၍ ပညာဒါန ပေးပို့လှူဒါန်းခဲ့ပါတယ်ရှင်။
ဒီမှာDownloadပါ
ပင်နီချောနှင့်ယောလုံချည် - မောင်ပုဆိုးကြမ်း
Reviewed by Unknown
on
Saturday, March 05, 2016
Rating:
No comments